ချင်းရွှေဟော်တွင် ကုန်သွယ်မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်

 

ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှချင်းရွှေဟော်နယ်စပ်ကုန် သွယ် ရေးစခန်းတွင် စက်တင်ဘာလ ၁ရက် နေ့ နေ့လည်၁၃း၃၀ နာရီအချိန်၌ ကုမ္ပဏီ၊ကုန်သည်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်သွယ် မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ဆွေးနွေးပွဲတွင်နယ်စပ်ကုန်သည်အသင်းအတွင်းရေးမှူးမှမကြာခင် ရက်ပိုင်း အတွင်းကတရုတ်ဘက်မိန်းတိန်တွင်

ဆန်၊ ပြောင်း ကုန်သည်များအဖမ်းခံ  ခဲ့ရကြောင်း၊ ၎င်းတို့အဖမ်းခံရ မှုကြာင့် မိမိဘက်မှကုန်ကြွေးရာင်းထားသောကုန်ဖိုးငွေများဆုံးရှုံးခဲ့ရကြောင်း၊ ဒါ့အပြင်လူကြုံပါး၍ လွှဲလိုက်သော ငွေများလည်း ဆုံးရှုံးခဲ့ရကြောင်း၊ နှစ်နိုင်ငံရောင်းဝယ်မှုအားဘဏ်စနစ်ဖြင့် ဆောင်ရွက်ပေးပါရန်နှင့်တရားဝင်ကုန်သွယ် မှုဖြစ်စေ ရန် အကြောင်းတစ်စုံတစ်ရာကိစ္စရှိပါကလည်းတစ်ဘက်နိုင်ငံဘဏ်နှင့်မည်သို့ဆက်သွယ်ဆောင်ရွက် နိုင်မည်ကိုသိ လိုေ ကြာင်း တင်ပြဆွေးနွေး ခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာ သော ကုမ္ပဏီ၊ ကုန်သည်၊ လုပ်ငန်းရှင် များ မှငွေလွှဲ မှု အဆင်ပြေစေရေးအတွက် ပုဂ္ဂလိကဘဏ် ဖွင့်လှစ်ပေးရေး၊ ဖုန်းဆက်သွယ်မှု ကောင်းမွန်ရေးတို့ကိုအဓိကထား တင်ပြ ဆွေးနွေးခဲ့ကြ ကြောင်း သိရပါတယ်။