မေဝဲသားအနိုင်ရမယ်လို့ခန့်မှန်းပြီး ပေါင်တစ်သန်းလောင်းကြေးထပ်လိုက်တဲ့ 50 Cent
အတွဲ(၁၅)အမှတ်(၁၀)
အမေရိကန် ရက်ပါအဆိုတော် 50 Cent ဟာ လာမယ့် မေ ၂ရက်နေ့မှာ အမေရိကန်လက် ဝှေ့ကျော် ဖလွိုက်မေဝဲသားနဲ့ ဖိလစ်ပိုင်လက်ဝှေ့ ကျော် မန်နီပက်ကွီအိုတို့ရဲ့ထိုးသတ်ပွဲကို ကျင်းပ မှာဖြစ်ပါတယ်။
အဲဒီပွဲမှာ အမေရိကန် ရက်ပါအဆိုတော် တစ်ဦးဖြစ်တဲ့ 50 Cent က မေဝဲသားအနိုင်ရ မယ်လို့ ခန့်မှန်းလိုက်ပြီး မေဝဲသားဘက်ကနေ လောင်းကြေးထပ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။50 Cent လောင်းကြေးထပ်လိုက်တဲ့ ပမာဏက ပေါင် တစ်သန်းရှိတယ်လို့ ဆိုပါတယ်။
မေဝဲသားဟာ အဲဒီလက်ဝှေ့ထိုးသတ်ပွဲမှာ 50 Cent ရဲ့အမည်ရင်းဖြစ်တဲ့ ကျူ့တီစ်ဂျက် ဆင်ဆိုတဲ့နာမည်ကို အသုံးပြုမှာဖြစ်ပါတယ်။
မေဝဲသားနဲ့ ပက်ကွီအိုတို့ရဲ့ ထိုးသတ် ပွဲမှာ ထိုးသတ်ကြေးအနေနဲ့ အမေရိကန် ဒေါ်လာသန်း ၂၀၀သတ်မှတ်ထားတဲ့ အတွက် ကမ္ဘာ့ကြေးအကြီးဆုံး ထိုးသတ် ပွဲတစ်ပွဲလို့ သတ်မှတ်ထားပါ တယ်။
ဒါ့အပြင် လက်ဝှေ့ဝါသနာ ရှင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ အဲဒီလက်ဝှေ့ပွဲမှာ ဘယ်သူအနိုင်ရမလဲ ဆိုတာကို လည်း မျှော်လင့်စောင့်စားနေ ကြ ပါတယ်။
အဲဒီလို အချိန်မှာပဲ 50 Cent က မေဝဲသား အနိုင်ရဖို့ ဆယ်လေး တစ်လေး ရှိတယ်ဆိုပြီး မေဝဲသားဘက်ကနေ လောင်းကြေး ထပ် လိုက်တာဖြစ်ပါတယ်။
ဒါ့ပြင် 50 Cent က မေဝဲသားသာ အနိုင်ရမယ်ဆိုရင် အဲဒီလောင်းကြေး ထပ်ထားတဲ့ငွေထဲက ပေါင် ၇၅၀၀၀၀ ကို လူမှုရေးလုပ်ငန်းတွေမှာ အသုံးပြုသွား မယ်လို့ ထုတ်ဖော်ပြောကြားပါတယ်။
မေဝဲသားနဲ့ ၅၀ ဃနညအ တို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက စီးပွားဘက်တွေ ဖြစ်ခဲ့ကြပေ မယ့်50 Cent အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ပြီးနောက် လမ်းခွဲခဲ့ကြတာဖြစ် ပါတယ်။
အခုအချိန်မှာတော့မေဝဲသားက လာ့စ် ဗီးဂတ်စ်မြို့မှာ လေ့ကျင့်လျက်ရှိနေပြီး ပက် ကွီအိုကတော့ လော့စ်အိန်ဂျလိစ်မြို့မှာ လေ့ ကျင့်လျက် ရှိနေပါတယ်။
