မွန်ပြည်နယ် ရော်ဘာဈေးမြင့်လာပြီ

  ရော်ဘာမြို့တော် မွန်ပြည်နယ်ရဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိုက်ဧက ၄၈၉၀၀၀ အပေါ် အထွက်တန်ပေါင်း ၁၀၄၀၃၀ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။သို့သော် ပြည်ပရော်ဘာဈေးနှုန်း အပေါ်မူ တည်ပြီး၊ ပြည်တွင်းရော် ဘာဈေးနှုန်းများမှာလည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း ကRSS(3) တစ်ပေါင် ၅၀၀ ကျပ်အထိ ရောက်ရှိခဲ့ ပါတယ်။ ရော်ဘာခြံရှင်အများစု၊ အလုပ်သမားကုန် ကျစရိတ် မကာမိတဲ့အတွက် ခြံများအစေးခြစ်လုပ် ငန်း ရပ်ဆိုင်းခဲ့ရသလို ခြစ်ယူပြီး ရော်ဘာများလည်း ထုတ်မရောင်းနိုင်ဘဲ သိုလှောင်သိမ်းဆည်းခဲ့ရပါတယ်။ယခုအခါမှာတော့  ရော်ဘာဈေးနှုန်း ပြန် လည်ဦးမော့လာပြီလို့ဆိုရမလို ဖေဖော်ဝါရီလလယ် ကစပြီး RSS(3)တစ်ပေါင်ဈေးနှုန်းဟာ ၅၂၅ ကျပ် ကနေပြီး ယခုအချိန် မေလဆန်းမှာ ၈၀၀ ကျပ်ကို ရောက်ရှိနေပြီဖြစ်လို့ ရော်ဘာခြံရှင်များ ပြုံးပျော်နေ ကြောင်း တွေ့မြင်ရပါတယ်။အလားတူ မွန်ပြည်နယ်မှ ရော်ဘာများ ကုန် သွယ်ရေးလမ်းကြောင်းတစ်လျှောက် ပြည်ပကိုခြေဆန့်သွားတော့မှာဖြစ်ကြောင်းပါ။
အောင်လွင်-မော်လမြိုင်