အရည်အသွေးခေတ်ကို ထူထောင်ကြမလား
မြန်မာနိုင်ငံတွင် စားဝတ်နေရေးသည် အသက်ရှင်သန်ရပ်တည် ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည်ကို လူတိုင်းသိကြပါသည်။ ၁၉၄၃ ခုနှစ်တွင် A.H. Maslow ဟုခေါ်သော စိတ်ပညာရှင်တစ်ဦး ပေါ်ထွက်ခဲ့ရာ ထိုသူ၏ ''မက်စလိုပိရိမစ်ပုံ လူတို့၏လိုအင်များ''သည် နာမည်ကြီးသော အကြောင်းအရာတစ်ခုအဖြစ် ယခုတိုင် သုံးစွဲနေပါ သည်။ ယင်း Maslow က လူတို့တွင် အဓိကလိုအပ်ချက်နှင့် လိုအင် ၅ ပိုင်းရှိသည်ဟု ပြောခဲ့ပါသည်။ ယင်းတို့မှာ (က) အခြေခံလိုအပ် ချက်များ ပြည့်စုံလိုမှု (ခ) လုံခြုံစိတ်ချရလိုမှု (ဂ) မေတ္တာတရား ရလိုမှု သို့မဟုတ် ရယူပိုင်ဆိုင်လိုမှု (ဃ) တန်ဖိုးထား လေးစားခံလိုမှုနှင့် (င) မိမိကိုယ်ကို ကျေနပ်နှစ်သက်မှုစသည်တို့ဖြစ်သည် ဟု လေ့လာ ဖူးပါသည်။ အပေါ်ပိုင်းသုံးခုကိုဖယ်လျှင် အောက်ခြေနှစ်ခုမှာ လူ တိုင်းရဖို့လိုအပ်သည်ဟု ထင်ပါသည်။ ကောင်းကောင်းမွန်မွန် စားလို မှု၊ နေထိုင်လိုမှု၊ ဝတ်ဆင်လိုမှု၊ စားဝတ်နေရေး ဖူလုံမှုတို့နှင့်အတူ လုံခြုံစိတ်ချရလိုမှု Safety သည် ဒုတိယဆင့်အနေဖြင့် စားဝတ်နေရေး ပြီးလျှင် အလိုအပ်ဆုံးဖြစ်သည်ကို တွေ့နိုင်ပါသည်။
သို့ရာတွင် ကျွန်တော်တို့သည် လုံခြုံစိတ်ချရလိုမှု ှေ်နအပ ကို မည်မျှရပါသလဲ၊ ရအောင် ဘာတွေလုပ်ရမှာလဲဆိုသည့်အပိုင်းက အတော်အရေးပါသည် ထင်ပါသည်။ ကျွန်တော်တို့သည် စားရေး အတွက် စိတ်ချရလိုသည်၊ စားရေးအတွက် အရေအတွက်ကော အရည်အသွေးပါ စိတ်ချရလိုပါသည်။ ဝတ်ရေးအတွက်တွင်လည်း စိတ်ချရလိုပါသည်။ အရေအတွက်တွင်ရော အရည်အသွေးကိုပါ စိတ်ချရလိုပါသည်။ နေထိုင်ရေးတွင်လည်း စိတ်ချရလိုပါသည်၊ နေထိုင်ရေးတွင်လည်း အရေအတွက်ရော အရည်အသွေးပါ စိတ်ချရ လိုပါသည်။ အစိုးရတိုင်းအတွက် စားသုံးသူပြည်သူများသည် အရေး အကြီးဆုံးဖြစ်သည်ဟု ဆိုကြပါသည်။
သို့ဖြစ်၍ လုံခြုံစိတ်ချရလိုမှု Safetly သည် စားသုံးသူပြည်သူ များအတွက် အရေးကြီးသည်ဟုဆိုပါက သုံးချက်တွက်နည်းပင် မလိုပါ။ စားဝတ်နေရေး ပြည်စုံရန်နှင့် ရရှိလာသော စားစရာ၊ ဝတ် စရာ၊ နေစရာများသည် အရေအတွက်အားဖြင့်ဖြစ်စေ၊ အရည် အသွေးအားဖြင့်ဖြစ်စေ၊ လုံခြုံစိတ်ချရမှု ှေ်နအပ သည် အစိုးရတိုင်း အတွက်လည်း အရေးအကြီးဆုံးဖြစ်မည်ထင်ပါသည်။ အဆိုပါ အခြေခံအချက်နှစ်ရပ်သည် ပြည်သူအတွက်ရော၊ အစိုးရအတွက်ပါ အရေးအကြီးဆုံး ဖြေရှင်း ရမည့်ကိစ္စဖြစ်လာပါသည်။
ကျွန်တော်တို့တွေက ကုန်ပစ္စည်းများကို စားဝတ်နေရေး အတွက် ထုတ်လုပ်ရာတွင် ကြည့်ပါက စားစရာမှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း၊ ချင်း၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်ဟူ၍ အခြေခံစားကုန် ၁၀မျိုးတွင် မိမိတိုင်းပြည်မှ မထုတ်လုပ်နိုင်သော ပစ္စည်းမရှိပါ။ ပိုလျှံသဖြင့် နိုင်ငံခြားသို့ တင်ပို့ နေရပါသည်။ ဆီသာလျှင် အစားများလွန်းသဖြင့် ပြန်တင်သွင်း နေရခြင်းဖြစ်ပါသည်။ တင်ပို့ရာတွင်လည်း အများဆုံး ကုန်သွယ်ဖက် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပါသည်။ အဆိုပါ နိုင်ငံများအနက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ် ဖက်နိုင်ငံများအနက် ကုန်သွယ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။
သူက ကျွန်တော်တို့၏ အားနည်းချက်ကို ခွင့်လွှတ်ပြီး အရည် အသွေးနိမ့်သော ကုန်စည်များကို ဝယ်ယူသည်၊ သို့သော် ဤသို့ အရည်အသွေးနိမ့် ကုန်စည်များကို ဝယ်ရသဖြင့် တရုတ်ကြီးက အနစ်နာခံခြင်း မဟုတ်ပါ။ သူတို့နိုင်ငံသို့ ကျွန်တော်တို့ တင်ပို့လိုက် သည့် ကုန်ကြမ်းသာသာ သာရှိသည့်ကုန်စည်များကို ပြန်လည်ပြုပြင် ပြီး လှလှပပ ထုပ်ပိုးကာ တရုတ်ပြည်မကြီး၊ ပြည်နယ်ခွဲလေးများ၊ အခြား ဒေသများနှင့် နိုင်ငံရပ်ခြားတိုင်းပြည် များသို့ ပြန်လည်တင်ပို့ ရောင်းချ နေပါသည်။ သူက ပိုတောင် အကျိုးရှိပါသည်။ အဘယ် ကြောင့်ပါနည်း၊ အရည်အသွေးမြင့် ကုန်မျိုးဖြစ်လာစေရန် နည်းပညာ ကောင်းကောင်းနှင့် ပြန်လည်ပြုပြင်နိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ကျွန်တော်တို့ရော အရည်အသွေးကောင်း ကုန်စည်များ မထုတ်လုပ် နိုင်ဘူးလား၊ ထုတ်လုပ်နိုင်ပါသည်။
သို့သော်—ဤသို့သော်က အရေးကြီးပါသည်။ ကျွန်တော်တို့၏ ကုန်ထုတ်လုပ်မှုတွင် ဆင်းရဲခြင်းက အရေးပါနေသလို၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော ခေတ်များကလည်း အရေးပါနေပါသည်။ ဆိုရှယ် လစ်ခေတ်၊ ဆိုရှယ်လစ်စီးပွားရေးတွင် စိုက်ပျိုးရေးထွက်ကုန်များပါမကျန် အကန့်အသတ် အချုပ်အချယ် စည်းမျဉ်းစည်းကမ်း များဖြင့် ဝယ်ယူသိုလှောင် ရောင်းချ ပြည်ပတင်ပို့ခြင်းများကို ကန့်သတ်ခဲ့ သဖြင့် တိုးတက်အောင်လုပ်ခြင်း၊ စံနစ်တကျ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းများအစား ရှေးအစဉ်အလာဖြစ်သော ယုံကြည်မှုကိုအခြေခံပြီး အရေးယူမခံရရေး၊ အခွန်မထမ်းရရေးကိုသာ အဓိကထားပြီး၊ ကုန်သည်အများစုမှာ သိပ်သိပ် သည်းသည်းသာ လှုပ်ရှားရောင်းဝယ်ခဲ့ကြသဖြင့် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာနှင့် လုပ်ငန်းများ မတိုးချဲ့ခဲ့ဘဲ ၁၉၈၈ ခုနှစ်ထိ တလှုပ်လှုပ်သာရှိခဲ့သည်ကို မြင်နေရပါသည်။
ထို့အပြင် ပစ္စည်း၏အရည်အသွေးထက် အရေအတွက်ကိုသာ အခြေခံထုတ်လုပ်သည့်စနစ်ဖြင့် လည်ပတ်နေရသဖြင့်စားသုံးသူအား ဦးစားပေးသည့် အခြေအနေမဟုတ်ဘဲ ထုတ်လုပ်သူက အဓိကကျ သည့် အခြေအနေဖြစ်နေ သည်ကိုတွေ့နေရပါသည်။ ထိုအခြေအနေ ဆိုးသည် စားသုံးသူအား ဦးစားပေးရသည့် ဈေးကွက်စီးပွားရေးစနစ် အကောင်အထည်ဖော်နေသည့် ယခုအချိန်ထိ ပြောင်းလဲလာသည့် ရေစီးကြောင်းနှင့်အညီ လိုက်မလုပ်နိုင်ဘဲ အရည်အသွေး ညံ့ညံ့ ပစ္စည်းများကို ထုတ်လုပ်ပြီး အကျိုးအမြတ်များများကိုသာ လိုချင်နေ သည့် ဝိသမ လောဘကုန်သည်များကျန်ရှိနေပြီး၊ ယင်းတို့သည် အစိုးရအား အခွန်မဆောင်လိုသည့် တရားမဝင်ကုန်စည် ကူးသန်း ရောင်း ဝယ်သူများအဖြစ်ဖြင့်သာ ဆက်လက်တည်ရှိနေသည်ကို တွေ့ရပါသည်။
သူတို့၏ လောဘများက အတောမသတ်သဖြင့် ဘယ်သူ သေ သေ ငတေမာရင်ပြီးရော ဆိုသကဲ့သို့ အကျိုးအမြတ် များများကျန် ရေးသာ ဦးတည်ပြီး၊ စားသုံးသူများ၏ ကျန်းမာရေးကို မည်မျှပင် ထိခိုက်စေကာမူ မျက်ကွယ်ပြုကာ စီးပွားရေး မသမာမှုများ ပြုလုပ်နေ ကြပါသည်။ သူတို့ကို လုပ်ငန်းတူသူများက သတိထားမိနေမည်မှာ မလွဲပါ။ သို့သော် လုပ်ငန်းတူချင်း တိုင်ကြားဖို့ကို အားနာခြင်း၊ သူတို့ ၏စီးပွားရေးထိခိုက်မည်ကို စိုးရိမ်ခြင်းဟူသော တလွဲ ဆံပင် ကောင်း ခြင်းများကြောင့် မသမာသူများ သက်ဆိုးရှည်နေသည်ကို တွေ့နေရ ပါသည်။
တပ်မတော်အစိုးရတက်လာပြီးနောက်ပိုင်း ဈေးကွက်စီးပွား ရေးစနစ်ကို ပြောင်းလဲရန်ဆောင်ရွက် ခဲ့ကြပါသည်။ ထိုအခြေအနေ တွင်ပင် အစိုးရ ဌာနများအနေဖြင့် ဆန်စပါး၊ ပဲပြောင်းများကို ၁၉၉၉၊ ၂၀၀၀ ခုနှစ်အထိ ဝယ် ယူခြင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူသိုလှောင်ခြင်း၊ ပြည်ပတင်ပို့ခြင်းများကို လုပ်ခဲ့ကြပါသည်။ ၂၀၀၀ ခုနှစ် ရောက်မှသာ ပုဂ္ဂလိကကုန်သည်များအနေဖြင့် လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားမှု စတင်ခဲ့ရပါသည်။ ၁၉၉၇-၉၈ ခုနှစ်အတွင်းကသာ နယ်စပ် ကုန်သွယ်မှုများတွင် သီးနှံများအား တရားဝင်တင်ပို့တင်သွင်းလျက် ရှိသည်ကို တွေ့ရပါသည်။ ၂၀၀၅ ခုနှစ်တိုင်အောင် နယ်စပ်ကုန်သွယ် မှုတွင် အစေ့ထုတ်ပြောင်းကို တစ်ဦးတည်း တင်ပို့မှုမှ မည်သူမဆို တင်ပို့မှုမျိုး စတင်ကြောင်းတွေ့ရပါသည်။ ဆန်ကို ၂၀၀၇၊ ၂၀၀၈ ရောက်မှ နယ်စပ်ကုန်သွယ်မှုမှ တရားဝင် တင်ပို့ခွင့်ပြုခြင်းဖြစ်ပါ သည်။ သို့ဖြစ်၍ ကုန်ထုတ်လုပ်သူများ၊ ကုန်သည်များ အနေဖြင့် ပြိုင်ဆိုင်မှုများ အရေးကြီးကြောင်း၊ တရားဝင် ပြိုင်ဆိုင်ရန်လိုကြောင်း၊ စနစ်တကျနှင့် နိုင်ငံတကာသို့ ထိုးဖောက်မှုမျိုးကို ဆောင်ရွက်နိုင်ရန် များစွာ ကြိုးစားရန် လိုကြောင်းများကို တွင်တွင်ကျယ်ကျယ် သိရန်၊ လေ့လာရန် များစွာ လိုပါသည်။ စီးပွားရေး အကျင့်စာရိတ္တ ကောင်း ရန် လိုပါသည်။ ပြိုင်ဆိုင်ရာတွင် အရည်အသွေးကောင်းရေးမှာ အဓိကဖြစ်သည်ကို သိရှိထားရပေမည်။ ထို့ပြင် ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန် လိုအပ်သည်ဟုလည်း ခံယူရန် လိုပါသည်။ အရည်အသွေးကောင်းလျှင် မည်သည့်နိုင်ငံသို့ပင် ပို့ပါစေ မျက်နှာ ငယ်စရာမရှိပါ။ နိုင်ငံခြားမှ အဝယ်လိုက်လာလျှင် ကျွန်တော်တို့က အညံ့များ ထိုးထည့်တတ်ကြသည်။ မကောင်းသော အကျင့်ဖြစ်သည် ကို ပြောစရာလိုမည်မထင်ပါ။ ယခုနှစ်တွင် ပဲဈေးနှုန်း တက်ပါသည်။ တက်သည်နှင့် အရောအနှောပြဿနာကို ကြားရပါသည်။ ထိုသို့ အညံ့များရောညှပ်သဖြင့် ယခုပင် မတ်ပဲကို အရည်အသွေး မကောင်း သဖြင့် သင်္ဘောစင်း လုံး ပြန် လွှတ်သည်ကို ကြားလာရပါသည်။ မည်သည့်နိုင်ငံ၊ မည်သည့်အရပ်ဒေသမှမဆို၊ စားသုံးသူတိုင်းသည် မိမိတို့ပေးရသည့် တန်ဖိုးငွေကြေးနှင့်ကိုက်ညီသည့် အရည်အသွေး ရှိသော ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုမျိုးကိုသာ လိုချင်သည်၊ ရသင့်သည်ဆိုသည်မှာ ကိုယ်ချင်းစာတရားနှင့်ပင် စဉ်းစားလုပ် ကိုင်နိုင်ပါသည်။ ကျွန်တော်တို့အနေဖြင့် နောက်ကျနေသောနိုင်ငံ၏ စီးပွားရေးကို အလျင်အမြန် တိုးတက်လာစေရန်မှာ အရည် အသွေး ကောင်းသည့် ထုတ်ကုန်များ၊ အရည်အသွေးကောင်းသည့် ဝန်ဆောင်မှုများဖြင့် နိုင်ငံတကာကို စိန်ခေါ်ပြီး ထုတ်လုပ်နိုင်မှ၊ ဝန်ဆောင်မှုပေးနိုင်မှ တော်ရုံကျမည်ထင်ပါသည်။ ကျွန်တော်တို့တွင် အရည်အသွေးမီ ကုန်စည် များထုတ်လုပ်နိုင်ရန်၊ ကျွန်တော်တို့တွင် အရည်အချင်းရှိသည့် လုပ်သားများနှင့်ကျွမ်းကျင်ပညာရှင်များရှိ ရပါမည်၊ နည်းပညာများ လည်း လိုအပ်ပါသည်၊ အရင်းအနှီးများလည်း လိုအပ်ပါသည်။ သို့သော်ရှေးဦးစွာ အရည်အသွေးေ ကာင်းကောင်းကို ရှိသည့် အခြေအနေနှင့် ထုတ်လုပ်ပြီးမှ နောက်တစ်ဆင့်သို့ တက်သင့် ပါသည်။ ထို့နောက် အရည်အသွေးကောင်းသည့် ထုတ်ကုန်များ၊အရည် အသွေးေ ကာင်းသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ပြီ ဆိုလျှင် ကျွန်တော်တို့နိုင်ငံ တိုးတက်ပြီ ဟုခေါ်နိုင်ပြီထင်ပါသည်။
မျိူးသူ-မန္တလေး
