ပုသိမ်ဆန်လက်လီဈေးကွက် ပုံမှန်ရောင်းဝယ်လျက် အညာဘက်မှ နွေသီးထပ်ဆန်ဝယ်လိုအား လျော့နည်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဆန်စပါးဈေးကွက်မှာတိုင်းအတွင်းလက်လီစားသုံးမှုဈေးကွက်နဲ့ ရန်ကုန် လက်လီဈေးကွက်သို့ ပုံမှန်တင်ပို့လျက်ရှိသော မိုးဆန်ဧရာဝတီ ပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ရွှေသွယ်၊ မျိုး ပွား၊ မနော သုခဆန်လက်လီဈေးကွက် မှာ သြဂုတ်လဈေးနဲ့စက်တင်ဘာလပထမပတ်အတွင်း ဈေးနှုန်းအပြောင်း လဲမရှိပုံမှန်ရောင်း ဝယ် လျက် ရှိ ကြောင်း သိရပါတယ်။
ပုသိမ်မြို့တွင်းရှိ စက်ပိုင်ကုန်သည်အများစုမှာမိုးစပါးကို လက်လီဈေးကွက်အတွက် အဓိကထားပြီး နှစ်စဉ် သိုလှောင် လျက်ရှိသော်လည်း အချို့ကုန်သည်စက်ပိုင်အများစုမှာ နွေသီးထပ်ရင်စပါးကို ပိုမိုလှောင်လေ့ရှိကြောင်း၊ အထက် အညာ မန္တလေးမူဆယ် ဈေးကွက်သို့ နွေသီးထပ်ရင်ဆန်များ သာ အဓိကထားရောင်းချလျက် ရှိ ကြောင်း၊ ယခုနွေသီးထပ်ရင် ဆန်ဝယ်လိုအား လျော့နည်းသွားသောကြောင့်သီးထပ်ရင်စပါးဈေးနဲ့ ဆန်ဈေးမှာအတက်မရှိတော့ဘဲ အကျဘက်သို့သာ ဦးတည်လျက်ရှိကြောင်း အရောင်းအဝယ်သွက်ရင် ဈေးနှုန်း မြင့်တက်ပြီးအရောင်းအဝယ် အေးရင် ဈေးနှုန်းကျဆင်းမှုများ ရှိကြောင်း ဆန်စပါး ဈေး ကွက်မှ သိရပါတယ်။ ဆန်စပါးဈေးကွက်မှာ တောင်သူနဲ့ ဈေးကွက် ပြောင်းပြန်အချိုးကျပြီး ဈေးတက်ရင်တောင်သူများမှာထပ်မံပြီး ဈေး တက်နိုင်တယ်လို့ယူဆပြီး ရောင်းချမှုနည်းကြောင်းဈေးနှုန်းကျဆင်းလာပါက ဈေးထပ်မံကျဆင်းလာမှာကိုစိုးရိမ်တဲ့ အတွ က် မိမိနစ်နာမယ်လို့ ယူဆကာ အလုအယက်ရောင်းချမှုများရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရပါတယ်။
