အီရန်ကို ဆန်တင်ပို့ဖို့ စာချုပ်ပါ တာဝန်ပျက်ကွက်ခဲ့တဲ့ ဆန်တင်ပို့သူကို ထိုင်းတရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်
၂၀၀၇ ခုနှစ်တုန်းကအီရန်နဲ့ထိုင်း အစိုးရတို့ချုပ်ဆိုခဲ့တဲ့စာချုပ်ပါအတိုင်း ဆန်တန်ချိန် နှစ်သောင်း တင်ပို့ဖို့ ပျက် ကွက်ခဲ့တဲ့ အတွက် ပုဂ္ဂလိက ဆန်တင်ပို့ သူတစ်ဦးကို ထိုင်းတရားရုံးက ထောင် ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း ရိုက်တာ သတင်း အရ သိရပါတယ်။ ယင်းတင်ပို့သူ ဟာဆန် ၁၀ မှတ်ကနေ ၅ မှတ်ကို ပြန် လည်ပြင်ဆင်ဖို့နဲ့အီရန်နိုင်ငံကို သင်္ဘော တင်ပို့ဖို့ ၂၀၀၇ ခုနှစ်မှာ ထိုင်းစီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို လွှဲယူခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေချုပ် ရုံးမှ အစိုးရဆန်ကို အလွဲသုံးစား ပြုတဲ့အတွက်ယင်းတင်ပို့သူကို တရားမမှု ကြောင်းအရ အမှုဖွင့်ခဲ့တာဖြစ်ကြောင်း သိရပါ တယ်။
ပြည်တွင်းသတင်းတွေအရ ယင်း စွပ်စွဲခံရတဲ့ဆန်တင်ပို့သူဟာ ဆန်တင်ပို့ တဲ့ကုမ္ပဏီခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဆန်ပေါင်ခံအစီအစဉ်ကို စစ်ဆေးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမျိုးသား အဂတိ လိုက်စားမှု ပပျောက်ရေး ကော်မရှင်က စစ်ဆေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းက ၎င်းင်းကို စာချုပ် ပျက်ကွက်မှုနဲ့ ပတ်သက်လို့ စစ်အစိုးရက ဆင့်ခေါ်ခံခဲ့ ရ သူဖြစ်ပါ တယ်။ ၎င်းင်းဟာ ယခင် ဝန်ကြီးချုပ် ဟောင်း သက်ဆင်နဲ့ အဆက်အသွယ်ရှိ သူအဖြစ်လည်း လူသိများနေကြတယ် လို့ ဆိုပါတယ်။
