အီဘိုလာဖြစ်ပွားနေခြင်းကြောင့် အနောက်အာဖရိကသို့ ထိုင်းဆန်တင်ပို့မှု လျှော့ချ
အာဖရိကမှာ အီဘိုလာဖြစ်ပွား ခြင်းက အာရှလိုဝေးလံတဲ့ဒေသတွေ ကပင် လယ်ယာစိုက်ပျိုးရေးနဲ့ ပြည်ပတင်ပို့မှုတို့ အပေါ် သက်ရောက်မှုစတင်နေကြောင်းနဲ့
ပထမအကြိမ် ပြင်းထန်တဲ့ သက်ရောက်မှု ကြုံတွေ့နေရတဲ့ထဲမှာ ထိုင်း ဆန်လုပ်ငန်းလည်း ပါဝင်ကြောင်း သိရပါတယ်။ အာဖရိကဟာ ထိုင်းဆန်အတွက် အဓိကဈေးကွက် တစ်ခုဖြစ် ပါတယ်။ ဒါပေမဲ့ ဆန်တင်ပို့သူတွေအနေနဲ့ ဝယ်လိုအားဖြည့်ဆည်းဖို့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါ တယ်။ ဘန်ကောက်ရှိ ဆန်တင်ပို့သူတွေ ပြောကြားချက်အရ အာဖရိကစားသုံး သူတွေက နှစ်စဉ်ဆန်တန်ချိန် ၉ သန်းစားသုံးကြောင်း၊ အဲဒီပမာဏအနက် သုံးပုံနှစ်ပုံမှာ တင်သွင်းထားပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိအခြေအနေ အရ အနောက်အာဖရိက ဆိပ်ကမ်းတွေကို ၎င်းတို့ဆန်တွေ တင်ပို့လို့ မရဘူးလို့ သိရပါတယ်။ ဆန်တင်ပို့ဖို့အတွက် သင်္ဘောသားတွေ ရှာမရဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ အသက်အန္တရာယ် ဆုံးရှုံးစေတဲ့အီဘိုလာဖြစ်မှာကို စိုးရိမ်တာကြောင့်လို့ ထိုင်းဆန်တင်ပို့သူအသင်းဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Vichai Sriprasert ကပြောကြားကြောင်း သိရပါတယ်။ အနောက်အာဖရိကကုန်သည်တွေက ခရစ်စမတ်ကာလ အတွင်းေ ရာင်းချနိုင်ဖို့ဆန်သိုလှောင်ဖို့ကြိုးစားနေကြတယ်။ အဲဒီလိုသိုလှောင်နိုင်ဖို့ အခု အချိန် ဝယ်ယူရမှာဖြစ်ပေမဲ့ လက်ရှိ အခြေအနေအရသင်္ဘော လုံလုံလောက်လောက် ရှာမရတာက ကုန်သွယ်မှု အခြေအနေတစ်ခုလုံးကို ထိခိုက်ေ စနိုင်တယ်လို့လည်း ၎င်းတို့က ဆိုပါတယ်။ ယခုနှစ်လက်ရှိအချိန်ထိ အာဖရိက ကို ထိုင်းဆန်တန်ချိန် ၃ ဒသမ ၃ သန်း ကျော်တင်ပို့ပြီးသွားပြီဖြစ်လို့ ပြီးခဲ့ တဲ့ နှစ်တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၇၅ သန်းပြည့်မီဖို့ အနည်းငယ်လို နေသေးတယ်လို့ ဆိုပါတယ်။ ပမာဏများစွာတင်ပို့ခဲ့တဲ့အဓိကနိုင်ငံတွေက ဘီနင်၊ အိုင်ဗရီကို့စ်၊ တောင်အာဖရိက၊ ကင်မရွန်၊ မိုဇမ်းဘစ် နဲ့ နိုက်ဂျီးရီး ယားနိုင်ငံများ ဖြစ်ပါတယ်။ ယခုလိုအမြင့်ဆုံးတင်ပို့ရမယ့် ရာသီအချိန်မှာ ဆန်အလျင်အမြန် တင်ပို့နိုင်မှုမရှိခြင်းက သိုလှောင်ဆန်တွေ အပြည့်ဖြစ်နေတဲ့ ထိုင်းဆန်တင်ပို့ သူတွေအတွက် အခက်အခဲတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အဲဒီ အခြေအနေ က ဆန်လုပ်ငန်းအတွင်း ကွင်းဆက်တန်ပြန်ဖြစ်ပေါ်မှုတွေ ဖြစ်လာပြီး တောင်သူတွေကို ရိုက်ခတ်လာနိုင်တယ် လို့ လည်း Vichai ကထပ်လောင်းပြောကြားပါတယ်။ ၎င်းတို့အနေနဲ့ သိုလှောင်ရုံတွေကနေ ဆန်မထုတ်နိုင်ဘူး၊ အလားတူ ဆန်စက်လုပ်ငန်းရှင်တွေဆီကလည်း ဆန်မဝယ် နိုင်ဘူး၊ ဆန်စက်သိုလှောင်ရုံ တွေမှာလည်း ဆန်တွေပြည့်နေတယ်၊ အကယ်လို့ ဆန်တင်ပို့သူတွေကို ဆန်ထုတ် မရောင်း နိုင်ရင် တောင်သူတွေဆီကမဝယ်နိုင်တော့ဘူး၊ လူတော်တော်များများက ဆန်မဝယ်ယူနိုင်တော့ လို့ တောင် သူေ ရာင်းဈေးကျဆင်းမယ် လို့လည်း ၎င်းတို့က ဆိုပါတယ်။ အာရှဆန်ကို ဒီသီတင်းပတ်တွေမှာ ဝယ်လိုအားနည်းနေတဲ့အပြင် အီဘိုလာဖြစ်ပွားမှုကြောင့် အရင်ကထက် ဈေးကွက်ကျဆင်းဖွယ်ရှိ တယ်လို့ ဆိုပါ တယ်။
လူကိုသေစေနိုင်တဲ့ ဗိုင်းရပ်စ်ကျရောက်နေတဲ့ နိုင်ငံတွေမှာ စားနပ်ရိက္ခာ ဈေးနှုန်းပိုပြီး ကြီးလာဖွယ်ရှိတယ်လို့ FAOက သတိပေးပြောကြားထားပါတယ်။ အချို့သော အာဖရိကလယ် သမားတွေဟာ လယ်ထဲမဆင်းနိုင်ကြဘူး၊ သင်္ဘောနဲ့ရောလေ ကြောင်းနဲ့ပါ ဆန်တင်သွင်းမှုက ရောက်ရှိဖို့ မသေချာ ဘူးလို့လည်း FAO ကဆိုပါတယ်။ အိန္ဒိယဆန်တင်ပို့သူများအသင်း ယခင် ဥက္ကဋ္ဌဟောင်းဖြစ်သူ Vijay Satia ပြောကြားရာမှာတော့ ၎င်းင်းအနေနဲ့ အာရှဆန်တင်ပို့မှုက အာဖရိက နိုင်ငံများကိုရောက် ရှိနိုင်တယ်၊ ဒါပေမဲ့ကုန်ကျစရိတ်ပိုကြီးမယ်လို့ ဆိုပါတယ်။ ဆန်တင်ပို့သူတွေအနေနဲ့ ပြဿနာနည်းတဲ့ ဆိပ်ကမ်းတွေ ကတစ်ဆင့်တင် ပို့ပြီး အဲဒီကတစ်ဆင့် ရထား၊ ကားနဲ့ တင်ပို့လို့ရတယ်။ဒါပေမဲ့စားသုံးသူဈေးနှုန်းကအရမ်းကိုမြင့်တက်နေမှာဖြစ်ပေမဲ့ဆန်တင်ပို့သူတွေအနေ နဲ့ တော့ ဈေးနှု န်း က နိမ့်နေမယ်လို့လည်း ၎င်းင်းက ထောက်ပြပါတယ်။ အချို့ဆိပ်ကမ်းများမှာ ကုန်တင် ကုန်ချနည်းသွားပေမဲ့ သင်္ဘောသားများ အာဖရိကဆိပ်ကမ်းများကို သွားဖို့ ငြင်းဆိုတဲ့ ပြဿနာက အရမ်းကြီးတော့ မကြီးသေးပါဘူးလို့ ဆိုပါတယ်။
