ထိုင်းနိုင်ငံက တရုတ်နဲ့ အာဆီယံနိုင်ငံများကို ဆန်တင်ပို့ဖို့ရှာဖွေနေ
ထိုင်းနိုင်ငံက ယခုနှစ်နောက်ပိုင်း မှာ တရုတ်နဲ့အရှေ့တောင်အာရှ နိုင်ငံအချို့ကို ဆန်တန်ချိန် တစ်သန်းရောင်း ထုတ်နိုင် ဖို့ ကြိုးစားရှာဖွေနေတယ်လို့ သိရပါတယ်။ ဆန်စုစု ပေါင်းတန်ချိန်တစ်သန်းဝယ်ယူမယ်လို့ အစောပိုင်းက တရုတ်နိုင်ငံကသဘောတူထားတဲ့အစိုးရအချင်းချင်းသဘောတူညီချက်အရ
တရုတ်နိုင်ငံကိုဆန်တန်ချိန် ၉ သိန်းခန့် တင်ပို့ဖို့ကျန်သေးတယ်လို့ထိုင်းပြည်ပကုန်သွယ်ရေးဌာနညွှန်ကြား ရေးမှူးချုပ်Duangporn Rod-phayathi က ပြော ကြားပါတယ်။ဒါပေမဲ့ ယခုအချိန်အထိ ဆန်တန်ချိန် တစ်သိန်းသာ တရုတ်ကို တင်ပို့နိုင်သေး တယ်လို့ ဆိုပါ တယ် ။ပြည်ပကုန်သွယ်ရေးဌာနအဖွဲ့တစ်ဖွဲ့မှတရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ COFCO နဲ့ဆန်ရောင်းချမှုကြွေး ကျန်နဲ့ တ်သက် လို့တရုတ်နိုင်ငံကိုသွား ရောက်စေ့စပ်ညှိနှိုင်းမယ်လို့သိရပါတယ်။ တစ်ချိန်ထဲမှာ ထိုင်းနိုင်ငံက အစိုးရ အချင်းချင်း ကုန်သွယ်မှုအနေနဲ့အိမ်နီးချင်းမလေးရှားနိုင်ငံကဆန်ဝယ်ယူမှုတိုးမြှင့်ဖို့ ကြိုးစားသွားမှာဖြစ်သလို ထိုင်း ပုဂ္ဂလိက ဆန်တင်ပို့သူများကလည်း ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့မှာ ဈေးကွက်ချဲ့ထွင်ဖို့လည်း ကြိုးစားသွားမယ်လို့ သိရပါ တယ် ။ ပြည်ပကုန်သွယ် ရေးဌာနရဲ့ ဆန်တင်ပို့မှုအစီအစဉ်များ အပြင် ပုဂ္ဂလိုကကဏ္ဍကလည်း ဒီနှစ် ကျန်တဲ့ ကာလတွေ မှာ ထိုင်းဆန်ဈေး ကွက်ချဲ့ထွင်ဖို့လည်း တစ်ဆင့်ပြီး တစ်ဆင့် ပါဝင်ဆောင်ရွက်သွားမယ်လို့ လည်း ဆိုပါ တယ်။ ထိပ်တန်းထိုင်းအုပ်ချုပ်သူဗိုလ်ချုပ် Prayuth Chan-ocha က ထိုင်းအာဏာပိုင်များကို ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အကောင်အထည်ဖော်ခဲ့တဲ့ဆန်အပေါင်ခံအစီအစဉ်အရသိုလှောင်ရုံများငှားရမ်းပြီး လက်ရှိ သိုလှောင် ထားတဲ့ဆန်သိုလှောင်မှုများ ကို ထုတ်ရောင်းဖို့ နည်းလမ်းရှာရေး ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်က လည်းကမ္ဘာ့ဈေးကွက်အတွင်းသိုလှောင် ဆန်အမြောက်အများကိုထိရောက်ပြီး တွက်ချေ ကိုက်တဲ့ လေလံတစ်ခုပြုလုပ် ထုတ်ရောင်းဖို့အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန်အမြောက် အများ ထုတ်ရောင်းတဲ့လက်မှတ်ထိုးထားခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဆန်အပေါင်ခံအစီအစဉ်မှာ နိုင်ငံတဝန်း လယ်သမားေ တွ ဆီကဆန်တစ်တန်ပျမ်းမျှကန်ဒေါ်လာ ၅၀၀ နှုန်းနဲ့ဝယ်ယူမှုက သိုလှောင်ရုံတွေမှာ ဆန်တန်သန်းချီ ပြီး မြင့်တက် မှုသာ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်းက ပုဂ္ဂလိကသို လှောင်ရုံ ၁၇၀၀ ကျော်မှာလည်း ယခင် အစိုးရသိုလှောင်ဆန်တွေအတွက် ငှားရမ်း ထားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လပေါင်းများစွာ သိုလှောင် ထားတဲ့ ဆန်တွေက ပိုးထိုးနေတာတွေ၊ ခိုးယူမှုတွေ ရှိနေတာကြောင့် လက်ရှိစစ်အစိုးရက ချက်ချင်းထုတ်ရောင်းဖို့ စတင်ဆောင်ရွက်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်ဆန်အပေါင်ခံ အစီအစဉ်ကလာဘ်စားမှုတွေနဲ့ဘဏ္ဍာငွေ ဆုံးရှုံးမှုတွေ ကြီးမားလာစေတာကြောင့် အဲဒီလို ဆန် အပေါင်ခံအစီအစဉ်နဲ့ တောင်သူတွေကို ထောက်ပံ့မှုအစား လက်ရှိအာဏာပိုင်တွေက ဆန်ထုတ် လုပ်ရာမှာ ထုတ် လုပ်မှုကုန်ကျစရိတ် လျော့ကျစေဖို့ ဓါတ်မြေသြဇာ၊ ပိုးသတ် ဆေးအပါအဝင် ဘဏ္ဍာငွေထောက်ပံ့ ခြင်းများနဲ့ လက်ရှိ ဆန်ဈေးကွက်ကို ချဲ့ထွင်ဖို့၊ ကမ္ဘာတစ်ဝန်းဈေးကွက် သစ်တွေ ရှာဖွေဖို့ ဆောင်ရွက်သွားမယ် လို့ သိရပါတယ်။ ယခင် အပေါင်ခံအစီ အစဉ်အရ ဆန်တစ်တန် ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်နဲ့ တောင်သူတွေဆီက ဝယ်ယူမှုထက် လာမယ့် အစိုးရလက် ထက်မှာ တစ်တန် ကန်ဒေါ်လာ ၂၈၃ ဈေးနဲ့ ကမ်းလှမ်းခြင်းသာ ဆောင်ရွက် မယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများ အရ သိရပါတယ်။
