မြန်မာ့တန်းမြင့်ဆန်များ၏ အရည်အသွေးကို တရုတ်ကပိုကြိုက်သဖြင့် မူဆယ်ဆန်ဈေးကွက်ဆက်ကောင်းနိုင်
ရန်ကုန်မြို့ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း) ရဲ့ လက်ကားဆန်ဈေးမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ဈေး နှုန်းများ အရ ပေါ်ကျွဲ လတ်စ တစ်အိတ် ကို ၂၃၅၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ် ထက်၁၀၀၀ ကျပ်၊ ပေါ်ကျွဲထိပ်စ တစ် အိတ်ကို ၂၄၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင် အပတ်ထက်၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ဈေးမှာလည်း ဇူလိုင် ၁၈ ရက်နေ့ ၃၈၅၀၀- ၄၀၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင် အပတ်ထက် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အတွင်း ဈေးတက်ခဲ့တာ တွေ့ရပါ တယ်။
နွေဆန်ဈေးနှုန်းမှာ ဇူလိုင်လ ၁၈ ရက်နေ့ဈေး ၁၇၃၀၀ ကျပ်မှ ၁၈၂၀၀ ကျပ်အတွင်းဖြစ်ခဲ့လို့ တစ်အိတ်ကို ၃၀၀ ကျပ် ခန့်ဈေးဆက်တက်လာတာ တွေ့ရပါတယ်။ တရုတ်-မူဆယ်လိုင်းကဆက် ဆွဲနေလို့ နွေရှယ်စတွေ ဈေးတက်လာ ရတာဖြစ် ပြီး ရွှေဘိုပေါ်ဆန်းက ရန်ကုန် သို့အဝင်နည်းနေချိန်မှာ ရန်ကုန်ရဲ့ ဝယ် လိုအားမမျှဖြစ်သွားပြီး ဈေးတက်ရ တာ ဖြ စ်ေ ကြာင်း၊ ဝါးတန်းဒိုင်သို့ ဆန် အဝင်မှာ ပုံမှန်ခန့်သာရှိပြီး အရောင်း အဝယ်အေးသော်လည်း ဆန်ဈေး အများစုမှာ တက်ဈေး မှာ တန့်နေ ကြောင်း ကုန်စည်ဒိုင်ဆန် ဈေးကွက်မှ သိရှိရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း ဧည့် မထ ၂၅ မှတ် ပြည်ပ ဆန်တစ် အိတ် ၅၀ ကီလိုကို ၁၅၅၀၀ -၁၅၈၀၀ ကျပ် ခန့်ရှိပြီး ယခင်အပတ်ထက် တစ်အိတ် ကို ၅၀၀ ကျပ်ခန့် ဈေးတက်လာသော် လည်း အရောင်းအဝယ်က ငြိမ်နေ ကြောင်း၊ လက်ရှိြ ပည်တွင်း ဆန်ဈေးနဲ့ ဆိုပါက EMATA 25 % FOB Yangonဈေး 350 USD/ MT ခန့်ရမှ တွက်ခြေကိုက်မှာဖြစ်လို့ ဝယ်သူမလာ ဖြစ်နေကြောင်း၊ ဗီယက်နမ်ဟာ ပြည်ပ ဈေးကွက်မှာ ၎င်းင်းရဲ့ဆန်ကို ထိုးဖောက် ရောင်းချေ နတဲ့ အတွက် ဈေးနှုန်းမြင့်တဲ့ မြန်မာ့ဆန်ကို လက်ရှောင် နေကြတာ ကြောင့်ရန်ကုန် ၤဥြ ဖြင့် တန်းမြင့်ဆန် နဲ့ ဆန်ကွဲ အနည်း ငယ် သာ တင်ပို့မှု ရှိ ပါကြောင်း သိရှိရပါတယ်။ တရုတ်လိုင်း- မူဆယ်မှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ဈေးနှုန်း များအရဧည့်မထ၅မှတ်နွေရှယ်တစ်အိတ် ၅၀ ကီလိုကို ၁၄၇-၁၅၀ ယွမ်၊ ဧည့်မထ ၂၅ မှတ် (ထိုင်း) တစ်အိတ်ကို ၁၂၅-၁၂၇ယွမ်ဖြင့်ဈေးငြိမ်နေကြသော်လည်း ဧည့်မထ ၁၀ မှတ် နွေရှယ် တစ်အိတ်ကို ၁၄၁- ၁၄၄ ယွမ်ဖြစ်ခဲ့လို့ ယခင်အပတ် ထက်တစ်ယွမ်ခန့် ဈေးကျခဲ့သော်လည်း ဆန် ဈေး၊ ဆန်ကွဲဈေး အများစုမှာ ယခင်အပတ်ဈေးနှုန်းအတိုင်း တည်ငြိမ် နေကြောင်း ကြားသိရပါတယ်။ ဇူလိုင် ၁၈ ရက်နေ့ မူဆယ်ရှိ ငွေလဲနှုန်းမှာ တစ် ယွမ်လျှင် ၁၅၆ ဒသမ ၂၅ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက် သုည ဒသမ ၂၅ ကျပ် ခန့် ဈေး တက်ခဲ့ကြောင်း၊ ယခု အပတ်အတွင်း မူဆယ်သို့ ပြည်တွင်း နယ်စုံမှ ဆန်တန်ချိန် ၂၃၀၀၀ ခန့် ဝင် ရောက်ခဲ့ပြီး ယခင် အပတ်ဝင်ရောက်ခဲ့မှု အတိုင်းသာရှိပါကြောင်း၊ ရန်ကုန်မှ မူဆယ်သို့ ဆန်၊ ဆန်ကွဲတင်ဆောင်ခ မှာ တစ်တန်ကို ၇၇၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက်ကုန်တင်ခမှာ ၆၀၀၀ ကျပ်ခန့်ဈေးဆက်ကျလာရပြီး မိုးကာလကုန်အေး၊ ကုန်ရှား လို့ ဈေးကျ ရတာ ဖြစ်ကြောင်း၊ မူဆယ်ဆန်စပါး ကုန်စည်ဒိုင်သို့ နှစ်ဖက်ကုန်သည်များ ပုံ မှန်အတိုင်း လာေ ရာက်ကြ ပြီး အရောင်း အဝယ်လည်း ပုံမှန်အတိုင်း ဆက်ဖြစ် နေပါကြောင်း၊တရုတ်နယ်စပ်သို့ ဗီယက် နမ် ဆန်များ ပြန်ဝင်ေ နသော် လည်း မြန်မာ့တန်းမြင့်ဆန်များ၏ အရည် အသွေးကို တရုတ်က ပိုကြိုက်သဖြင့် မူဆယ်ဆန် ဈေးကွက် ဆက်ကော င်းနိုင် ကြောင်း မူဆယ် ဆန်ဈေးကွက်မှ ကြား သိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၁၁ ရက်နေ့ထိ တန်ချိန် ၃၆၅၅၀၀ ခန့်ရှိပြီး တန်ဖိုးအမေရိကန် ဒေါ်လာ ၁၃၅သန်းခန့်ရရှိနေပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၈၇၂၀၀ ခန့်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၈ သန်းခန့် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုနှစ် စပါးဆန်ဈေး မှာ တရုတ်လိုင်း၏ အဓိက ဆွဲအား ကြောင့် ဈေးတက်ခဲ့ရတာ ဖြစ်ပြီး ယခင် နှစ်ထက်မြင့်မားသော ဈေးနှုန်းသို့ ရောက် ရှိနေပြီး ဆန်ဈေးသိပ်မြင့်သွား ပါကလည်း တရုတ်ဘက်က စီးပွားရေး တွက်ကိန်းအရ အဝယ်ဆိုင်းသွားနိုင် သဖြင့် လက်ရှိရောက်နေပြီးသား အမြင့် ဈေးနားဝန်းကျင်မှာသာ ဆက်ရှိနေနိုင် ကြောင်းဆန်ဈေးကွက်သတင်းများအရ သုံးသပ်တင်ပြလိုက်ပါတယ်။
