မြန်မာ ယူ-၂၀ အသင်း၏ သုံးပွင့်ဆိုင်ခြေစမ်းပွဲပျက်ပြယ် ဖီဂျီယူ-၂၀အသင်းနှင့်သာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားတော့မည်

အတွဲ(၁၅)အမှတ်(၇)

      မြန်မာယူ-၂၀ အသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၇ရက်မှစတင်၍ သုံးပွင့် ဆိုင်ခြေစမ်းပွဲအဖြစ် ဖီဂျီယူ-၂၀ အသင်း၊ ဥဇဘက်ကစ္စတန်ယူ-၂၀ အသင်းတို့နှင့် သုံးပွင့်ဆိုင် ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင် ကစားမည်ဟု  ကြေညာခဲ့သော်လည်း ယခုအခါတွင် ဖီဂျီယူ- ၂၀အသင်းနှင့် သာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစား တော့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာ ခဲ့သည်။
မူလက  သုံးပွင့်ဆိုင်ခြေစမ်းပွဲကို မန္တလေးမြို့၌ ကျင်းပမည်ဟု ကြေညာ ခဲ့သော်လည်း     ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲအတွက်အုပ်စုမဲခွဲအပြီးတွင် ယခု ကဲ့သို့  ဖီဂျီအသင်းနှင့်သာခြေစမ်းရန်စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖီဂျီ ယူ-၂၀ အသင်းနှင့်ခြေစမ်း ပွဲကို  မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်တွင် လည်းကောင်း၊ ရန်ကုန် မြို့တွင် ဖေဖော်ဝါရီ ၂၀ရက်တွင်လည်း ကောင်း ကျင်းပမည်ဖြစ်သည်။
သမုဒ္ဒရာပိုင်းဇုန်ကိုယ်စားပြု ဖီဂျီ ယူ-၂၀ အသင်းသည် မြန်မာယူ-၂၀ အသင်းကဲ့သို့ပင်  ယခုနှစ်မှစတင်ကာ ကမ္ဘာ့ဖလားယူ-၂၀ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့်အသင်းဖြစ်သည်။ ဖီဂျီယူ-၂၀အသင်းသည်  သမုဒ္ဒရာပိုင်း ဇုန်ယူ-၁၉  ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ သည့် အသင်းဖြစ်သည်။
     အဆိုပါ  ယူ-၂၀အသင်းအား နည်းပြအဖြစ် ပြည်တွင်းနည်းပြ ရာဗီ နက်ရှ်ကူးမားက   တာဝန်ယူထားပြီး နည်းစနစ်ဒါရိုက်တာအဖြစ်  ဥရုဂွေးမှ ဂျူအန်ကားလို့စ်ဘူဇက်တီက တာဝန် ယူထားကြောင်း  သိရသည်။
ဖီဂျီယူ-၂၀အသင်းမှကစားသမား  အများစုမှာ   ပြည်တွင်းကလပ်အသင်း များမှဖြစ်ပြီး  ကွင်းလယ်လူ မိုဟာမက် ခန်းနှင့် အယ်လ်တက်ဖ်ရှရစ်တို့မှာနယူး  ဇီလန်ကလပ်  ွျှငေအေုနမန ဃငအပ အသင်းတွင် ကစားလျက်ရှိသည်။
အဆိုပါခြေစမ်းပွဲ ပွဲစဉ်များ အတွက် ကွင်းဝင်ကြေးမှာ ရိုးရိုးတန်း ကျပ် ၁၀၀၀နှင့်အထူးတန်းကျပ် ၃၀၀၀ ဖြစ်ပြီး အများပြည်သူကြည့်ရှုနိုင်ရန် အတွက် အခမဲ့ရုပ်သံလိုင်းများမှလည်း ထုတ်လွှင့်ပြသနိုင်ရန် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ စီစဉ်လျက်ရှိကြောင်း သိရ သည်။