ဘိလပ်မြေတန်ချိန် တစ်သိန်းကျော်ဝင်

 
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ သိန်းကိုးဆယ်ကျော်တန်ဖိုးရှိ ဘိလပ်မြေ ၁၀၉၃၅၉တန်ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှမှာယူတင်သွင်းခဲ့ပါတယ်

ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံ မှ ဘိလပ်မြေ ၂၇၄၄တန်၊စင်ကာ ပူနိုင်ငံမှ ဘိလပ်မြေ ၁၁၅၅၀ တန် နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၉၅၀၆၅ တန်ကို တင် သွင်းခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဘက်မှ အများဆုံးတင်သွင်းခဲ့တာတွေ့ရပါတယ်။ထိုင်းနိုင်ငံ မှ INSEE Diamond  ဘိလပ်မြေတန်ချိန်ငါးထောင့်တစ်ရာကျော်နဲ့ဆင်တံဆိပ်ဘိလပ်မြေတန်ချိန်ရှစ်သောင်းကိုးထောင်ကျော်ဝင်လာ ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန်ကိုးသောင်းနှစ်ထောင်ကျော် ရှိခဲ့ တာေ ကြာင့် ဒီတစ်ပတ် မှာ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။