ဒါဝိန်းဂျွန်ဆင်
မကြာမီထွက်ရှိတော့မယ့်ဟာကျူလီဇာတ်ကားမှာဂရိလူသန်ကြီးဟာကျူလီအဖြစ်First and Furiousဇာတ်လမ်းတွဲများမှာ ပါဝင် သရုပ်ဆောင်နေတဲ့ဒါဝိန်းဂျွန်ဆင်ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ဒါဝိန်းဂျွန်ဆင်ဟာနပန်းသမားဘဝကနေ နာမ ည်ကျော်သရုပ်ဆောင်ဘဝသို့တက်လှမ်းလာသူဖြစ်ပြီးယခုဇာတ်ကားဟာသူ့အတွက်အလွန်ကိုခက်ခဲတဲ့အလုပ်တစ်ခု
ပင်ဖြစ်တယ် လို့ Contactmusicမှာဖော်ပြထားပါတယ်။အသက် ၄၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါဝိန်းဂျွန်ဆင်ဟာ ဂရိဒဏ္ဍာရီလာ နတ်ဘုရား တစ်ပိုင်းလူသား တစ်ပိုင်း ဖြစ်တဲ့ လူသန်ကြီးဟာကျူလီအဖြစ် ပါဝင်သရုပ်ဆောင် ရမှာဖြစ်ပါတယ်။ အဲဒီလို ပါဝင်သရုပ်ဆောင်နိုင်ဖို့ အတွက်ဒါဝိန်းဂျွန်ဆင်ဟာ နေ့စဉ်နံနက်၃နာရီခွဲမှာ အိပ်ရာမှထကာ ကာယလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ရသလို နံနက်စာအဖြစ် အမဲသားနဲ့ကြက်ဥတွေကိုလည်း ကာယဆရာရဲ့ သတ်မှတ်ထားတဲ့စံချိန်တွေပြည့်မီအောင် စားသောက်ခဲ့ရ တယ်လို့ ဆိုပါ တယ်။ သူ ဟာဟာကျူလီအဖြစ် ပီပီပြင်ပြင်သရုပ်ဆောင် နိုင်ဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေကို ၆လခန့် ပြုလုပ်ခဲ့ရပါ တယ် ။အဲဒီလိုလုပ်ခဲ့ရ တာဟာသူ့ဘဝတစ်လျှောက်လုံးမှာအခက်ခဲဆုံးသောအလုပ်တစ်လုပ်ပင်ဖြစ်တယ်လို့ဆိုပါတယ်။''ဒီရုပ်ရှင်ဇာတ်ကားဟာကျွန်တော် ရိုက်ကူးခဲ့သမျှဇာတ်ကားတွေထဲမှာ အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံးသော ဇာတ်ကားတစ်ကားပါ။ ခန္ဓာကိုယ် အတွက်အားစိုက်ရမှု အပိုင်းမှာ ကျွန်တော်လုပ်ခဲ့ဖူးတဲ့ နပန်းသတ်တဲ့အလုပ် တွေ၊ ဘောလုံး(ရပ်ဂ်ဘီ)ကစားတဲ့ အလုပ်တွေထက် ပိုပြီး ပင်ပန်းခဲ့ပါ တယ်''လို့ဒါဝိန်းဂျွန်ဆင်ကပြောကြားခဲ့ပါတယ်။အဲဒီဟာကျူလီရုပ်ရှင်ဇာတ်ကားကိုအမေရိကန်မှာ ဇူလိုင်လ ၂၅ရက် နေ့မှ ကတည်း က စတင်ပြသနေပြီဖြစ် ပါတယ်။
