နိုင်ဂျီးရီးယားက သုံးနှစ်ဘဏ္ဍာရေး မူဝါဒသစ်အရ ဆန်တင်သွင်းခွန်ကိုလျှော့ချ

 
ဘဏ္ဍာရေးမူဝါဒသုံးနှစ် အစီ အစဉ်အသစ် ၂၀၁၄-၁၇ အရ ဆန်တင် သွင်းမှုအပေါ် အငြင်းပွားဖွယ်စည်း ကြပ်တဲ့ ၁၁၀ ရာခိုင်နှုန်း (စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်း+အခွန် ၁၀ ရာခိုင်နှုန်း) အခွန်လျှော့ချဖို့ အစီအစဉ်ကို နိုင်ဂျီး ရီးယားဗဟိုအစိုးရ(ၤွြ)မှ အတည်ပြု လိုက်ကြောင်း ပြည်တွင်းသတင်းများမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ယင်းအစီအစဉ်သစ်ကို နိုင်ဂျီးရီးယား သမ္မတမှ အတည်ပြုလိုက်ပြီး ယင်းအစီ အစဉ်ဟာ ၂၀၁၄ ခုနှစ် မေလ ၂၆ ရက်ကစပြီး သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ယင်းမူဝါဒသစ်အရ  ၤွြ မှ အခွံချွတ်လုံးတီး၊ စပါး၊ ပြုပြင်ထား ခြင်းမရှိသေးတဲ့ တစ်ဝက်တစ်ပျက် ကြိတ်ခွဲထားတဲ့ဆန်အပေါ် ရင်းနှီးမြှုပ်နှံ သူများနဲ့ ဆန်စက်လုပ်ငန်းရှင်များ အတွက် တင်သွင်းခွန်ကို ၃၀ ရာခိုင် နှုန်း(စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်း + အခွန် ၁၀ ရာခိုင်နှုန်း) ထိလည်း ကောင်း၊ အချိန်ပြည့်ကုန်သည်များ အတွက် ၇၀ ရာခိုင်နှုန်း (စည်းကြပ်ခွန် ၆၀ရာခိုင်နှုန်း+အခွန် ၁၀ ရာခိုင်နှုန်း) ထိလည်းကောင်း လျှော့ချဖို့ ဆုံးဖြတ် ခဲ့ကြောင်း သိရပါတယ်။ ဆန်တင်သွင်းမှုကို အားမပေးဖို့နဲ့ ပြည်တွင်းထုတ်လုပ်မှု ကိုတွန်းအားပေးဖို့ ဆန်အပေါ်တင်သွင်းခွန်၁၁၀ရာခိုင်နှုန်း မူဝါဒကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ အစီအစဉ်ဟာ ဘီနင်၊ ကင်မရွန်တို့လို ဆန်တင်သွင်း ခွန်နိမ့် ကျတဲ့ အိမ်နီး ချင်းနိုင်ငံများရဲ့ နယ်စပ်တွေမှတစ်ဆင့် တရားမဝင်ဆန်တင်သွင်းမှုတိုးတက်ဖို့ ဦးတည်စေခဲ့ပါတယ်။ ဒါကြောင့် နိုင်ဂျီး ရီးယားရဲ့အခွန်ကိုမြှင့်တင်လိုက်ပြီး နောက်အစိုးရမှာဆုံးရှုံးမှုဘီလီယံများစွာ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။