အိန္ဒိယ-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု - ၂၀၁၄ ကုန်စည်ပြပွဲကျင်းပ
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု-၂၀၁၄ ကုန်စည်ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ နိုင်ငံတော်သမ္မတ၏ အကြံပေး ပုဂ္ဂိုလ် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးများ၊ UMFCCI ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr.Gautam Mukho-phadhayaဥက္ကဋ္ဌ Mr.Ranjit Barthakur တို့တက်ရောက်ကြပြီး အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပါသည်။
အဆိုပါပြပွဲ၌ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ လျှပ်စစ်ဓာတ်အား လိုင်းနှင့်ဓာတ်အားခွဲရုံ တည်ဆောက်မှု ဆိုင်ရာပစ္စည်းများ၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများစသည်တို့ကို ကုမ္ပဏီပေါင်း ၄၂ ခု နှင့် ပြခန်းပေါင်း ၈၇ ခန်းတို့ ပါဝင်ပြသကြပါသည်။ ထို့အပြင် ပြပွဲ ဒုတိယနေ့၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီ မြို့၌ အိန္ဒိယဝန်ကြီးချုပ်မိုဒီဦးဆောင်၍ Make Indiaေခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ကျင်းပပုံကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ဝန်ကြီးများ၊စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ံH.E.Mr.Gautam Mukho-phadhaya, FICCI ဥက္ကဋ္ဌMr.Ranjit Barthakurတို့မှ တက်ရောက် ကြည့်ရှုကြပါသည်။ ကုန်စည် ပြပွဲ အားစက်တင် ဘာလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပခဲ့ရာ စိတ်ဝင်စားသူလုပ်ငန်းရှင်များနှင့် အများပြည်သူတို့ လာရောက်လ့လာ ကြည့်ရှုကြကြောင်း သိရှိရပါသည်။
