မြေသြဇာတန်ချိန် ၂၇၀၀ ကျော်ဝင်
အတွဲ(၁၅)အမှတ်(၁၃)
သီတင်းတစ်ပတ်ဖြစ်တဲ့ မတ် ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၈၃၂၃၇၄ တန်ဖိုးရှိ မြေသြဇာ ၂၇၀၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ဂျပန်မှ ၁၀၅ တန်၊ စင်ကာပူမှ ၆၉၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၁၆၄၀ တန်တင်သွင်းခဲ့ပါတယ်။ ဝင်လာခဲ့တဲ့အမျိုးအစား များမှာ အမိုးနီးယမ်းဆာလဖိတ်၊ ကွန်ပေါင်းနဲ့ ဏြု တို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်မှာ တန်ချိန် ၄၀၀ ကျော်သာ ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၃၀၀ ကျော်အဝင်ပိုခဲ့တယ်လိ့ု သိရပါတယ်။
