မူဆယ်လိုင်း ဆန်ကြမ်းဆွဲလို့ ဈေးမြင့်သလို ဆန်ချောလည်းမြင့်လာ

 
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် ဝါးတန်းမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက် ဈေးနှုန်းများအရ ယခင်အပတ် ထက် ဖျာပုံပေါ် ဆန်း တစ်အိတ် ထိပ်စ ၅၀၀ ကျပ်မြင့်ပြီး၊ ၃၁၅၀၀ ကျပ်၊ လတ်စ ၅၀၀ ကျပ်မြင့်ပြီး ၂၉၅၀၀ ကျပ်ဖြစ် သလို ၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်မှာ လည်း ၁၀၀၀ကျပ်မြင့်ပြီး ၃၈၅၀၀ ကျပ် ဖြစ်ခဲ့ပါတယ်။ဈေးမြင့်တဲ့ ရွှေဘိုပေါ် ဆန်းနဲ့ ဈေးတန်းညှိပြီး ဧရာပေါ်ဆန်း လည်း ဈေးမြင့်လာပါတယ်။ ဈေးက တော့ အတက်ဘက်ကို ဦးတည်နေ တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နယ်စုံ ဧည့်မထ ဈေးကွက်မှာ လည်း ယခင်အပတ်ထက် ထိပ်စ တစ် အိတ် ၂၀၀ ကျပ်မြင့်ပြီး ၁၉၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်မြင့်ပြီး ၁၈၀၀၀ ကျပ်ဖြစ်ခဲ့သလို မိုးသုခ တစ် အိတ်၁၀၀၀ ကျပ်မြင့်ပြီး ၂၀၀၀၀ ကျပ်၊ ဆင်းသွယ်လတ် တစ်အိတ် ၅၀၀ ကျပ် မြင့်ပြီး ၂၀၅၀၀ ကျပ်ဖြစ်လာပါတယ်။ တရုတ်မူဆယ်လိုင်းကတောက်လျှောက် ဆွဲနေလို့ ဆန်ကြမ်းဈေး တက်တယ် လို့ ဈေးကွက်က ဆိုပါတယ်။

မူဆယ်ဈေးကွက်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်မှာ ဧည့်မထ ၅ မှတ် နွေရှယ် တစ်အိတ် ယခင်အပတ်ထက် တစ်ယွမ်မြင့်ပြီး ၁၄၇ ယွမ်၊ ဧည့်မထ ၂၅ မှတ် နွေရှယ်တစ်အိတ်မှာလည်း ယခင်အပတ်ထက် တစ်ယွမ်မြင့်ပြီး ၁၄၂ ယွမ်ဖြစ်ခဲ့ပါတယ်။ ငွေလဲနှုန်းက ယခင်အပတ်က ၁၅၆ ဒသမ ၂၅ ယွမ် မှ ယခုအပတ်မှာ ၁၅၇ ယွမ် ဖြစ် သလို ရန်ကုန်-မူဆယ် ကုန်စည် သယ်ယူ ပို့ ဆောင်ခက ဇွန်လ တစ်လလုံးမှာ တစ် တန် ၉၀၀၀၀ ကျပ်ဝန်းကျင်က ယခု ဇူလိုင်လမှာ တစ်တန် ၈၅၀၀၀ ကျပ်ဖြစ် တာကြောင့် ကုန်သယ်စရိတ်က မိမိ ဘက်အတွက် အသာရနေပါတယ်။ ဒါကြောင့်တစ်ပတ်အတွင်း မူဆယ်ကုန် စည်ဒိုင် ဆန်ဝင်ရောက်မှုမှာ ယခင် အပတ်က ဆန်တန် ၁၉၀၀၀ ကျော်မှ ယခုအပတ်မှာဆန်တန် ၂၄၀၀၀ ကျော် ရှိနေတာ တွေ့ရလို့ တရုတ်နိုင်ငံက ဗီယက်နမ်ဆန် ပမာဏ များစွာတင်သွင်း နေပေမဲ့ မြန်မာ့ဆန်ကိုလည်းတင်သွင်း မှုမလျော့တာ တွေ့ရပါတယ်။ မိုး တွင်း ကာလ ရောက်လာပြီဖြစ်လို့ လမ်းပန်း ဆက်သွယ်ရေးကြောင့်ရှေ့အလားအလာ မှာတော့ ဆန်တင်ပို့မှု လျော့နိုင်တယ် လို့ကုန်သည် အချို့သုံးသပ်ကြပါ တယ်။ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုကိုကြည့်ရင် ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၇ ရက်နေ့ထိ ဆန်တန်ချိန် ၃ ဒသမ ၀၁၇ သိန်း၊ တန်ဖိုးကန်ဒေါ်လာ ၁၁၁ ဒသမ၁၄သန်းဖြစ်ပြီး ယခင်နှစ်ကာလ တူကဆန်တန်ချိန် ၂ ဒသမ ၄၆၁ သိန်း၊ တန်ဖိုးကန်ဒေါ်လာ ၉၅ ဒသမ ၉၁၆ သန်းဖြစ်တယ်လို့ သိရပါတယ်။