၁၉၈၄ ဟာ မှားယွင်းတဲ့သီချင်းအယ်လ်ဘမ် တစ်ခုပါလို့ အတည်ပြုလိုက်တဲ့ ကေတီပယ်ရီ

ဝေဖန်မှုတွေ အများအပြားထွက်ပေါ်နေခဲ့တဲ့ ကေတီပယ်ရီရဲ့ တေး သီချင်းအယ်လ်ဘမ်သစ် ၁၉၈၄ နဲ့ပတ်သက်ပြီး  အဲဒီခေါင်းစဉ်ဟာ မှား ယွင်းတဲ့ခေါင်းစဉ်တစ်ခုဖြစ်သလို မှားယွင်းနေတဲ့သတင်းလည်း ဖြစ်တယ် လို့ ကေတီပယ်ရီရဲ့မန်နေဂျာဖြစ်သူကDirect Management Group  ကို အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။
ကေတီပယ်ရီရဲ့ တေးသီချင်းအယ်လ်ဘမ်သစ်ရဲ့ခေါင်းစဉ် ၁၉၈၄ ဟာ တေလာဆွစ်ဖ်ရဲ့တေးသီချင်းအယ်လ်ဘမ်တစ်ခုဖြစ်တဲ့ ၁၉၈၉ ကို အတုယူထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကေတီပယ်ရီရဲ့မန်နေဂျာက ''အွန်လိုင်းပေါ် မှာ ကေတီရဲ့သီချင်းသစ်နဲ့ပတ်သက်ပြီး အမျိုးမျိုးသော ဝေဖန်မှုတွေ ထွက်ပေါ် ခဲ့ပါတယ်။ ဒီသီချင်းခေါင်းစဉ်ကို ၁၉၈၄ လို့ ပေးထားတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါတွေဟာ ကောလာဟလတွေပါ။ ကေတီနဲ့ တေလာဆွစ်ဖ် တို့နှစ်ယောက်ကြားကို ပဋိပက္ခဖြစ်စေမယ့်  အကြောင်းအရာတွေပါ''လို့ ပြောကြားခဲ့ပါတယ်။
သတင်းတွေကတော့ ကေတီပယ်ရီဟာ အဲဒီတေးအယ်လ်ဘမ်မှာ ပါဝင်မယ့်သီချင်းတွေကို ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေကိုပဲ အသုံးပြု မယ်လို့ ရေးသားနေကြပါတယ်။
တကယ်တော့ အဲဒီ ၁၉၈၄ ဆိုတဲ့ တေးအယ်လ်ဘမ်သတင်းဟာ သတင်းမှားကြီးပါလို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ကေတီဟာ အဲဒီ သီချင်းကိုဖန်တီး  ဖို့အတွက် ကောလာဟလထုတ်လွှင့်ခဲ့တာ မဟုတ်သလို အဲဒီသီချင်းကို ရေးသားနေတာတွေ၊ သီဆိုတာတွေ၊ အသံသွင်းနေတာ တွေ၊ စာရင်းသွင်းနေတယ်ဆိုတာတွေကလည်း တစ်ခုမှမဟုတ်ပါဘူးလို့ ဆိုပါတယ်။