၂၀၁၄ မှာ တရုတ်နိုင်ငံရဲ့ အစောပိုင်းစိုက် ဆန်စပါး အထွက်အနည်းငယ် လျော့နည်းခဲ့တယ်လို့ဆို

 
တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ် အစောပိုင်းစိုက်ဆန်တန်ချိန် ၃၄ ဒသမ ၀၁ သန်း ထုတ်လုပ်ခဲ့လို့ ပြီးခဲ့တဲ့နှစ် အစောပိုင်း ထက်သုည ဒသမ  ၄ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ နိုင်ငံတော်

စာရင်းအင်းဗျူရ(NBS)က သြဂုတ်လ ၂၁ ရက် က ပြောြ ကားေ ကြာင်း သိရ ပါတယ်။ ယင်းဌာန စာရင်းများအရ ၂၀၁၄ ခုနှစ်အတွက် စပါးစိုက်ဧရိယာ ဟက်တာ ၅၇၉ ဒသမ ၅ သန်းရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်ထက် သုည ဒသမ ၂ ရာခိုင် နှုန်းလျော့ပြီး အထွက်နှုန်းမှာလည်း တစ် ဟက်တာ ၅ ဒသမ ၈၇ တန်ကို သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သိရပါ တယ်။ NBSမှ ဝါရင့်စာရင်းအင်းပညာရှင် ံHuang Jiacai    ကပြောကြားရာမှာ အစောပိုင်းစပါး အထွက်နှုန်းကောင်း ဆဲ ဖြစ်ပြီး ဒီနှစ်ကဒုတိယအထွက် အများဆုံးနှစ်အဖြစ် ရှိနေသေးတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ဟူနန်နဲ့ ဟူ ဘိုင် ပြည်နယ်တွေမှာ ဗဟိုအစိုးရ အကောင်အထည်ဖော်ခဲ့တဲ့မူဝါဒများကောင်းမွန်ခဲ့ တဲ့အတွက် အဲဒီဒေသနှစ်ခုမှာ စိုက် ဧရိယာတွေ တိုးတက်ခဲ့တယ်လို့လည်း ၎င်းင်းကဆိုပါတယ်။ ဟူနန် ပြည်နယ်က တရုတ်နိုင်ငံရဲ့ အစောပိုင်း စိုက်စပါး အများဆုံး ထုတ်လုပ်သူဖြစ်ပြီး ၂၀၁၄ မှာ စိုက်ဧရိယာ ၁ ဒဿမ ၄၅ သန်းနဲ့ တန်ချိန် ၈ ဒသမ ၅ သန်းထွက် ရှိခဲ့ ပါတယ်။ ယူနန်နဲ့ကပ်လျက် ဲJiangxi ပြည်နယ်က တန်ချိန် ၈ ဒသမ ၃ သန်း နဲ့ ဒုတိယနေရာကလိုက်တယ်လို့ NBS စာရင်း များအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းသီးနှံ ထုတ်လုပ်မှုကိုအစောပိုင်းစပါး၊ နွေ စပါးနဲ့ ဆောင်းဦးစပါးဆိုပြီး သုံးမျိုး ထုတ်လုပ် တယ်လို့သိရပါတယ်။ ၂၀၁၃ မှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းသီးနှံ ထုတ် လုပ်မှုကတန်ချိန် ၆၀၁ ဒသမ ၉၄ သန်း ရှိခဲ့လို့ ၁၀ နှစ်ဆက်တိုက် အထွက်တိုး ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် စာရင်းတွေကိုအခြေခံချက်အရ အစော ပိုင်း စပါး ထုတ်လုပ်မှုက စုစုပေါင်းရဲ့ ၆ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ သိရပါတယ်။ နွေသီးနှံတွေထဲမှာ အဓိက ဂျုံနဲ့ အစောပိုင်းစိုက်စပါးပါဝင်ပြီး တရုတ် နိုင်ငံ သီးနှံအထွက်ရဲ့ ၂၂ ရာခိုင်နှုန်း ခန့်ရှိ တယ်လို့သိရပါတယ်။ ဆောင်းဦး သီးနှံထဲမှာ ပြောင်းနဲ့ စပါးပါဝင်ပြီး စုစုပေါင်းသီးနှံထုတ်လုပ်မှုရဲ့ ၇၂ ရာခိုင် နှုန်းပါ ဝင်ပါတယ်။တရုတ်နိုင်ငံရဲ့ ပြည်တွင်းသီးနှံဖူလုံမှုနှုန်းထားက ၂၀၁၃ မှာ ၉၇ ရာခိုင်နှုန်း အထက်မှာ ရှိပြီး နှံစား သီးနှံ တင်သွင်းမှုက တန်ချိန် ၁၄ သန်းထိ ရှိခဲ့လို့ နိုင်ငံရဲ့ နှံစားသီးနှံ အထွက်ရဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်း အောက်မှာပဲရှိတယ်လို့ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ပြောကြားကြောင်း သိရ ပါတယ်။