ဈေးဝယ်ရာတွင်ဈေးနှုန်းသက်သာသည်ကို
ကျွန်တော်တို့သည် နေ့စဉ်နီးပါး ဈေးဝယ်ကြပါသည်။ နေ့စဉ်တစ်ခုမဟုတ်တစ်ခုတော့လိုအပ်လို့ ဖြစ်စေ လိုချင် လို့ဖြ စ်စေဝယ်ယူနေတတ်ပါသည်။ယင်းသို့ဈေးဝယ်ရာတွင်မိမိလိုချင် သောပစ္စည်းတစ်ခုကိုရွေးချယ်၍ရပြီဆိုသည်နှ င့် ဈေး ဆစ်ခြင်းကို လုပ်ကြပါ သည်။ တစ်ခွန်းဆိုင် မဟုတ်လျှင် ဈေး ဆစ်ပါသည်။ ဈေးဆစ်သည် ဆိုသည် မှာ မိမိကုန်စည် ၏ အရည်အသွေးကို ရွေးချယ်ပြီးနောက်တွင်ဈေးနှုန်းသည် သင့်တော်မှု
မရှိဟုယူဆသဖြင့် လည်း ကောင်း ၊ ဈေး ဆစ်နိုင်မှ ဈေးမှန်ရသည် ဟုထင်မြင်သဖြင့်လည်းကောင်းဖြစ်တတ် ကြပါသည်။
ဤသို့ဆိုလျှင်ဈေးနှုန်းသက်သာမှုကို ဈေးဝယ်သူတိုင်းလိုလားပါသည်ဟုဆိုလျှင်မှားမည်မထင်ပါ။ သို့ေ သာ် ဈေးနှုန်းကြီးမြင့်သောIphoneများ၊ ဈေးနှုန်းကြီးမြင့်သောလမ်ဘော်ဂနီကား၊ ရိုးရိုက်စ်ကားများ၊ ဈေးနှု န်းကြီးမြင့်သော စိန်ထည်များ၊ စသည်တို့ ကိုအဘယ်ကြောင့်မက်မက်မောမောဝယ်ယူ နေကြပါသနည်း။ ဈေးကွက် မဟာ ဗျူဟာများအရ ဈေးဝယ်သူမတူသဖြင့်ဟုအကြမ်းဖျဉ်းပြောနိုင်ပါသည်။ကျွန်တော်တို့ နိုင်ငံတွင် ဆင်းရဲသူများ သဖြင့်ဈေး သက်သာခြင်းကကောင်းသည် ဟု ယူဆနေသကဲ့သို့ ဖြစ်နေသည် ထင် ပါသည်။ အမှန်ကဈေးနှုန်းထက် ပစ္စည်း အရည်အသွေးကအရေးကြီးပါသည်။ ဈေးနှုန်းခြင်းတူလျှင် အရည်အသွေးကအရေးကြီးပါ သည်။ ဈေး သက် သာပြီး အရည်အသွေးအနည်းငယ်နိမ့်ပါကလည်း အနည်းငယ်နိမ့်သော အရည်အသွေးရှိသည့် ပစ္စည်းကိုသာ ရွေး ချယ်မည်မှာ မြေကြီး လက်ခတ်မလွဲနိုင်ပါ။
ကျွန်တော်တို့အနေဖြင့် ယနေ့ ကမ္ဘာတွင် ထုတ်လုပ်နေသောကုန် ပစ္စည်းများတွင်ဈေးနှုန်းသက်သာရေး ကိုလည်း ဦးစားပေးဈေးကွက်ဗျူဟာတစ်ခုအဖြစ်ကျင့်သုံးဆဲဖြစ်သည်ကိုတွေ့နိုင်ပါသည်။တရုတ်ပစ္စည်းအတော်များများ သည်ေ ဈးနှုန်းသက်သာရေးကိုဦးစားပေးကာအရည်အသွေးကိုနောက်တွင်ထားနေသည်ကိုတွေ့နိုင်ပါသည်။ကျွန်တော်တို့နိုင်ငံတွင်တရုတ်၏ဈေးနှုန်း သက်သာသောကုန်စည်လှိုင်းမှ လွတ် အောင်ရုန်းမထွက်နိုင်သည်ကို တွေ့နိုင်ပါသည်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် အရည်အသွေးထက် ဈေးနှုန်း သက်သာမှုကို အဓိကထားနေရသည်မှာ ဆင်း ရဲမှု တစ်ခု တည်းကြောင့်ဟု ပြော၍မရ နိုင်ပါ။ကျွန်တော်တို့၏ ဗဟုသုတအားနည်းမှု၊ အားနာတတ်မှု၊ အမြင်မကျယ် မှု၊ အတွေ့ အကြုံအားနည်းမှုများကြောင့် လည်းပါဝင်သည်ဟုထင်ပါသည်။ စကားပုံတစ်ခု ကြားဖူးပါသည်။ ''မကောင်းမြင်တတ်သူ ဆိုသည်မှာ အရာရာ၏ ဈေးနှုန်းကိုသိသော် လည်း၊ တန်ဖိုးဆိုသည်ကို လုံးဝမသိသူဖြစ် သည်''ဟု ဖြစ်ပါသည်။ ယင်းစကားကို ကြည့်ခြင်းဖြင့်ဈေးနှုန်းနှင့်တန်ဖိုးမတူညီ သည်ကိုတွေးမိနိုင်သည်ဟုထင်ပါသည်။ တန်ဖိုးကို သိဖို့လိုသော်လည်း တန်ဖိုးရှိသောအရာသည် ဈေးနှုန်းကြီးမြင့်တတ်သည်ဟုအယူအဆပေါ်တွင် အခြေခံကာဈေးဝယ်သူများမကြာခဏအလိမ်ခံ ရသည်ကိုမမေ့သင့်ပါ။ဈေးနှုန်းကြီးလျှင် အရည်အသွေးကောင်း သည် ဟု ထင် မြင်တတ်မှု အပေါ်တွင် ဈေးရောင်းသူ မှအခွင့်ကောင်းယူကာအတုအပ ပစ္စည်း ကို ဈေးနှုန်းတင်ကာ အရည် အသွေး မြင့်ပစ္စည်းအဖြစ် ရောင်းချမှုမျိုး လည်း ရှိတတ်ပါသည်။ သို့သော် ယင်း ကိစ္စမျိုးမှာ တစ်နပ်စား အလုပ်ဖြစ် သဖြင့်ကုန်ပစ္စည်းအမှတ်တံဆိပ်တပ်ကာ ရောင်းဝယ်ကြသော ကုန်သည်များ၊ကုန်ပစ္စည်းထုတ်လုပ်သူများမပါ ဝင်ကြ ပါ။ ကုန်ပစ္စည်းတစ်ခုအပေါ်တွင် ထုတ်လုပ်သူ၏ အမြင်၊ ရောင်း ဝယ်သူ၏ အမြင်၊ စီမံအုပ်ချုပ်သူ၏ အမြင်နှင့် စားသုံးသူ၏ အမြင်ဟူ၍အမြင်လေးမျိုးရှိရာတွင် ဈေးနှုန်းနှင့်ပတ်သက်ပါက ရောင်းသူနှင့်ထုတ်လုပ်သူတို့ မှ ဈေးနှုန်း ကို အမြင့်ဆုံး လိုချင်ကြပြီး၊ စားသုံးသူမှ ဈေးနှုန်းကို အနိမ့်ဆုံး မျှော်လင့်သည်မှာ ဓမ္မတာ ဖြစ်ပါသည်။
သို့သော် ကုန်ပစ္စည်း၏အရည်အသွေးကိုထုတ်လုပ်သူမှ ကုန်ကျစရိတ် သက်သက်သာသာဖြင့် ထုတ်လုပ် လိုပြီး ၊ ရောင်းဝယ်ရေး ဈေးကွက်တွင် အောက် ဈေးဖြင့်ယှဉ်ပြိုင်လိုတတ်ပါသည်။တစ်နည်းပြောရလျှင်ကုန်အရည် အေ သွး ကောင်းကောင်းကိုဈေးနှုန်းသက်သက် သာသာဖြင့် ရောင်းလိုခြင်းမှာ ကုန်ပိုင် ရှင်၏သဘောဖြစ်ပါသည်။ ကုန်ရောင်းဈေးနိမ့်ခြင်းသည်ကုန်ကျစရိတ်နည်းခြင်းမဟုတ်သလို၊ကုန်ဈေးနှုန်းနိမ့်သည်ထင်အောင်နည်းစနစ်ေြ ပာင်း ကာ ဈေးကွက်ထိုးဖောက်သည်များလည်းရှိနိုင်ပါသည်။ ဥပမာ- ဆံပင်ပျော့ဆေး သည်ဘူးများဖြင့် ထည့် သွင်းရောင်း ချ သည့်အခါ ဈေးနှုန်းကြီးမြင့်ပြီး သုံးစွဲနိုင် သည့် အကြိမ်ရေမှာလည်း များပြားပါ သည်။ ယင်းဆေးကိုပင် တစ်ခါသုံး အထုတ်လေးများအဖြစ်ထုတ်လုပ်သည့်အခါတစ်ကြိမ်သာသုံးစွဲနိုင်သော်လည်း ဈးနှုန်းမှာများစွာနိမ့်သွားပြီးမည် သည့် သုံးစွဲသူမဆိုဝယ်ယူသုံးစွဲ နိုင်သည့်အခြေအနေမျိုးရရှိလာသည့်အပြင်ခရီးသွားလာရာ တွင် လည်းသယ် ဆောင် သွားမည်ဆိုပါကလွယ်လွယ်ကူကူပေါ့ပေါ့ပါးပါး သယ်ဆောင်နိုင် ခြင်းဟူသောအကျိုးတစ် ခုပါရ ရှိလာပါသည်။ သို့ဖြစ်သဖြင့်စားသုံးသူမှ ဈေးနှုန်းအပေါ်အမြင်ကို ပြောင်းလဲအောင် ဆောင်ရွက်ပေးထားသော ဈေး ကွက် ဖော်ေ ဆာင်သောကျွမ်းကျင် ပညာရှင် များ၏ ဆောင်ရွက်ချက် တစ်ခုဖြစ် ပါသည်။
ဈေးနှုန်း အပေါ်တွင် စားသုံးသူအမြင်မှာ ကုန်ပစ္စည်းကောင်းကောင်းကိုလည်း ရယူချင်သကဲ့သို့ ဈေးနှုန်း ကိုလည်းသက်သာလိုခြင်း ဖြစ်သော် လည်း ကုန်ပစ္စည်းမှာ အလွန်ကောင်း မွန်ပြီး ဈေးနှုန်း ကြီးမြင့်လျှင်ပင် ပေး ရ သည့် ဈေးနှုန်းဖြင့် လိုက်လျော ညီ ထွေအောင် အကျိုးရှိလျှင် (သို့မဟုတ်) အကျိုးရှိသည်ဟု ထင်လျှင်၊ ဝယ်ယူ သူ သည် ဈေးနှုန်း ကြီးမြင့်ခြင်းကို လျစ်လျှုရှု့ တတ်ကြောင်း တွေ့နေရပါ သည်။ အထူးသဖြင့် ထင်ရှားသောBrand များ၊ အရည်အသွေးကောင်း သည်ဟုအများက ထင်မြင်ယူဆသော ကုန်စည်များကို ဈေးနှုန်းကြီးမြင့်သော် လည်း ယင်းတို့၏ တန်ဖိုး Value များ အရ ဈေးနှုန်းအမြင့််များဖြင့် ဝယ်ယူရန် လက်မတွန့်တတ်ကြောင်းတွေ့ နေရပါ သည်။ ဥပမာတစ်ခုအနေဖြင့် အမေရိကန်ရှိ Chipotle Mexican grill စားသောက်ဆိုင်တွင် ရောင်းချသော အစား အစာ များမှာ အော်ဂဲနစ်ကဲ့သို့လည်းကောင်း၊supply chain mech-anism တစ်ခုလုံး၏ အရည်အသွေးပိုင်းကိုထိန်း သိမ်းနိုင်ရန်အတွက်စားသောက် ဆိုင်တွင်ကုန်ကြမ်းအဖြစ် လိုအပ်သောဝက်သား၊အမဲသား၊ ကြက်သားများ၊ ကြက်ဥ များ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက် များကို လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူ သူများထံမှဝယ်ယူနိုင်ရန် ချိတ်ဆက် ထားြ ခင်း၊ ဟော်မုန်းဆေးများ၊ ဆေးဝါးများဖြင့် မွေးမြူသူများထံမှ မဝယ်ယူ ခြင်း၊ ဟင်းသီးဟင်းရွက်များကိုလည်းလတ် လတ်ဆတ်ဆတ်၊ အော်ဂဲနစ် စိုက်ပျိုးသူများနှင့်သာချိတ်ဆက်ဝယ်ယူခြင်း ဖြင့်အစားအသောက်များမှာအရည် အေ သွးနှင့်လတ်ဆတ်မှုတွင် အာမခံ ချက်အပြည့်ပေးနိုင်အောင်ဆောင်ရွက်ထားပါသည်။ ထို့အပြင်ယင်း CMGဆိုင် တိုင်းတွင်ရေခဲသေတ္တာ၊မိုက်ခရိုဝေ့ဗ် မီးဖိုတို့မရှိပါ။ နောက်ဆုံးကုန်ကုန် ပြောရလျှင် သံဗူးဖောက်တံပင် မရှိပါ။ ယင်း တို့ ဆိုင်များတွင်အစားအသောက် ၏ လတ်ဆတ်မှု၊ အစားအစာ ၤFood Safety ဖြစ်မှုနှင့် အရည်အသွေးပိုင်း တို့ကို လုံးလုံးလျားလျား အာမခံထားသည့်အပြင် ဆိုင်အတွက် စွမ်းအင်အား ပေးစက်များ အဖြစ်နေစွမ်းအင်သုံး လျှပ်စစ် ထုတ်စက်များ၊ လေစွမ်းအားသုံးတာဘိုင်များနှင့် မိုးရေလှောင်ကန်များ ကိုထားရှိဆောင် ရွက်နေသော ဆိုင် များ ဖြစ် သဖြင့်လည်းကောင်း၊ ဆိုင်တွင်လည်းအရည်အသွေးကောင်းကြောင်း ကိုပြဆိုနိုင်သဖြင့်လည်းကောင်း၊ ယင်း နှင့် ပြိုင်ဖက်ဆိုင်များတွင် ရောင်းသောအမျိုးအစားတူစားသောက်ကုန်၊ ဟင်းလျာများသည် ပြိုင်ဖက်ဆိုင်များ တွင် ရောင်း ချသော ဟင်းလျာ၊ စားဖွယ်များ ထက်ဈေးနှုန်းမှာ နှစ်ဆမျှများပြား နေပါသည်။ ထို့အပြင်ယင်း CMG ဆိုင်များသည် အခြားဆိုင်များကဲ့သို့ပုံမှန်ကြော်ငြာခြင်းမျိုးမလုပ်ဘဲ မွေးမြူ ရေးခြံများတွင် ပျော်ပွဲရွှင်ပွဲများလုပ်ခြင်း၊ အစားအေ သာက် ကောင်းမွန်မှု ပြိုင်ပွဲ များလုပ်ခြင်း၊ စားသောက်သူများ၏ နှုတ်အားဖြင့် ကြော်ငြာသည်ကိုသာ ယုံ ကြည်မှု ထား အားကိုးခြင်း၊စသည့်ထူး ခြားသော ကြော်ငြာနည်းများဖြင့် ဆောင်ရွက်ပါသည်။ ယင်းအကြောင်း များေ ကြာင့် CMGဆိုင်သည် ထူးခြား သော အရောင်းမြှင့်တင်နည်းလမ်းများ၊ အခြေခံကုန်ကြမ်းများရရှိရေးနှင့် စွမ်း အင်ဆိုင်ရာ လုပ်ငန်းများမှာFood Safety ဖြစ်မှုအား အပြည့်အ၀ အာမခံ ချက်ပေးထားသဖြင့် သူ၏ စားသောက် ဖွယ်ဟင်း လျာများသည် အခြားပြိုင်ဖက် ဆိုင်များထက် ဈေးနှုန်းအားဖြင့် ၂ ဆ ခန့် မြင့်မားနေသော်လည်း ရောင်းအား တိုးတ က်နေကြောင်းတွေ့ရှိရပါသည်။
သို့ဖြစ်သဖြင့် ကုန်ထုတ်လုပ်သူများအနေဖြင့် မိမိတို့ထုတ်ကုန်များ သည် အခြားသော ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်နိုင် ရန်အတွက် သင့်တင့်သော အမြတ်ကိုသာရယူပြီး ရောင်းဈေးနှုန်း သက်သာရန်လိုအပ်သကဲ့သို့၊ မိမိ ထုတ်ကုန်၏ အရည်အသွေးနှင့် ပတ်သက်ပြီး မိမိတို့၏ ဖောက်သည်များ၊ လက်လီ ဆိုင်ပိုင်ရှင်များ၊ စားသုံးသူများ မှ လုံးလုံးလျား လျား ယုံကြည်စိတ်ချရန်လိုအပ်ပါသည်။ ရောင်းဈေးနှုန်း သက်သာခြင်းသည်ဈေးကွက်နှင့်ရောင်းအား ကို အထိုက် အလျောက်အင်အား ဖြစ် စေသော်လည်း၊ ရေရှည် ယှဉ်ပြိုင်မှုတွင် ဈေးနှုန်းသက်သာခြင်းထက် အရည်အသွေးမြင့် မားမှုကသာ တန်ဖိုးမှန် ဖြစ် သည်ကို တွေ့ရှိနိုင်ပါသည်။ အမှန်မှာ ကုန်စည်တစ်ခုကိုထုတ်လုပ် ရောင်းချ ရာတွင် မိမိ သည်ရောင်းဈေးနှုန်းနိမ့်သောအရည်အသွေးနိမ့်ကုန်စည်ကိုရောင်းခြင်းအစားအရည်အသွေးတန်ဖိုးကိုရောင်းချြ ခင်း ဖြစ်သည်ကို သတိပြု ရမည်ဖြစ်ပါသည်။
သို့ရာတွင် စားသုံးသူတို့သည် အရည်အသွေးလည်းကောင်းပြီးဈေးနှုန်း လည်း သက်သာသော ကုန်ပစ္စည်းများ ကို အချက်သုံးချက်ကြောင့် ရရှိနိုင်ပြီ ဖြစ်သည်ဟုဆိုပါသည်။ ယင်း မှာGlobalization, hyper compe-tition and the internet ဆိုသော ဂလိုဘယ်လိုက်ဇေးရှင်း၊ မြင့်မားသော ပြိုင်ဆိုင်မှုအခြေအနေနှင့်အင်တာနက် တို့သည်ဈေးကွက်နှင့်စီးပွားရေးလုပ်ငန်းများ၏ အလားအလာများ၊ ဗျူဟာများကို အသွင်သဏ္ဍာန် များစွာ ပြောင်း လဲ စေခဲ့ ခြင်းဖြစ်ပါသည်။ ဂလိုဘယ်လိုက် ဇေးရှင်းစနစ်ကြောင့်ကုန်ထုတ်လုပ်သူများသည်လုပ်သားခနှင့် ကုန် ကြမ်းပေါများရာ နိုင်ငံနှင့်အရပ်ဒေသများသို့ စက်ရုံများကိုပြောင်း ရွှေ့ဖွင့်လှစ်ခြင်း၊ လုပ်ငန်းများဖြစ်သော အထည် ချုပ်လုပ်ငန်းကဲ့သို့ ကျွမ်းကျင်လုပ်သား များစွာမလိုအပ်သော၊ ကုန်ကြမ်းတင် သွင်းကာ လွယ်ကူစွာ ကုန်ချောကို တပ်ဆင်နိုင်သောလုပ်ငန်းများကိုလုပ်သားခသက်သာသော နိုင်ငံများသို့ ပြောင်းရွှေ့ခြင်း၊မိမိ၏ ဈေးကွက် ကြီး ဖြစ်ေ သာနိုင်ငံကြီးနှင့်နီးသောနိုင်ငံငယ်များတွင်စက်ရုံများဖွင့်လှစ်ခြင်းဖြင့်သယ်ယူပို့ဆောင်ခသက်သာအောင်ဆောင် ရွက်ေ ပးနိုင်ခြင်း၊နိုင်ငံများစုပေါင်းထားသောFree Tradeဧရိယာနှင့် နီးသောနိုင်ငံငယ်များတွင် စက်ရုံဖွင့် လှစ်ခြင်းဖြင့် မိမိတို့၏ ကုန်ကျစရိတ်ကို လျော့ချခြင်းနှင့် ဈေးကွက်ကိုချဲ့ထွင် နိုင်ခြင်းဆိုသောအကျိုးကျေးဇူးများရ ရှိ အောင် ဆောင် ရွက်နိုင်ကြောင်း တွေ့ နေရပြီ ဖြစ်ပါသည်။
အလားတူပင်Globalization နှင့် တစ်ဆက်တည်း မြင့်မားသောပြိုင်ဆိုင်မှုများသည်လည်းစားသုံးသူများ အတွက် များစွာအကျိုးဖြစ်ထွန်းလာကြောင်းတွေ့ရပါသည်။များစွာသောကုမ္ပဏီများပေါ်ပေါက်လာသကဲ့သို့ယင်း ကုမ္ပဏီများ သည်အမျိုးအစားတူကုန်ပစ္စည်းတစ်မျိုးတည်းအတွက်တူညီ သောစားသုံးသူများ၊ ဖောက်သည်များကို ယှဉ်ပြိုင်ဆွဲေ ဆာင်ရမှုများကြောင့်အရည်အသွေးပိုင်းတွင်မလျော့ချနိုင်ဘဲဈေးနှုန်းကိုသာလျော့ကျစေရန်နည်းအမျိုးမျိုးကိုသုံးစွဲနေကြ ရသဖြင့် မြင့်မားသောပြိုင်ဆိုင်မှုများသည်လည်း စားသုံးသူများအတွက်ဝယ်ဈေးနှုန်း လျော့ နည်းစေရေး အတွက် များစွာ အထောက်အကူဖြစ်နေသည်ကိုတွေ့နိုင်ပါသည်။အလားတူပင်အင်တာနက်သုံးစွဲမှု တွင် ကျယ်လာမှုကြောင့် ကမ္ဘာ၏မည်သည့်နေရာတွင် နေထိုင်သည် ဖြစ်စေမည်သို့သောကုန်စည်မျိုး၏ ဈေးနှုန်းကိုသိရှိနိုင်သကဲ့သို့မိမိတို့ ဝယ်ယူလိုသောကုန်စည်ကိုလည်းကုန်ကျစရိတ်သက်သက်သာသာဖြင့်မိမိထံရောက်ရှိအောင်စွမ်းဆောင်လာ နိုင်ပြီ ဖြစ်ပါသည်။သို့ဖြစ်သဖြင့် စားသုံးသူများအနေဖြင့် ဈေးဝယ်ယူရာတွင် ဈေးနှုန်းသက်သာပြီးအရည် အသွေး မြင့်ေ သာကုန်စည်များကိုရရှိနိုင်မှုသည်ယနေ့အခြေအနေတွင် ပိုမိုလာကြောင်း တွေ့ရှိနေရသည်ကိုတင်ပြလိုက် ရပါသည် ။သို့ရာတွင် စားသုံးသူတိုင်းသည်ကုန်ဈေးနှုန်းနှင့်တန်ဖိုးကိုခွဲခြားသိမြင်ပြီး ဈေးဝယ်နိုင်ရန် များစွာလိုအပ်လျက်ရှိပါ သည်။
