ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်အတိုင်းဈေးကွက်ရှိနေတဲ့ဘိလပ်မြေ

 
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ - ၂၀၁၄ စက်တင်ဘာလ ၇ ရက်မှ စက်တင်ဘာလ ၁၃ ရက်သီတင်းပတ်မှာ ပြည်တွင်းကိုရေလမ်းမှ ဘိလပ်မြေ အဝင် မှာတန်ချိန်တစ်သိန်းကျော်ရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ကိုးသောင်းနှစ်ထော င်ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန်တစ်သောင်းခြောက်

ထောင်ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှယခုတစ်ပတ်ဘိလပ်မြေအဝင်မှာတန်ချိန်ခုနစ်ထောင့်သုံးရာကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာဒီတစ်ပတ်မှာ တန်ချိန်တစ်ထောင့်ကိုးရာ ခြောက်ဆယ်ကျော် အဝင်ေ လျာ့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာရေလမ်းမှ ဘိလပ်မြေအဝင်ပိုခဲ့ပေမယ့် နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်လျော့ခဲ့ပါတယ်။ မကွေးဈေးကွက်မှာဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိနေပေမယ့်ဆင်(ထိုင်း)ကဈေးငြိမ်နေပြီး ဆင်မြန်မာဘိလပ်မြေ နဲ့ အပါချီဘိလပ်မြေ ကဈေးကျလာကာ မြင်းခေါင်းဘိလပ်မြေက ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင် (ထိုင်း) ၆၂၀၀ ကျပ်၊ အပါချီ ၅၀၀၀ ကျပ်၊မက်စ်(မြန်မာ)၅၂၀၀ ကျပ်၊ မြန်မာဆင် ၄၆၀၀ ကျပ်၊မြင်းခေါင်း ဘိလပ် မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။ မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာပေမဲ့ ပြည်တွင်းဘိလပ်မြေဖြစ် တဲ့ကြံ(မြိုင်ကလေး)ဘိလပ်မြေကဈေးနည်းနည်းကျလာပြီးစိန်(ထိုင်း)ကငါးဆယ်ကျပ်ဈေးမြင့်ကာ အရောင်းအဝယ် ဖြစ် တယ်လို့သိရပါတယ်။ဒီတစ်ပတ်ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်တဲ့ဈေးကဆင်(ထိုင်း)ဘိလပ်မြေ၄၈၀၀ ကျပ်၊ မြင်းေ ခါင်း ဘိလပ်မြေ ၄၁၀၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) ဘိလပ်မြေ ၃၈၅၀ ကျပ်၊ စိန်ဘိလပ်မြေ ၄၇၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ပုံမှန်အရောင်း အဝယ်ရှိပေမဲ့ငြိမ်နေ တယ်လို့သိရပါ တယ်။ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ စိန်(ထိုင်း) ၇၀၀၀ ကျပ်၊ ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ ကျပ်၊အပါချီဘိလပ်မြေ၄၉၀၀ကျပ်၊ကျားခေါင်း ၅၀၀၀ ကျပ်၊ နဂါး ဘိလပ်မြေ ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် မှ သိရှိရပါတယ်။