လက်ရှိဆန်ဈေးနားမှာသာ ဆက်ရှိနေဦးမည့် မြန်မာ့ဆန်ဈေးကွက်
ရန်ကုန်မြို့ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးမှာ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ဈေးနှုန်းများ အရ ပေါ်ဆန်းနယ်စုံ လတ်စ တစ်အိတ် ကို၂၈၅၀၀ကျပ်နဲ့နယ်စုံထိပ်စ တစ်အိတ် ကို ၂၉၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင် အပတ်ထက် တစ်အိတ်ကို၅၀၀ကျပ်စီ ဈေးတက်ခဲ့ပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဆင်းသွယ်လတ် တစ်အိတ်ကို ၂၁၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် ၅၀၀ ကျပ်၊
နွေဆန် ထိပ်စတစ်အိတ်ကို ၁၇၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ် ထက် ၂၀၀ကျပ် အသီးသီးဈေးတက်ခဲ့တာ တွေ့ရပါတယ်။ ဝါးတန်းဒိုင်သို့ဆန်ပုံမှန်ဝင်နေပြီး ပုံမှန်လေးပဲ ရောင်း ဝယ် နေကြေ သာ်လည်းမူဆယ်-တရုတ်လိုင်းကဆန်ကြမ်းထိပ်စ၊ ရှယ်စတွေ တောက်လျောက် ဆွဲခဲ့ေ တာ့ နွေရှယ် စ တွေ ဈေး တက်နေ ရတာဖြစ်ကြောင်း၊ ဆန်ချောဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းမှာ ယခင်နှစ် ထက်အရည် အသွေးမြင့်လာပြီး ဆန်လည်း ပိုကောင်း လာလို့ ဈေးအမြင့် ဆုံးဖြစ်နေတဲ့ ရွှေဘိုပေါ်ဆန်းအစား ဧရာဝတီပေါ်ဆန်းကို စားသုံးလာကြတဲ့ အတွက် ဧရာဝတီေ ပါ်ဆန်းဆန်ကောင်း တွေ ဈေးတက်လာရတာဖြစ်ကြောင်း ကုန်စည်ဒိုင် ဆန်ဈေးကွက်မှ သိရှိရ ပါတယ်။ ရန်ကုန် ဈေးကွက်အတွင်း ဧည့် မထ၂၅ မှတ် (ပြည်ပ) ဆန် တစ်အိတ် ၅၀ ကီလိုကို ၁၄၈၀၀ ကျပ်-၁၅၃၀၀ ကျပ်ခန့်ရှိပြီး ယခင်အပတ်ဈေး အတိုင်း ငြိမ်နေကြောင်း၊EMATA ၂၅%(Reasonable Well Milled) ရန်ကုန်FOB 320-335 USD / MT ခန့်ဈေးနှုန်းရှိသော်လည်း ရန်ကုန်FOBအရောင်းအဝယ် ပါးနေကြောင်း၊ ယခင် ရန်ကုန်ၤ FOB ဖြင့်ဆန်ပို့ခဲ့ကြတဲ့ ကုမ္ပဏီ အချို့မှာ ပြည်ပတင်ပို့မှု မရှိသလောက် နည်းပါးသွားပြီးWFP ဆန်ပေးသွင်း ခြင်း၊ တရုတ် လိုင်း သမားသို့ ဆန်ရောင်း ခြင်းစသည့်လုပ်ငန်းများ ပြုလုပ်လာကြ ကြောင်း သိရှိရပါတယ်။ တရုတ်လိုင်း- မူဆယ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ဈေးနှုန်းများ အရ ဧည့်မထ ၅ မှတ် (နွေရှယ်) တစ် အိတ် ၅၀ ကီလိုကို ၁၄၇ -၁၅၀ ယွမ်၊ ဧည့်မထ ၁၀ မှတ် (နွေရှယ်) တစ်အိတ် ကို၁၄၂-၁၄၅ ယွမ်ဖြစ်ခဲ့ပြီး ဧည့်မထ၂၅ မှတ် (ထိုင်း) တစ်အိတ်ကို ၁၂၅-၁၂၇ ယွမ်ဖြစ်ခဲ့ကြလို့ ယခင်အပတ် ဈေးနှုန်းအတိုင်း ငြိမ်နေကြောင်း၊ ထို့အတူ မူဆယ်ရှိ ဆန်ကွဲဈေးများလည်း ဆက် ငြိမ်နေကြောင်း ကြားသိရပါတယ်။ ယနေ့မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ်ယွမ် ကို ၁၅၆ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ် ထက် တစ်ကျပ်ဈေးကျခဲ့ကြောင်း၊ ယခု အပတ်အတွင်း မူဆယ်သို့ မြန်မာပြည် တွင်းနယ်စုံမှ ဆန်တန်ချိန် ၂၃၀၀၀ ခန့်ဝင်ရောက်ခဲ့လို့ ယခင် အပတ်ထက် ဆန်တန် ၁၀၀၀ ကျော် လျော့နည်းဝင် ရောက်ခဲ့ကြောင်း သိရှိရပြီး၊ရန်ကုန်မှ မူဆယ်သို့ဆန်ကားတင်ခမှာ တစ်တန် ကို ၈၃၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင် အပတ်ထက် တစ်တန် ကို ၂၀၀၀ကျပ်ဈေး ကျလာရကြောင်းနှင့်မိုးကာလ ကုန်ရှား လာ၍ဈေးကျရခြင်းဖြစ်ကြောင်း သိရှိ ရပါတယ်။ ဗီယက်နမ်ဆန်တွေ တရုတ် ပြည်ထဲဆက်ဝင်နေသော်လည်း နယ်စပ် မှ မြန်မာ့ဆန်ကြမ်းများကို ဆက်ဆွဲ နေဆဲဖြစ်ကြောင်း၊ မူဆယ်ဆန်ဈေး ကွက် ရှေ့အလားအလာအနေဖြင့် တရုတ်လိုင်း အကြိုက်ဖြစ်နေတဲ့ ဆန် ကြမ်းရှယ်စ၊ ထိပ်စများ ဆက်ပို့နိုင်နေပါ က တရုတ်ဘက်က ဆက်ဝယ်နေဦး မည် ဖြစ်ကြောင်း မူဆယ်ဆန်ဈေးကွက် မှ ကြားသိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၄ ရက်နေ့ထိ တန်ချိန် ၃၃၂၄၅၆ ခန့်ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၁၂၂ ဒသမ ၇၄၀ သန်းခန့် ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူ ထက် တန်ချိန် ၇၄၆၈၈ ခန့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၄၀ သန်းခန့် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ် ။ မြန်မာ့ဆန်ဈေး ကွက်ရှေ့အလား အလာ အနေဖြင့် လက်ရှိဆန်ဈေးနား မှာသာ ဆက်ရှိနိုင်ကြောင်းသုံးသပ် တင် ပြလိုက်ပါတယ်။
