တရုတ်ကို ဆန် ပိုမိုတင်ပို့ဖို့ ပါကစ္စတန်နိုင်ငံက စီစဉ်
မကြာသေးခင် ကာလအတွင်း တရုတ်နိုင်ငံကို ပါကစ္စတန်နိုင်ငံရဲ့ ဆန်တင်ပို့မှု မြင့်တက်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ် အတွင်း၂၄၄ ရာခိုင်နှုန်း ဝန်းကျင် တိုးတက်လာခဲ့ပြီး ပါကစ္စတန်၊ တရုတ်ပူးပေါင်းကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု အသင်း(PCJCCI)မှ တရုတ်နိုင်ငံနဲ့ပါကစ္စတန်ဆန်ရောင်းဝယ်မှု ပိုမိုခိုင်မြဲစေရေး စီစဉ်နေတယ် လို့ ပြည်တွင်း သတင်း များမှာ ဖော်ပြထား ကြောင်းသိရပါတယ်။
ယင်းအဖွဲ့အ စည်းဟာ တရုတ်နိုင်ငံကို ဈေးကွက်ချဲ့ ထွင်ဖို့နဲ့ ဈေးကွက် တိုးမြှင့်ဖို့ စတင် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပြီး တရုတ်နိုင်ငံသားများအကြား ပါကစ္စတန် ဆန်ကို ကိုယ်တိုင်ရွေးချယ်ဝယ်လိုအား ရှိစေ ဖို့နဲ့ အသိပေးဖို့ ကြိုးစားနေတယ် လို့လည်း အသင်းဥက္ကဋ္ဌမှ ပြည်တွင်း သတင်းမီဒီယာများကို ပြောကြား ကြောင်း သိရပါ တယ်။ အထူးသဖြင့် ထုတ်လုပ်မှုနဲ့ စက် ကြိတ်ခွဲမှုနည်းပညာများမှာ တရုတ် နိုင်ငံသားများ သိရှိနားလည်စေဖို့ ချမှတ်ခြင်းနဲ့ မတူညီတဲ့ ဆန်အမျိုး အစားများအတွက် တရုတ်နိုင်ငံသား တွေရဲ့ ကြိုက်နှစ်သက်မှုကို ရှာဖွေဖို့ လည်း စီစဉ်ထားကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားပါတယ်။တရုတ်နိုင်ငံ အတွင်း ပါကစ္စတန် ဆန်ကို ဝယ်လိုအားတက်လာစေဖို့တရုတ် ဆန်လုပ် ငန်း ရှင် များနဲ့ ပါကစ္စတန် လုပ် ငန်းရှင်များအတွက် အစည်းအဝေးများ ကိုလည်း (PCJCCI) မှ ဆောင်ရွက်သွား မှာ ဖြစ်ကြောင်း လည်း ၎င်းကထုတ်ဖော် ပြောကြားပါတယ်။ အကယ်လို့သာ ပါကစ္စတန်နိုင်ငံ အနေနဲ့ အထွက်နှုန်းမြင့်တဲ့စပ်မျိုးစေ့ တွေထုတ်လုပ်ပြီး ထုတ်လုပ်မှုနည်း ပညာ သစ် များချမှတ်ခြင်းဖြင့် အထွက် နှုန်းမြင့်တက်ဖို့ အလေးထားဆောင် ရွက်မယ်ဆိုရင် နိုင်ငံအနေနဲ့ ဆန်တန် ချိန် ၃ ဒဿမ ၇၅ သန်းဝန်းကျင် တင်ပို့နိုင်စွမ်းရှိမယ်လို့လည်း ၎င်းင်းက ထုတ်ဖော်ပြောကြားပါတယ်။ IRRI မှ ထုတ်လုပ်ထားတဲ့ ပျိုးပင်စိုက်ပျိုးခြင်း စနစ်ဟာ အထွက်နှုန်းတိုးနိုင်ပြီး လယ် တစ်ဟက်တာကို ကန်ဒေါ်လာ ၃၅၁ ဝန်းကျင်ခန့် ကုန်ကျနိုင်ပြီး ရေသွင်း စရိတ် ၃၀-၃၅ ရာခိုင်နှုန်းခန့် သက်သာ စေ နိုင်မယ်လို့လည်း ၎င်းင်းက ပြောကြား ပါတယ်။
