သေသွားတဲ့ခွေးလေးနဲ့ဆက်သွယ်ချင်လို့ အကြားအမြင်ရဆရာတစ်ဦးကို ငှားရမ်းခဲ့တဲ့ မိုင်လေဆိုင်းရပ်စ်

 

ပေါ့ပ်အဆိုတော်မိုင်လေဆိုင်းရပ်စ် ဟာ မကြာသေးခင်က သေသွားခဲ့တဲ့ သူ့ရဲ့ခွေးကလေး ဖလွိုက်နဲ့ပြန်လည် ဆက်သွယ် ချင်တဲ့ အတွက်အကြားအမြင်ရဆရာတစ်ဦးကိုငှားရမ်းခဲ့တယ်လို့ဖော်ပြထားပါတယ်မိုင်လေဟာသူူ့ရဲ့ခွေးကလေးကိုအင်မတန်ချစ်တာမို့  ခွေးကလေးနဲ့အတူ အိပ်အတူစားတဲ့အထိဖြစ်ခဲ့တာပါ။ဒါပေမယ့်သူ့ရဲ့ဂီတခရီးစဉ်ကာလအတောအတွင်းအိမ်မှာထားခဲ့ရတဲ့သူ့ရဲ့ခွေးကလေ

ဖလွိုက်ဟာ ဝံပုလွေတွေရဲ့ကိုက်စားခြင်းကိုခံခဲ့ရပြီးသေဆုံးသွားခဲ့ပါတယ်အဲဒီခွေးလေးသေဆုံးတဲ့နေ့ကမိုင်လေဟာသူသီချင်းဆိုနေတဲ့စင်မြင့် ပေ ါ်မှာ ခွေးကလေးဖလွိုက်အတွက် ဆိုပြီး သီချင်းတစ်ပုဒ်ကိုသီဆိုခဲ့ပါသေးတယ်။ သီချင်းဆိုနေရင်း လည်းခွေးကလေး အတွက် မျက်ရည်တွေကျခဲ့ရပါတယ်လို့မိုင်လေကပြောကြားခဲ့ပါတယ်။မိုင်လေဟာသူ့ရဲ့ခွေးကလေးကိုသတိရတမ်းတတဲ့စိတ်တွေ ဖယ်ရှားနို င်ဖို့ ခွေးကလေးကို မေ့ပျောက်နို င်ဖို့ နောက်ထပ်ခွေးကလေးတစ်ကောင် ကို အစားထိုးဝယ်ယူခဲ့ပေ မယ့်သူကတော့ဖလွိုက်ကိုပဲ သတိတရရှိနေခဲ့တယ်လို့ဆိုပါတယ်။သေဆုံးသွားတဲ့တိရစ္ဆာန်တွေနဲ့ဆက်သွယ်ပေးတဲ့အကြား အမြင် ရဆရာမ ဖြစ်တဲ့မ ယ်လီဆာဘာစီလာက ''ကျွန်မဟာ သေဆုံးသွားတဲ့ခွေးကလေးနဲ့ တယ်လီပသီနည်းအရဆက်သွယ်မိပါ တယ်။ တချို့ခွေးတွေ ကတော့ သူတို့ရဲ့စိတ်ခံစားမှုတွေကိုအမျိုးမျိုးသော နည်းလမ်းတွေနဲ့ပြောပြကြပါတယ်။တချို့ကတော့ သူတို့ရဲ့ သခင်နဲ့ခွဲ ခွာခဲ့ ရတဲ့ အတွက်ဝမ်းနည်းခံစားရတာတွေကို သူတို့ရဲ့ပုံရိပ်တွေနဲ့ပြသ ကြပါတယ်''လို့ ပြောကြား ခဲ့ပါတယ်။Wrecking Ball သီချင်းနဲ့ နာမည်လာခဲ့တဲ့မိုင်လေဟာခွေးကလေးဖလွိုက်ကိုစွဲလမ်းခဲ့လို့သူ့ရဲ့ချိုင်းအောက်မှာ ခွေးကလေးရဲ့ပုံကိုတက်တူးထိုးထားခဲ့ပါသေး တယ်။