အရောင်းအဝယ်သွက်ဆဲ နတ္တလင်း တောင်ပျံမွှေးစပါးဈေးကွက်
ပြည်ဒေသထွက် နတ္တလင်း တောင်ပျံမွှေး စပါးဟာ ပေါ်ချိန်မှစပြီး ဇွန်လအထိ ဈေးအကျမရှိဘဲ တစ်စ ထက်တစ်စ မြင့်တက် လာပါတယ်။ ယခု ဇူလိုင်လတတိယပတ်အထိတောင်ပျံ မွှေးစပါးဟာဈေးကွက်တွင်း ထိုးဖောက် မှုမှာ အရောင်းအဝယ် သမား များရော ၊ စားသုံးသူများ အတွက်ပါ အတော် လေးအဝယ်လိုက်ခဲ့တာ တွေ့ရပါတယ်။
တောင်သူများ ထံမှာ စပါးက ရှားေ နပြီး လှောင်လက်သမားများတွင်သာ လက် ကျန်ရှိတော့လို့ ယနေ့တောင်ပျံမွှေး စပါးတင်း ၁၀၀၊ ၄၆ ပေါင်ကိုက်နဲ့ ၇၅၀၀၀၀ ကျပ်ဈေးခေါ်နေသော်လည်းအရောင်းအဝယ်အမှန်ဖြစ်တဲ့ဈေးက တော့ ၇၃၅၀၀၀ကျပ်ထိသာအရောင်းအဝယ်ဖြစ်ေ နကြောင်း သိရပါတယ်။ စပါးကရှားလည်းရှားဈေးကလည်းဆက် တက်မရဘဲဈေးငြိမ်ပြီးအရောင်းအဝယ် သွက်နေ ပါတယ် ။ တောင်ပျံမွှေး ဆန် တစ်အိတ်ဈေးကတော့ယနေ့အလတ်စ ၂၈၀၀၀ ကျပ်၊၂၉၀၀၀ကျပ်ရှိပြီး ရန်ကုန် တင်ပို့တဲ့ ထိပ်စ ကတော့ ၃၁၀၀၀ ကျပ် ဈေးဖြင့် တင်ပို့အရောင်းအဝယ် ဖြစ် ကြောင်းသိရပါတယ်။ ရန်ကုန်သို့ အိတ် ၃၀၀ မှ ၅၀၀ အထိ နှစ်ရက်ခြား၊ သုံး ရက်ခြားတင်ပို့ပြီး၊ ဧည့်မထ (နွေဆန်) တစ်အိတ်ဈေး ရန်ကုန်တင်ထိပ်စဟာ ၁၄၅၀၀ ကျပ်ဈေးရှိပါ တယ်။ ဧည့်မထ (မိုးေ ဟာင်း) တစ်အိတ်ဈေးကတော့ ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ထိရှိပါ တယ်။ဧည့်မထ(နွေစပါး)ကတော့ မနှစ်က တင်း ၁၀၀၊ ၄၆ ပေါင်ကိုက်ဈေး ၃၄၉၆၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ် နွေစပါး (ဧည့်) ဟာ ၃၅၉၀၀၀ ကျပ်ဈေးဖြစ်နေ တာ တွေ့ရပါတယ်။ မနှစ်ကနဲ့စာရင် ၁၀၀၀၀ ကျပ် ဈေးမြင့်ကြောင်းလည်း တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ ရခိုင်၊ ရှမ်းသို့ (နွေဆန်) အရောင်း အဝယ်ရှိမှု များကြောင့်လည်း စပါးဈေးဟာ ကျနိုင် ဖွယ် မရှိနိုင်ကြောင်း စပါးပွဲစားများမှ ခန့်မှန်းကြောင်း လည်း သိရပါတယ်။
