ှSado ဇာတ်လမ်းတွဲ ရိုက်ကူးရင်း ဦးခေါင်းဒဏ်ရာရရှိသွားခဲ့တဲ့ သရုပ်ဆောငYoo Ah In

ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ် တဲ့Yoo Ah In ဟာSado ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးရင်း ဦးခေါင်း မှာ ဒဏ်ရာရရှိ သွားခဲ့တယ်လို့ ကေပေ့ါသတင်းမှာ ဖော်ပြထားပါတယ်။Yoo Ah In ဟာ အဲဒီဇာတ်ကား မှာ မင်းသားဆာဒိုအဖြစ် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ ဆာဒိုမင်းသားဟာYeong Jo
ဘုရင်နဲ့ စစ်မြေပြင်မှာနှစ်ဦး သားရင်ဆိုင်တွေ့ကြတဲ့အခါ သတ်ပုတ် ကြတဲ့ဇာတ်ဝင်ခန်းကို ရိုက်ကူးခဲ့ရာမှာ မတော်တဆထိခိုက်မိပြီး ဦးခေါင်းမှာ ဒဏ်ရာရရှိခဲ့တာြ ဖစ်ပါတယ် ။မတော်တဆ မှုကြောင့် ရခဲ့တဲ့ အဲဒီ ဒဏ်ရာဟာ သေးငယ်တယ်ဆိုပေမယ့် ဆရာဝန်တွေက သူ့ရဲ့ဦးခေါင်းက ဒဏ် ရာကို ဇူလိုင်လ ၂၄ရက်နေ့က ခွဲစိတ် ကုသမှုတွေပြုလုပ်ခဲ့ပါတယ်။''သူ့ရဲ့ဒဏ်ရာက သိပ်မပြင်းထန် ပါဘူး။ နည်းနည်းလေးပဲဖြစ်တာပါ။ ဒါ ပေမယ့် အသေးစား ခွဲစိတ်မှု တစ်ခုတော့ ပြုလုပ်ခဲ့ရပါတယ်။ ဒါကလည်း သူ့ အတွက် လိုအပ်မယ်ထင်လို့ပါ။ ခုချိန် မှာ သူတော်တော်လေး ကောင်းနေပါ ပြီ''လို့ Yoo Ah In ရဲ့ ကိုယ်စားလှယ် ဖြစ်သူက ပြောကြားခဲ့ပါတယ်အဲဒီဇာတ်ကားဟာကိုရီးယားနိုင်ငံ ရဲ့သမိုင်းနောက် ခံဇာတ် ကားဖြစ် ပြီး ဖခင်ရင်းနဲ့သားဖြစ်သူတို့ သတ်ပုတ်ကြ တဲ့အခန်းကို ရိုက်ကူးတာဖြစ်ပါတယ်။ ဓားအဖြစ်အပေ့ါစား သစ်သားတွေနဲ့ ဖန်တီးပြုလုပ်ထားပေမယ့်လည်း ဘုရင် ကြီးရဲ့ရိုက်ချက်ဟာဦးခေါင်းကို ထိမိသွားခဲ့တဲ့အတွက်အခုလိုဒဏ်ရာရရှိခဲ့တာဖြစ်ပါ တယ်။
