ပြုပြင်ထိန်းသိမ်းရေးစခန်းကို သွားဖို့ တိုက်တွန်းခံရတဲ့ ဆယ်လီနာဂိုမက်စ်
အမေရိကန်ဆယ်ကျော်သက် အဆိုတော်မလေး ဆယ်လီနာဂိုမက်စ်ကို ပြုပြင် ထိန်းသိမ်းရေးစခန်းမှာသွားနေဖို့ သူ့ရဲ့မိသားစုေ တွ က တိုက်တွန်းပြောကြားခဲ့တယ် လို့ ဃသညအခေအာကျငခ မှာ ဖော်ပြခဲ့ပါတယ်။ဆယ်လီနာဂိုမက်စ်အနေနဲ့ သူ့ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် စိတ်ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ နှစ်ပတ်လောက် သွားရောက်နေထိုင်ဖို့လိုတယ်လို့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဂျပ်စတင်ဘီဘာနဲ့လမ်းခွဲပြီးနောက်ပိုင်းမှာ ဆယ်လီနာဟာစိတ်ကျရောဂါကိုခံစားနေခဲ့ရ သလိုဂျပ်စတင်ဘီဘာ ရဲ့အမျိုးမျိုးသော သတင်း တွေက ဆယ်လီနာကိုစိတ်ထိခိုက်မှုတွေ ဖြစ် စေတယ်လို့ ဆိုပါတယ်။အစပိုင်းတုန်းကတော့ ဆယ်လီနာ ဟာဂျပ်စတင်ဘီဘာနဲ့ပတ်သက်ပြီးစိတ်ခံစား မှုမရှိသလိုမျိုးဟန်ဆောင်နေခဲ့ပေမယ့် တကယ် တမ်းကျတော့ စိတ်ထိခိုက်ခံစားနေခဲ့ရတယ်လို့ ဆယ်လီနာရဲ့အဖွားဖြစ်သူ မေရီဂိုးမက်စ်က ပြောကြားခဲ့ပါတယ်။''ဒီကလေးတစ်ခုခုဖြစ်သွားမှာကို စိုးရိမ် မိခဲ့တာကိုဝန်ခံပါတယ်။တကယ်တော့ဒီကလေး ဟာ စိတ်ကျဝေဒနာကို ခံစားနေရပြီ လို့ထင်ပါတယ်'' လို့ မေရီဂိုးမက်စ်က မီဒီယာတွေကို ပြောကြားခဲ့ပါ တယ်။ပြီးခဲ့တဲလအတွင်းက ဂျပ်စတင်ဘီဘာဟာ သူ့ရဲ့ အမှားတွေကို ဝန်ခံပြီးဆယ်လီနာထံကိုပြန်ရောက်လာ ခဲ့တဲ့အတွက် မီဒီယာေ တွကြားမှာသူတို့နှစ်ယောက် ပြန်ပေါင်းထုပ်နေကြပြီလို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဆယ်လီနာရဲ့ မိသားစုက ဂျပ်စတင်ဘီဘာကို လုံးဝလက်မခံတဲ့အတွက် ဆယ်လီနာကို စိတ်ပြုပြင်ရေး စခန်းကို ပို့ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
