တရားဝင်ဆန် တင်ပို့ခွင့် မရရှိသဖြင့် တရုတ်နိုင်ငံက ဆန်ဈေးကွက်တွင် အသာစီးရနေ
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးများမှာဖျာပုံပေါ်ဆန်းလတ်စတစ်အိတ်၂၉၅၀၀ ကျပ်၊ပေါ်ဆန်းထိပ်စ၃၁၅၀၀ကျပ်၊ ပေါ် ဆန်းနယ်စုံ ထိပ်စ တစ်အိတ် ၃၀၀၀၀ ကျပ်ဖြစ်ခဲ့ကြသဖြင့် ယခင်အပတ်ထက် တစ်အိတ်ကို၅၀၀ကျပ်မှ၁၀၀၀ကျပ်အတွင်းဈေးတက်ခဲ့တာတွေ့ရပါတယ်။ဆန်ချောအဝင်နည်းသည့်ပြင် ဆန် ကောင်း တာလည်းရှားလို့ ဆန်ချော ဈေးတက်တာဖြစ်တယ်လို့ သိရပါတယ်။
သို့သော်လည်း ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ လတ်စတစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ငစိန်လတ်စတစ်အိတ်ကို ၁၇၀၀၀ ကျပ်၊ထိပ်စတစ်အိတ်ကို ၁၇၃၀၀ ကျပ်၊ နွေဆန် တစ်အိတ်ကို ၁၇၀၀၀ ကျပ်-၁၇၅၀၀ ကျပ် အသီးသီးဖြစ်ခဲ့ကြလို့ ယခင်အပတ်ထက် တစ်အိတ်ကို ၃၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဈေးပြန်ကျခဲ့ ပြီး ဆန်ကြမ်းဈေးပြန်ကျရတာဟာ တရုတ်လိုင်းရပ်ခဲ့တာကြောင့်ဖြစ်ပြီး၊ ကုန်စည်ဒိုင်မှာအရန်ဆန်ရောင်းပေး တာကြောင့်လည်းဖြစ်ကြောင်း၊ ဝါးတန်းဒိုင် သို့ဆန်အဝင်မှာ အနည်းငယ်ပါး နေပြီး အဝယ် လည်း အနည်းငယ်အေး တယ်လို့ ဆန်ကုန်စည်ဒိုင် ဈေးကွက်မှ ကြားသိရပါတယ်။ ရန်ကုန် ဈေးကွက်အတွင်း ဧည့် မထ၂၅ မှတ် (ပြည်ပ)ဆန် တစ်အိတ် ၅၀ ကီလိုကို ၁၅၃၀၀ ကျပ်ခန့် ဖြစ်ခဲ့လို့ ယခင်အပတ်ထက် တစ်အိတ် ကို ၅၀၀ ကျပ်ခန့်ဈေးကျခဲ့သော်လည်း အရောင်း အဝယ်မဖြစ်ကြောင်းMATA 25 % FOB Yangon 360 USD / MTခန့်ဖြင့် ဈေးခေါ်ရောင်းသော်လည်း အဝယ် မလာဘဲ ရန်ကုန်FOBအတင်လည်း ငြိမ်နေကြောင်း ဆန်ဈေး ကွက်မှ ကြားသိရပါတယ်။
တရုတ်လိုင်း- မူဆယ်မှာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ဈေးနှုန်း များအရ ဧည့်မထ ၅ မှတ်နွေရှယ် တစ် အိတ်ကို ၁၄၄-၁၄၇ ယွမ်၊ ဧည့်မထ ၁၀ မှတ် နွေရှယ်တစ်အိတ်ကို ၁၃၇-၁၄၀ ယွမ်ဖြစ်ခဲ့ကြလို့ယခင်အပတ်ထက် တစ်အိတ်ကို ၄ ယွမ်စီ ဈေးကျခဲ့ကြောင်း၊ ဧည့်မထ ၁၅ မှတ် ၇၄၇ ဆန်တစ်အိတ် ကို ၁၃၂-၁၃၄ ယွမ်ဖြစ်ခဲ့လို့ ယခင် အပတ်ထက်တစ်ယွမ်ဈေးကျခဲ့ကြောင်း၊ သြဂုတ်လ ၁၅ ရက်နေ့ မူဆယ်ရှိ ငွေ လဲနှုန်းမှာ တစ်ယွမ်ကို၁၅၇ ကျပ်ဖြစ်ခဲ့ လို့ယခင်အပတ်ထက်သုည ဒသမ ၂၁ ကျပ်ဈေးပြန်ကျခဲ့ကြောင်း၊ ယခု အပတ်အတွင်း မူဆယ်သို့ ပြည်တွင်း နယ်စုံမှ ဆန်တန်ချိန် ၁၂၁၆၀ ခန့်ဝင် ရောက်ခဲ့ပြီးယခင်အပတ်ထက် ၉၂၃၀တန်ခန့်အဝင်လျော့သွားကြောင်း၊တရုတ်နို င်ငံ ရွှေလီရှိဆန်စက်များတွင် မြန်မာ့ဆန်များအားတရုတ်Markingပါအိတ်များနှင့်လှယ်ပြီးတရုတ်နိုင်ငံအတွင်း သို့ ရွှေ လီ ဒေသထွက်ဆန်အဖြစ်ဆက်လက်တင်ပို့မှုယခုပြန်လုပ်လာကြကြောင်း၊ မိမိဘက် ရောင်းသူမှ ရွှေလီရှိ ဆန် စက်အရောက်တင်ပို့ ပေးရပြီးစက်မရောက်ခင်အဖမ်းဆီးခံရပါကရောင်းချသူမြန်မာကုန်သည်၏တာဝန်ြ ဖစ်ကြောင်း ၊ ရွှေလီတွင် တရုတ်ဆန်စက်အလုံး၂၀ ခန့်ရှိပြီး၊ ဆန်စက်တစ်လုံးကို စက်ကြိတ်အား တစ်နေ့ တန် ၄၀ခန့် သတ်မှတ် ထားပြီး တရုတ်ပြည်တွင်းသို့ သယ်ဆောင်ခွင့်ပြု ထားကြောင်း၊ သြဂုတ်လ ၁၁ ရက် နေ့ခန့်မှ စပြီး တစ်ဖက်နိုင်ငံ မှ မြန်မာ့ဆန်ကို ပြန်လည်ဝယ်ယူလာသော်လည်း ရွှေလီတွင်ဆန်စက်အပိုင်မရှိသည့် ကုန်သည်များ က မြန်မာ့ဆန် ကို ဝယ်ယူခြင်း မပြုနိုင်ဘဲ ရွှေလီဆန်စက် အချို့ကသာ လာရောက်ဝယ်ယူသွားခဲ့ ကြောင်း၊ ယခု တရုတ် ဈေးကွက် အကြိုက်ဆုံးဆန်မှာ ရွှေဘို၇၄၇ဆန် ဖြစ်ပြီး၊ရတနာတိုး၊ နွေရှယ်စသည့် ထိပ်စ၊ရှယ်စဆန်များကို ကြိုက် ကြ ကြာင်း၊သို့သော်မူဆယ်ဆန်စပါး ကုန် စည်ဒိုင်တွင် ဆန်ရောင်းဝယ်မှု အခြေ အနေ မကောင်းမှုကြောင့် ရန်ကုန်- မူဆယ်ဆန်တင်ဆောင်ခမှာ တစ်တန် ကို သြဂုတ်လ ၁၅ ရက်နေ့ဈေး ၆၀၀၀၀ ကျပ်ထိ ကျဆင်းသွားခဲ့ပြီး ယခင်အပတ်ထက် တစ်တန်တင်ဆောင်ခအပေါ် ၁၇၀၀၀ကျပ် ဈေးကျသွားခဲ့ကြောင်း၊ယခုအခါ မိမိဘက် မှ ရောင်း လိုအားများ နေပြီးတရုတ်ဘက်မှဝယ်လိုအားနည်း နေသဖြင့် မူဆယ်မှာ ဆန်ဈေးကျခဲ့ရပြီး တရုတ် ဘက် မှ ဈေးနှိမ် ဝယ်ရင်လည်း မိမိဘက်မှ ဈေးချရောင်းနေရကြောင်း၊ မူဆယ်တွင် ဆန်များစုပုံနေကာ သို လှောင်ရန်နေရာ အခက် အခဲ ဖြစ်နေ သဖြင့် မြန်မာဆန်ကုန်သည်များမှ ဈေး လျှော့ရောင်းနေရကြောင်း၊ တရားဝင် ဆန် တင်ပို့ခွင့်မရရှိသဖြင့် တရုတ်နိုင်ငံကဈေးကွက်တွင်အသာစီးရနေကြောင်း၊မူဆယ်ဆန်ဈေးကွက်မှ ကြားသိရပြီးမူဆယ်ဆန်ဈေး ကွက် ရှေ့ အလားအလာမှာ ယခင်လို ပြန်မဖြစ်နိုင်သေးဘဲ ဖြည်းဖြည်းနဲ့မှန်မှန်သာသွားနိုင်မယ်လို့သုံးသပ်နေသံလည်း ကြား ရပါ တယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့ မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့ မှ သြဂုတ်လ ၈ ရက်နေ့ထိ ၅၀၁၈၄၀ တန်ခန့်ရှိပြီးတန်ဖိုး အမေရိကန် ဒေါ် လာ ၁၈၅ သန်းခန့် ရရှိနေကာ ယခင် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၄၄၉၇၀ခန့်၊ တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀ခန့် ပိုမိုတင်ပို့ထားနိုင် တာတွေ့ရပါတယ်။ယခုရက်ပိုင်းတရုတ် ကနည်းနည်းချင်းပြန်ဆွဲလာနေလို့ ယခုကျနေတဲ့ ဆန်ကြမ်းဈေးတွေ လကုန် ရက်လောက်မှာအနည်းငယ်ပြန် တက်နို င် တယ်လို့ ဆန်ဈေးကွက်မှ သိရကြောင်း ပါခင်ဗျာ။
