တရုတ်ဆန် တင်သွင်းမှုစံချိန်တင်ပမာဏကို ဗီယက်နမ်နိုင်ငံ ရောက်ရှိ

အရှေ့ပင်လယ်အတွင်း နိုင်ငံရေး တင်းမားမှုများမြင့်မားနေတဲ့တိုင် တရုတ် နိုင်ငံဟာ ဗီယက်နမ်ဆန်ပမာဏများစွာ တင် သွင်းနေတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံ ကင်သိုနဲ့ အန်ဂိုင်းပြည် နယ်များအတွင်းရှိ ဆိပ်ကမ်းများမှာ သင်္ဘောများဟာ တရုတ်နိုင်ငံကို ဆန် ပြန်လည်သယ်ပို့ဖို့ စောင့်ဆိုင်းပြီး ဆိုက် ကပ်လျက်ရှိတယ်လို့Mot The Gioi သတင်းစာ မှာ ဖော်ပြ ထားကြောင်း သိရ ပါတယ်။ ယင်းသတင်းစာမှာ ဖော်ပြ ထားချက်အရ

တရုတ်နိုင်ငံက တန်ဖိုး နည်းတဲ့ နွေဆန်ကို ဝယ်ယူ ဖို့ ငြင်းဆန် နေပေမဲ့ အရည်အသွေးမြင့်တဲ့ မိုးဆန် ကိုသာ ဝယ်ယူလျက်ရှိကြောင်း သိရပါ တယ်။ တရုတ်ကုန်သည်များရဲ့ အမှာ အော်ဒါများကြောင့် ဗီယက်နမ်ပြည် တွင်းဈေးကွက်မှာ ဈေးနှုန်း သိသိသာ သာမြင့်တက်လျက် ရှိတယ်လို့ ဆိုပါ တယ်။ သင်္ဘောများစွာက နိုင်ငံတောင် ပိုင်းဒေသများရှိ ဆိပ်ကမ်းများမှာ စောင့် ဆိုင်းမှုတိုးပွားနေစဉ်မှာ ဆန်ပမာဏ များစွာကို နယ်စပ်ဂိတ်များမှ သယ်ယူ ပို့ဆောင်နေတယ်လို့ ဗီယက်နမ်စားနပ် ရိက္ခာအသင်း (VFA) အကြံပေးတစ်ဦး ဖြစ်တဲ့ Truong Thanh Phong မှ အတည်ပြု ပြောကြားပါတယ်။ အထူး သဖြင့် ဗီယက်နမ်နိုင်ငံမှာ မိုးဆန် ရောင်းဖို့ ထပ်ပြီး မရှိတော့ဘူးလို့လည်း ဇွန်လလယ်မှာ Phong  က ပြောကြား ပါတယ်။ ဆန် တင်ပို့သူများက ၎င်းင်းတို့ သိုလှောင်ဆန်ထဲမှာ မိုးဆန်တန်ချိန် ၁ ဒသမ ၂ သန်းရှိတယ်လို့ အစီရင်ခံထား ပေမဲ့ အမှန်တော့ ၎င်းင်းတို့လက်ထဲမှာ တန်ချိန် ၅ သိန်းသာ ကျန်ရှိတယ်လို့ လည်း ၎င်းကဆိုပါတယ်။ ဒါပေမဲ့ ဗီယက်နမ် လယ်သမား တွေ နွေစပါး ရိတ်သိမ်းနေပြီဖြစ်လို့ တရုတ်ကိုဆန်အမြောက်အမြား တင်ပို့ ခြင်းအားဖြင့် ဗီယက်နမ်ရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို မထိခိုက်နိုင်ပါဘူးလို့ ၎င်းင်းက ပြည်သူစိတ်အေးစေဖို့ အာမခံချက်ပေး တယ်လို့လည်း သိရပါတယ်။ တရုတ်ကုန်သည်များကအရည်အသွေးမြင့်မိုးဆန်ကိုသာ စိတ်ဝင်စားနေတာကြောင့် လည်းဆိုပါတယ်။ ဗီယက်နမ် ဆန်တင် ပို့သူတစ်ဦးက တရုတ်နိုင်ငံရဲ့ များပြား တဲ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံအတွက် ၎င်းတို့စားနပ် ရိက္ခာ လိုအပ်တာကြောင့် လက်ရှိအချိန်မှာ ဆန်တင်သွင်းဖို့ အပူ တပြင်း ဆောင်ရွက်နေတယ်လို့ လည်း အခိုင်အမာ ဆိုပါတယ်။ တရုတ်ကုန်သည် တွေဟာဗီယက်နမ်နိုင်ငံတစ်နိုင်ငံတည်းသာမက မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ နယ်စပ်မျက်နှာစာများ ကလည်း ဝယ်ယူ နေတယ်လို့ ဆိုပါတယ်။ ယေဘုယျအနေနဲ့ဆိုရင် တရုတ် နိုင်ငံဟာ ထိုင်းနိုင်ငံကလည်း ဝယ်ယူ နိုင်ပေမဲ့ ဗီယက်နမ်ရဲ့ ရိုးရှင်းတဲ့ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်းများကို ပိုမို နှစ်သက်တယ်လို့လည်း ၎င်းင်းကဆိုပါ တယ်။ ဒါ့အပြင် ]]နယ်စပ်ဖြတ်ကျော် ဆန်ရောင်းဝယ်မှု က တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဆန်တစ်တန် ကို ကန်ဒေါ်လာ ၅၀ ခန့်သက်သာမှု ရှိတယ်။ ဘာကြောင့် လည်းဆိုရင် တရုတ်နိုင်ငံအနေနဲ့ တရားဝင်လမ်း ကြောင်းမှ တစ်ဆင့် ဆန်တင်သွင်းမှု အပေါ် စည်းကြပ်တဲ့အခွန်ကို ကုန် သည်များပေးရခြင်းမရှိတာကြောင့်လို့ ''ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ဗီယက် နမ်နိုင်ငံအပေါ် အဓိက ဆန်ရောင်း သူအဖြစ် အားထားနေတယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။ တကယ်လို့သာ တရုတ်က အခြား လယ်ယာထွက်ကုန်များစွာကို ပြုလုပ် ခဲ့သလိုသူ့ရဲ့ နည်းဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး ဗီယက်နမ်ဆန် ဝယ်ယူမှုကို ရပ်တန့်မယ်ဆိုရင် ဘာ ဖြစ်မလဲဆိုတာကို မေးခွန်းထုတ်ခဲ့ ကြပါ တယ်။ အထူးသဖြင့် တရုတ်နိုင်ငံ လို ပို့ကုန်ဈေးကွက် တစ်ခုထဲကိုပဲ အားထားနေခြင်းဟာ ဘယ်လို နည်းနဲ့ မှ ကောင်းတဲ့ နည်းလမ်း ဖြစ်မလာနိုင်ဘူး လို့လည်း ၎င်းင်းက သုံးသပ်ပြောကြားပါ တယ်။ ဗီယက်နမ် ကုန်သွယ်မှု သုတေ သနတက္က သိုလ်မှ လူသိများတဲ့ ဆန် ကျွမ်းကျင်သူ  Nguyen Dinh Bich့က ပြောကြားရာမှာ တရုတ်နိုင်ငံအနေနဲ့ အသည်းအသန် လိုနေ တာကြောင့် ဆန်အမြောက်အမြားဝယ်ယူနေတာလို့ မထင်ဘူး ဆိုပါတယ်။ FAO နဲ့ USDA တို့မှ အစီရင် ခံစာများ၊ တရုတ်တက္ကသိုလ်များမှ ထုတ်ပြန်တဲ့စာရင်းများအရ လက်ရှိ အချိန်မှာတရုတ်နိုင်ငံရဲ့ဆန်အခြေအနေ က အတော်လေးကောင်းနေတယ်ဆို တာ ညွှန်ပြနေပါတယ်။ ၂၀၁၃ ခုနှစ် ကုန်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ စပါး စိုက် ဧရိယာကဟက်တာ ၃၀ ဒသမ ၄ သန်း အထိရှိခဲ့ပြီး ၁၄ နှစ်အတွင်း စံချိန် တင်ခဲ့ တယ် လို့ ဆိုပါတယ်။ မိုးရာသီ အတွက် စုဆောင်းမှုအနေနဲ့ ကမ္ဘာ့ ဆန်သိုလှောင်မှု တန်ချိန် ၁၁၁ ဒသမ ၂ သန်း ရှိတဲ့အနက် တရုတ်တစ်နိုင်ငံထဲမှာပင် တန်ချိန် ၄၆ ဒသမ ၈ သန်း အထိရှိတယ်လို့လည်း သိရပါတယ်။Bich က အများဆုံး စားသုံးသူဖြစ် တဲ့ တရုတ်နိုင်ငံအပေါ် ဗီယက်နမ်ဆန် တင်ပို့သူများ မှီခိုလွန်းနေတာနဲ့ ပတ်သက်ပြီး သတိပေးပြောကြား ရာ မှာ တော့ ခြင်း တစ်လုံးထဲကို ကြက်ဥအား လုံးပေါင်းထည့်သလို စွန့်စားရမှုကြီး လွန်းတယ်လိ့ု ဆိုပါတယ်။