တရုတ်နိုင်ငံကို တရားမဝင်ဆန်တင်ပို့မှုကြောင့် ပြည်တွင်းဆန်ဈေးမြင့်တက်နေတယ်လို့ ဗီယက်နမ်ဆန်တင်ပို့သူများကဆို
တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့်တရားမဝင်ဆန်တင်ပို့မှုဟာ ဗီယက်နမ်ဆန်တင်ပို့သူနဲ့အလားတူဆန်တင်ပို့သူတွေ အတွက်အဓိကစိုးရိမ်စရာဖြစ်နေတယ်လို့သိရပါတယ်။နယ်စပ်မှတစ်ဆင့်ဆန်တင်ပို့မှုဟာဆန်တန်ချိန် နှစ်သန်းဝန်းကျင် ခန့်ရှိခဲ့ပါတယ်။ ယခုနှစ် မတ်လမှာ ဗီယက်နမ် ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက နယ်စပ်မှတစ်ဆင့် တရုတ် ကို တရားဝင် ဆန်ရောင်းချဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ တိုးတက်မှုများများစားစား ရှိလာတာ မတွေ့ရဘူးလို့ သိရပါတယ်။
အဲဒီလို တရားမဝင်ဆန်တင်ပို့မှု တွေကြောင့် ဗီယက်နမ်ဆန်တင်ပို့သူများဟာ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ် ကို နယ်စပ်မှတစ်ဆင့်တင်ပို့နေတဲ့ကုန်သည်များဟာ မဲခေါင် မြစ်ဝှမ်းပြည်နယ်တွေက ထွက်ထဲ့ ဆန် ပမာဏ အမြောက် အမြားကိုဝယ်ယူနေ တာကြောင့် ဆန်တင်ပို့သူတွေစိုးရိမ် နေကြတယ်လို့ဆိုပါတယ်။ မြောက်ပိုင်း ကုန်သည်များက တရုတ်လုပ်ငန်းရှင် များကိုပေးဖို့ ဈေးအမြင့်နဲ့ ဆွဲနေကြပြီး တရုတ်ကုန်သည်များက ဈေးကွက်မှာ တစ်တန် ကန်ဒေါ်လာ ၄၄၄ ဝန်းကျင် ပေါက်တဲ့ ၅ မှတ်ဆန်ကို ကန်ဒေါ်လာ ၅၁၄ ဝန်းကျင်နဲ့ ကမ်းလှမ်းနေတယ်လို့ လည်း ဆိုပါတယ်။
အဲဒီလို ဝယ်လိုအားတွေ ကောင်း နေတာကြောင့် မဲခေါင်ဒေသဆန်ဈေး က မြင့်တက်နေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းဆန်ဈေးကပြီးခဲ့တဲ့တစ်ပတ်က တစ်တန် ကန်ဒေါ်လာ ၃၁၃ ဝန်းကျင်ရှိရာမှယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၃၂၇ ကို မြင့်တက်ခဲ့ပါတယ်။ မဲခေါင် မြစ်ဝှမ်းမှ ဆန်တင်ပို့သူတစ်ဦးက ဒီနှစ် ရောင်းဝယ်မှုကပုံမှန်အခြေ အနေမဟုတ်ဘူးလို့ဆိုပါတယ်။ဒေသတွင်းဆန်ခွဲစက်အလုပ်ရုံတွေမှာစွမ်းရည်ပည့်လည်ပတ်နေရ တာေ ကြာင့် နောက် ထပ် ပို့ဖို့စောင့်ဆိုင်းနေရတယ်လို့ အချို့ ဆန်တင်ပို့သူများက ဆိုပါတယ်။ အကယ်လို့သာ ဒီလိုအခြေအနေက အချိန်ကြာကြာဖြစ်ပေါ်နေမယ် ဆိုရင် ၎င်းင်းတို့ပို့ကုန်စာချုပ်များ အပြည့် အဝတင်ပို့နိုင်ဖို့ ဆန်စုဆောင်းတဲ့နေရာမှာခက်ခဲမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ ဗီယက်နမ်စားနပ်ရိက္ခာ အသင်း ဥက္ကဋ္ဌမှပြောကြားရာမှာဗီယက်နမ်ဆန်တင်ပို့သူများဟာ ၂၀၁၄ ခုနှစ် အတွင်း ဆန်တန်ချိန် ၅ ဒဿမ ၃ သန်းဝန်းကျင် အတွက်စာချုပ်ထားပြီး ဖြစ်ကြောင်း အဲဒီပမာဏထဲက တန်ချိန် ၃ ဒဿမ ၂၆ သန်းသာ တင်ပို့ ထားပြီး ဖြစ်တယ်လို့ သိရပါ တယ်။ နိုင်ငံရဲ့ ရည်မှန်းချက် ဆန်တန်ချိန် ၆ ဒဿမ ၂ သန်း တင်ပို့နိုင်ဖို့ နောက်ထပ်တန်ချိန် တစ်သန်းစာချုပ်ဖို့လည်း စီစဉ်ေ နတယ် လို့ သိရပါတယ်။
