ဒီတစ်ပတ်ဘိလပ်မြေအဝင်လျော့

ဇူလိုင် ၆ ရက်မှ ၁၂ ရက် သီတင်းပတ်အတွင်းမှာ ကန်ဒေါ်လာ တစ်ဆယ့် ခုနစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၁၈၉၅၃ ဒသမ ၇၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ထိုင်းနိုင်ငံမှ ဘိလပ် မြေများ သာဝင် လာတာတွေ့ရပါတယ်။ ဝင်လာတဲ့ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိ လပ်မြေနဲ့ ဆင်တံဆိပ်ဘိလပ်မြေများဖြစ်ပါတယ်။ အများဆုံး ဝင်လာခဲ့တဲ့ ဘိလပ်မြေ မှာ စိန်တံဆိပ်ဘိလပ်မြေများဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန်ငါးသောင်းနီးပါး ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန်ချိန် သုံး သောင်းကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။