အာဖရိကနဲ့ အီးယူနိုင်ငံများသို့ ပေါင်းဆန်အပြင် ဆန်၊ ဆန်ကွဲမျိုးစုံကို ဇူလိုင်လထက် တန် ၂၇၀၀၀ နီးပါး ပိုမိုတင်ပို့

 
သြဂုတ်လအတွင်းက အာဖရိက နိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ဇူလိုင်လ ထက်တန်ချိန် ၁၈၈၀၀ နီးပါးပိုမိုခဲ့တယ် လို့ သိရပါတယ်။ အာဖရိကနိုင်ငံဖြစ်တဲ့အိုင်ဗရီကို့စ်သို့ တန်ချိန် ၂၀၀၀၀ နဲ့ မိုဇမ်ဘစ်နိုင်ငံသို့ တန်ချိန် ၄၀၀ အသီး သီး တင်ပို့နိုင်တာကြောင့် စုစုပေါင်း တန်ချိန် ၂၀၄၀၀ အထိ တင်ပို့နိုင်ခဲ့ ကြောင်း သိရှိရပါတယ်။

ဥရောပ သမဂ္ဂသို့လည်း ပေါင်း ဆန်နဲ့ ဆန်စပါးမျိုးစုံ တင်ပို့မှု ရှိကြောင်း သိရပါတယ်။ ပေါင်းဆန် အမျိုးမျိုး စုစုေ ပါင်းတန်ချိန်၃၁၅၀၊ တန်ဖိုးကန်ဒေါ်လာ၁၄၂၁၅၀၀ဖိုးတင်ပို့ခဲ့တာ ဖြစ်ပြီးနိုင်ငံအလိုက်အမျိုးအစားအလိုက် တင်ပို့နိုင် မှုတွေကတော့ ပေါင်းဆန် ဧည့်မထ ၁၅ မှတ်ဆန် တန် ချိန် ၅၀၀၊ တန်ဖိုးဒေါ်လာ ၂၁၇၅၀၀ ဖိုးကို ရုရှားနဲ့ ချက်သမ္မတနိုင်ငံသို့လည်းကောင်း၊ ပေါင်းဆန် ဧည့်မထ ၅ မှတ် ဆန်အမျိုး အစားများကိုတော့ ပိုလန်နိုင်ငံသို့ တန်ချိန် ၅၀၀၊ ဂျာမနီ နိုင်ငံသို့ ၂၂၅ တန်၊ ဘယ်လ်ဂျီယံနိုင်ငံ သို့ တန်ချိန် ၇၅၀၊ ရုရှားနိုင်ငံသို့ ၈၇၅ တန် နဲ့ ပြင်သစ်နိုင်ငံသို့ တန် ၃၀၀ အသီးသီး တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ဆန်ဖြူ အမျိုးအစားဖြစ်တဲ့ ငစိန် ၅ မှတ်ဆန်တန်ချိန် ၅၀၀၊ တန်ဖိုး ကန်ဒေါ်လာ ၂၀၅၀၀၀ ဖိုးကို စပိန်နိုင်ငံ သို့လည်းကောင်း၊ ဧည့်မထ ၂၅ မှတ် ဆန် အမျိုးအစားများကိုတော့ ပြင်သစ် နိုင်ငံသို့တန်ချိန် ၂၅ တန်၊ ပိုလန်နိုင်ငံ သို့တန်ချိန် ၁၅၀၀ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းတန်ချိန် ၂၀၂၅ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ ၇၀၈၂၅၀ ဖိုး တင်ပို့နိုင်တာ ကိုတွေ့ရပါတယ်။ ဆန်ကွဲမျိုးစုံ တင်ပို့မှုရှိတဲ့အနက် ယခုလမှာတော့B (1,2)နဲ့B (2,3,4) အမျိုးအစား နှစ်မျိုးကိုသာ တင်ပို့ ကြောင်း သိရှိရပါတယ်။ သြဂုတ်လ အတွင်းမှာတော့B (1,2)  ဆန်ကွဲ အမျိုး အစားကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ ရပြီး စုစုပေါင်း တန်ချိန် ၁၂၂၂၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ၃၅၅၅၂၅၀ ဖိုးဖြစ် တယ်လို့သိရပါတယ်။နိုင်ငံအလိုက်တင် ပို့မှုတွေကတော့ ဗြိတိန်နိုင်ငံသို့တန်ချိန် ၁၀၀၀၊ အီတလီနိုင်ငံသို့တန်ချိန် ၅၀၀၊ ပြင်သစ်နိုင်ငံသို့ ၁၃၅၀ တန်၊ ဘယ်လ် ဂျီယံနိုင်ငံသို့ ၉၁၂၅ တန်နဲ့ ဟန်ဂေရီ နိုင်ငံသို့ တန်ချိန် ၂၅၀ အသီးသီးတင်ပို့ ခဲ့တာဖြစ်ပါတယ်။ ဒုတိယ အမျိုးအစားဖြစ်တဲ့  B (2,3,4ဆန်ကွဲများကတော့ တန်ချိန် စုစုပေါင်း၂၆၂၅ တန်၊ တန်ဖိုး ကန်ဒေါ် လာ ၇၇၇၅၀၀ ဖိုးဖြစ်ကြောင်း သိရှိ ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ နယ်သာလန်သို့ တန်ချိန် ၁၅၀၀၊ လစ်သူေ ယးနီးယားနိုင်ငံသို့ တန်ချိန် ၁၀၀၀ နဲ့ ရုရှားနိုင်ငံသို့ ၁၂၅ တန် အသီး သီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းက အီးယူနိုင်ငံ များသို့တင်ပို့နိုင်မှုနဲ့ နှိုင်းယှဉ်ကြည့်ပါက ယခုသြဂုတ်လမှာ ပေါင်းဆန်တန်ချိန် ၁၇၅၀ ပိုမိုခဲ့ပြီး မြန်မာ့ဆန်ဖြူကတော့ ၂၇၅ တန်ပိုမိုခဲ့သလို ဆန်ကွဲ အမျိုး အစားကတော့ ၆၁၂၅ တန်ပိုမိုတင်ပို့ နိုင်တာကြောင့်စုစုပေါင်းတန်ချိန် ၈၁၅၀ ပိုမိုခဲ့ကြောင်းသိရှိရပါတယ်။ အာဖရိက နဲ့ အီးယူသို့ ယခုလမှာပေါင်းဆန်၊ ဆန်နဲ့ ဆန်ကွဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂၇၀၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါ တယ်။ အာဖရိကနဲ့အီးယူနိုင်ငံစုံသို့ ပေါင်း ဆန်နဲ့ ဆန်ကွဲမျိုးစုံ တင်ပို့နိုင်မှုကို လေ့ လာ ကြည့်ပါက သြဂုတ်လတစ်လလုံး တွင် စုစုပေါင်းတန်ချိန် ၄၀၄၂၅ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ၁၃ဒသမ၃၁၇ သန်း ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါ တယ်။