လူ....လူ.....လူ.......လူဆိုသောလူ

အခုတလောသတင်းစာဂျာနယ်၊ စာစောင်တော်တော်များများမှာ ဖတ်မှတ်လေ့လာရတာက စား သုံးသူအကာ အကွယ်ပေးရေးနဲ့ ပတ်သက်တဲ့သတင်းတွေများပါတယ်။ သက်ဆိုင်ရာ တိုင်းအလိုက် နယ်မြေ ကွင်းဆင်း စစ်ဆေး အသိ ပညာပေး ဟောပြောနေတဲ့သတင်းတွေ တွေ့ရသလို နယ်စပ်စခန်းတွေက ဖမ်းဆီးသိမ်းဆည်းရမိတဲ့ စားသုံးန် မသင့်တဲ့ အေးခဲအသား၊ အသည်းအမြစ်၊ အဆီဗူးတွေ ဖျက်ဆီး တဲ့အကြောင်း၊ လိုင်စင်မဲ့ အရက် ဘီယာတွေ အကြောင်း အစုံပါပဲ။ ဒီဖြစ်စဉ်တွေအပေါ်မှာ သုံးသပ်ကြည့်ရ ရင်နိုင်ငံတော်အပိုင်းရယ်၊ ရောင်းချသူအပိုင်းရယ်၊ ဝယ်ယူစားသုံးသူအပိုင်းရယ်လို့ တွေ့ရမှာ ဖြစ် ပါတယ်။ နိုင်ငံတော်အပိုင်းက တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုဆိုတာတွေကို နားလည်သဘောပေါက်ပြီး ဒီပစ္စည်းတွေဟာ စားသုံးရန် မသင့်လျော်ပါဘူး။ စားသုံးသူကို ထိခိုက်စေတယ်။ အန္တရာယ်ရှိစေ တယ်။ ရောဂါ အသစ်အဆန်းတွေဖြစ်စေတယ်။ ဒီတော့ဒါတွေကိုမရောင်းပါနဲ့၊ မဝယ်ပါနဲ့၊ မစားသုံးပါနဲ့ဆိုပြီး ဌာနအသစ်ဖွဲ့ စည်းပေးတယ်။ တာဝန်ပေးတယ်။ ဆောင်ရွက်စေတယ်။ ပညာပေးတယ်။ ဗဟုသုတ အသိ ပွားပေး တယ်။ နောက်ထပ်စားသုံးသူအကာအကွယ်ပေးရေးဥပဒေများ ပြဋ္ဌာန်းစေတယ်။ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက် မယ်။ ကဲ ...သူ့အတိုင်းအတာနဲ့သူ တာဝန်ယူမှုအပိုင်းဆောင်ရွက်နေတယ်။ ဝယ်ယူရောင်းချသူအပိုင်းမှာတော့ မလုပ်ပါနဲ့၊ဒီပစ္စည်းများ ဝယ်ယူတင်သွင်းမှုမပြုပါနဲ့၊ ဒီပစ္စည်းများက တော့တင်ပို့ရောင်းချမှုမလုပ်ပါနဲ့။ နည်းဥပဒြေ ပဋ္ဌာန်းချက်များနဲ့အညီပညာပေးတယ်။ကာလ တစ်ခု ကျော်တော့ အရေးယူပါတယ်။ ဖမ်းဟယ်၊ ဆီးဟယ် ဥပဒေအရ အရေးယူတယ်ဆိုတာတွေ ဆောင်ရွက် တယ်။ ရပ်သွားသလား၊ နားသွားသလား၊ အရောင်းအဝယ်တင်သွင်းတင်ပို့မှု ရပ်သွားသလား၊ ဝေးစွ ခြောက်ပါး။ တွေ့မှအဖမ်းခံကြမလား ဆိုတာလို လောဘဦးစီးတဲ့ အလုပ်မဟုတ်တာနဲ့ ချမ်းသာချင်သူတွေ၊ ဘယ်သူသေသေ ငါမသေရင်ပြီးရော၊ ရမယ်ဆိုရင် ဘနဖူးသိုက်တူးလိုသောသူတွေ မရပ်နားကြ လို့ ဆက် ဖမ်းရတဲ့သတင်းတွေ ဖတ်နေရတာ အများအသိပါ။ ဒါက ဝယ်ယူတင်သွင်းတင်ပို့ရောင်းချသူများအပိုင်း။ နောက်တစ်ပိုင်းကဝယ်ယူစားသုံးသူအပိုင်း နိုင်ငံတော်အပိုင်းက ဒါတွေမကောင်းဘူး၊ ဒါတွေ မလုပ်ပါနဲ့၊ ဒါတွေမစား ပါနဲ့ဆိုတယ်၊ ပြောတယ်။ ဝိသမလောဘတက်နေတဲ့ ဝယ်ယူ တင်သွင်းတင်ပို့သူက နည်းလမ်း မဟုတ် တဲ့အပိုင်းနဲ့ ကြုံရာနည်းလမ်းနဲ့ တင်သွင်းလို့ ဈေးကွက်ထဲကို ရောက်လာတယ်။ ဝယ်ယူစားသုံးသူက ဒါကနိုင်ငံခြားက လာတာ။ နိုင်ငံခြားဖြစ်အထင်ကြီးတယ်။ ဒါကို ဝယ်ယူစားသုံးနိုင်မှ ဂုဏ်ရှိတယ် ထင်တယ် တစ်ပိုင်း၊ ဈေးချိုနေသလားအလွယ်တကူသုံးရလို့လား၊ ငွေကြေးမရှိလို့လား ဆို တာတွေနဲ့ ဝယ်ယူစားသုံးကြ တယ်။ နိုင်ငံတော် အပိုင်းကမှန်သလား၊  ဝယ်ယူရောင်းချသူအပိုင်းက လုပ် သင့်သလား။ စားသုံးသူ အပိုင်းကရော ဝယ်ယူစားသုံးသင့်တာဟုတ်ရဲ့လား စဉ်းစားကြစေလိုပါတယ်။ ဘယ်အပိုင်းကိုပဲကြည့်ကြည့် လူသားတွေပဲ လုပ်ဆောင်ေ နြ တာပါ။ စိုက်ပျိုးထုတ်လုပ်တော့လည်း .. လူ၊ ရောင်းဝယ်ဖောက်ကားတာလည်း ..လူ၊ စားသုံးကြ တာလည်း ..လူ၊ နိုင်ငံတော်အပိုင်းက တာဝန်ယူဖော်ဆောင် နေကြတာလည်း ..လူ၊ ကဲ ..ဒီလူတွေ လူချင်းအတူတူ ဘာကွာခြား နေကြ တာလဲ။ နှစ်သက်ခဲ့တဲ့သီချင်းထဲက စာသားသံစဉ်အချို့ ရေးသားတင်ပြပါရစေ။ ]]လူ ..လူ..လူ၊ လူဆိုသော လူ ..အကောင်းရယ်အဆိုးရယ်၊ အကြောင်းရယ်၊ အကျိုးရယ်၊ ခွဲခြားတတ်မှ လူ}} ]]သီလ၊သမာဓိ၊ပညာ၊ သိက္ခာ ၃ ပါးရှိမှလူ}} ရင်ထဲစွဲငြိခဲ့ရတဲ့ စာသားတွေပါ။ ခေတ်စကားနဲ့ပြောရရင် ဟတ်ထိခဲ့တဲ့ စာသားတွေပါ။ အမှန်လည်း အမှန်တရားတွေပါ။ ကိုင်း ..နိုင်ငံတော်အပိုင်းက ဥပဒေ ပြဋ္ဌာန်းထား တယ်။ ရောင်း ဝယ်တင်သွင်းတင်ပို့သူအပိုင်းကလောဘဦးစီး၊ လောဘကိုထိပ်တန်းတင်၊ မရမက လမ်းကြောင်းမျိုးစုံနဲ့ တင်သွ င်းတယ် ။စားသုံးသူအပိုင်းရောက်ပြီ။ပညာပေးတယ်။ ဆွေးနွေးတယ်။ လက်ကမ်း စာစောင်ေ တွဖြန့်ေ၀ တယ်။ ဟောေြ ပာပွဲတွေလုပ်တယ်။ ဒီလောက် အသိပညာ ရှယ်ယာမျှေ၀ ပေးထားတာတောင် စားကြ၊ သုံးကြတယ် ဆိုတော့ ။ အေးလေ..စားသုံး သူရှိလို့လည်း ရောင်းဝယ်မှုဆိုတာရှိနေတာပေါ့။ ပြဿနာတစ်ခုကို အပေါ်က ပြန်လိုက်မဲ့ အစား အောက်ကလှန် လိုက်ကြည့်ရင်ဆိုတာမျိုးပေါ့။ နောက်ဆုံးပိတ် စားသုံးသူရှိလို့ ဈေးကွက် အရောင်းအဝယ်ရှိနေတယ်လို့ ဆိုလိုတာပါ။ ဥပမာ-ကမ္ဘာ့ဟင်းလျာတစ်ခု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာ အရ မစားသုံးတဲ့သူတွေဆီမှာ သွားရောင်းရင် စားသုံးသူမရှိလို့ ရောင်းရပါဦးမလားဆိုတာကို စဉ်းစားစေချင် ပါတယ်။စားသုံးသူမရှိ လို့အရောင်းအဝယ် မဖြစ်ရင် ဈေးကွက်ေ ဝစုမရှိရင် တင်သွင်းခြင်း၊ တင်ပို့ခြင်း ရှိနိုင် ပါဦးမလားဆိုတာ  ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကြစေ လိုပါတယ်။အခုစာစုလေးကိုရေးရင်း ယောနယ် သွားတုံးက တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်အပျက်ကလေးတစ်ခု တင်ပြပါရစေ ယောမြို့တော် ဂန့်ဂေါကနေ သူတို့အခေါ်  အောက်ကြေပိုင်းကိုဆင်းသွားတော့ လမ်းမှာကျွန်းခုံ သာ ဆိုတဲ့ရွာမှာတစ်ထောက်နားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းဟောင်း ပင်စင်စားတစ်ဦးရဲ့အိ မ်မှာပါ။  ဦးမြင့်သိန်းလို့ခေ ါ်ပါတယ်။ ဌာနမှ အနားယူသွားတဲ့ ပင်စင်စားတစ်ဦးဖြစ်ပေမဲ့ ဌာနဆိုင်ရာ အလုပ်နဲ့လာတဲ့ ကိုယ့်ဝန်ထမ်းကို လှိုက်လှဲပျူငှာစွာကြိုဆိုအကူအညီပေးပါတယ်။ စားရေးသောက်ရေးကအစ ပြည့်ပြည့် စုံစုံပါပဲ။ နိုင်ငံ့ဝန်ထမ်းများရဲ့ နံ့သာမပျက်မွှေးလျက်ရှိတဲ့ စိတ်ဓာတ်ကောင်းများပါ။ ဒီမှာခရီး တစ်ထောက် နားရင်း ထွေရာလေးပါးစကားပြောဖြစ်ပါတယ်။ သူ့မှာလယ်တို့ယာတို့ရှိတော့ အသက် ၆၀ ပြည့်လို့ ပင်စင် ယူသွားတဲ့ ယခုအချိန်ထိလည်း စိုက်ပျိုးသူဖြစ်တော့ စိုက်ရေးပျိုးရေး၊ သီးနှံများရမရဆိုတာတွေ ပြော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကာလတစ်ခုက မြေပဲများ မတရားရကြောင်း၊ မြေပဲရပေမဲ့ ဈေးမကြိုက်လို့ ပခုက္ကူ ပို့မရောင်းဘဲ လှောင်ထားရမလားစဉ်းစားတယ်။ နောက်ပိုင်း မထူးပါဘူးဆိုပြီး ဒီမြေပဲကို ရွာမှာ တင် ကြိတ်ပြီး ဆီအဖြစ်ရောင်းစားတယ်။ကိုယ်လည်းသုံးတယ်၊ ကိုယ်ရတဲ့မြေပဲ ကိုယ့်ဘာသာ ဆီကြိတ်ရောင်း တယ်။ အကျိုးအမြတ်က မြေပဲအတောင့်လိုက်ရောင်းရင် မရနိုင်တဲ့ဈေးမျိုး ရလိုက်တယ်လို့ပြောပါတယ်။ ဆိုလိုချင်တာက ပခုက္ကူတင်ပို့ရောင်းချရင်  ကားခ၊ သယ်ယူစရိတ်၊ လုပ်သားပွဲစားခ ကိုယ့်စရိတ်စတဲ့ စရိတ်၊ ဆီကြိတ်ခဆိုတာတော့ကုန်မယ်။ နောက်ဆုံးပိတ်တွက်ကြည့်တော့ ဆီရောင်းရငွေနဲ့ ယှဉ်ကြည့်ရင် အတောင့်တစ်တင်းအနည်းဆုံး ၇၀၀၀ ကျပ်လောက်ရတယ်။ စစ်စစ်ပေါက်ပေါက်တွက်ရင် ၇၀၀၀ ကျော် တယ်လို့ပြောပါတယ်။ ဒါက တဒင်္ဂအမြတ်၊ ရေရှည်အကျိုးအမြတ်က သူရယ်၊ သူ့ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝန်းရယ်ဟာ သဘာ၀ ပဲဆီသန့်စားရတယ်။ ရောဂါဘယကင်းတယ်ပေါ့ ]]မိဘနှစ်ပါးလည်း မျက်စိမြင် ကိုယ်လည်းအသက်ရှင်၊ ရွှေအိုးလည်းရဆိုတဲ့ သားရွှေအိုးထမ်းတာမြင်လိုပါတယ်}} ဆိုတဲ့ ဆုတောင်းစကားလိုပါပဲ။ ဘယ်လောက်ပီတိဖြစ်စရာ ကောင်းလိုက်ပါသလဲ။ တစ်ဆက်တည်း သူကဆက်ပြောပါတယ်။ သတင်းစာဂျာနယ်တွေဖတ်လို့သိရသလို၊ တကယ့်ဖြစ်စဉ် က သူတို့ရွာမှာ ကိုယ်ရတဲ့မြေပဲ၊နှမ်းရောင်း၊ တိုင်းတစ်ပါးကလာတဲ့ ပုံးဝါဝါဆီတွေဝယ်စားတဲ့ မိသားစုရဲ့ ကျန်းမာရေး၊ လူတွေမတရား ]]ဝ}}လာတဲ့ အကြောင်းများပါစုံလို့ပါ။ ဒီဖြစ်စဉ်တစ်ခုမှာ ကျွန်တော်တို့ ဂျာနယ်မှာ မကြာခဏ ရေးသားတင်ပြကြတဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်တာပါပဲ။ မြေပဲအတောင့်လို ကုန်ကြမ်းရောင်းမဲ့ အစား ဆီထုတ်ရောင်းတော့ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တယ်။ ကျန်တဲ့နှမ်းဖတ်၊ ပဲဖတ် ကိုယ့်လယ်ယာမှာခိုင်းနေတဲ့ နွားများကို ကောင်းကောင်းကျွေးရတယ်။ တန်ဖိုးမြှင့်ထုတ်ကုန်ကရတဲ့ အကျိုး အမြတ်ဟာ မနည်းပါဘူး။ ဈေးပိုရတယ်။ သန့်ရှင်းတဲ့ဆီစားရတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုဖြန့်ဝေနိုင်တယ်။ ကိုယ်နဲ့အတူ တွဲဘက်လုပ်ကိုင်နေတဲ့ တိရစ္ဆာန်များ အစားကောင်းကျွေးရတယ်။ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှု၊ စားသုံးမှုတစ်ခုမှာ စိတ်ဓာတ်မှန်တော့ အကျိုးတူ ခံစားရသလိုပါပဲ။ ဒီကိစ္စလေးတစ်ခုဟာလည်း လူကလုပ် တာပါပဲ။ နိုင်ငံတော်အပိုင်းက ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နေ့လယ်အချိန်မှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၃၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာ ပထမအကြိမ် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီဝင်များဖြစ်ကြတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနဲ့ ဌာနဆိုင်ရာအကြီးအကဲများ စုံစုံညီညီ တက်ရောက်ကြပြီး အဲဒီမှာ လုပ်ငန်းတာဝန် ၁၃ ရပ်နဲ့ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများ ချမှတ်ပြီး စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် မယ်လို့သိရပါတယ်။ ရောင်းဝယ်တင်သွင်းသူ၊ တင်ပို့သူအပိုင်းကရော၊ သတ်မှတ်ထားတဲ့ စည်းကမ်းဥပဒေနဲ့ ညီညွတ်စွာ ရောင်းဝယ်တင်ပို့၊ တင်သွင်းမှာပါလား။ဒါမှမဟုတ် ဘယ်လိုအသိ၊ ဘယ်လိုအမြင်နဲ့ ဆောင် ရွက်ကြမှာပါလဲ။ ကဲ ..ဝယ်သူ၊ စားသုံးသူအပိုင်းကရော သတိနဲ့ယှဉ် အသိတရားနဲ့ ကိုယ့်ကိုဒုက္ခပေးမဲ့ စားဖွယ် သောက်ဖွယ် တွေကို ဘယ်လိုပညာ Óဏ်မျက်စိ နဲ့ ဝယ်ယူစားသုံးကြမှာပါလဲ၊ အကြောင်းအကျိုးတစ်ခုကို ဖန်တီးနေတာပြုလုပ်နေတာလူ၊ ဒီအကြောင်းအကျိုးပေါ်မှာ အကောင်းအဆိုးဆိုတဲ့ ရလဒ်တစ်ခုဖြစ်ပေါ် စေတာလည်း လူပါ။ ဘုရားဟောခဲ့တဲ့ တရားတော်တွေထဲမှာလည်း ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံကိုယ့်ထံ ပြန် လိမ့်မယ် ဆိုတာတွေ ကြားကြ၊ နာဖူးကြမှာပါ။ လိုက်နာဆောင်ရွက် ကြိုးပမ်းအားထုတ်မှု ဆိုတာတွေကတော့ လက်ရှိကျင့်သုံးဆောင်ရွက်ကြမဲ့ ကျွန်တော်တို့တစ်တွေ လူတွေပါပဲ။ ဒီတော့ ဖြစ်ပျက်နေတဲ့အဖြစ်အပျက် တွေကိုဖြစ်အောင်ပြုလုပ်နေကြတဲ့လူတွေ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အကျိုးစီးပွားအတွက် စိတ်ကောင်းနဲ့မြင် သတိနဲ့ယှဉ်ပြီး၊ အကြောင်းရယ်၊ အကျိုးရယ်၊ အကောင်းရယ်၊ အဆိုးရယ် ခွဲခြားသိတဲ့လူအများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရအောင်ပါလို့ တိုက်တွန်းနှိုးဆော်လျက် .....။