ဝန်ထမ်းကောင်းတွေ ဆွဲဆောင်ထိန်းသိမ်းမယ်တဲ့လား
(၁) တကယ်တော့ မရေးဘဲ နေမလို့ပါပဲ။ ဒါပေမယ့် ခုရက်ပိုင်းမှာ တွေ့နေရတာတွေ ကြောင့်၊ ပြောစရာတွေ ရှိလာလို့ ချရေးလိုက် တယ်။
(၂) ဘောဂဗေဒမှာဖြစ်ဖြစ်၊ စီမံခန့်ခွဲရေးမှာ ဖြစ်ဖြစ်၊ သီအိုရီတွေ သဘောတရားတွေနဲ့ ကင်းလွတ်လို့မရဘူး။ သီအိုရီတွေ၊ သဘော တရားတွေအရေးမပါဘူး၊ လက်တွေ့မှာ ဘာမှ အသုံးမဝင်ဘူးလို့ ပြောတဲ့သူဟာ၊ ဘာသီအိုရီ ကိုမှ မသိတဲ့သူ၊ အနည်းဆုံး သူလုပ်ကိုင်ကျင့် သုံးနေတဲ့ သီအိုရီကိုတောင်မှ မသိတဲ့သူ ဖြစ်နိုင်တယ်။
ဒီလိုပဲ၊ သီအိုရီဘောင်ထဲမှာပဲနေ၊ စာအုပ်ကြီးတွေက ပြောတာကိုပဲ အသေ ဆုပ် ကိုင်ထားပြန်ရင်လည်း နောက်ထပ် အမှား တစ်ခုကို ကျူးလွန်ရာရောက်တယ်။
(၃) ဝန်ထမ်းကောင်းတွေ ဆွဲဆောင်ထိန်း သိမ်းမယ်တဲ့လားမကြားဘူးပါဘူး။နေပါဦး၊ ဝန်ထမ်းကောင်းဆိုတာ၊ ဘယ် သူက အဓိပ္ပာယ်ဖွင့်ဆိုထားတာလဲ၊ ပိုင်ရှင်က လား၊ မန်နေဂျာကလား၊ တခြားဝန်ထမ်းတွေ ကလား၊ ဝန်ထမ်းကောင်းတွေ ကိုယ်တိုင် ကလား¿လွယ်လွယ်ပြောရရင် ဝန်ထမ်းကောင်း ဆိုတာ လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင် တဲ့ စွမ်းရည်ရှိတဲ့သူပေါ့။
ဒါဖြင့် ဝန်ထမ်းကောင်း တစ်ယောက်ကို သတ်မှတ်ဖို့၊ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
အမြတ်ရဖို့လား၊ ဈေးကွက်ဝေစု ကြီးကြီး မားမားရဖို့လား၊ ဈေးကွက်ထဲ ဝင်ဖို့လား၊ အရောင်းမြှင့်တင်ဖို့လား¿
နေ...နေကြပါဦး။
အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုရဲ့ ရည်ရွယ်ချက်နဲ့၊ လုပ်ငန်းပိုင်ရှင်တွေ၊ မန်နေဂျာ တွေရဲ့ ရည်ရွယ်ချက်တွေတူသလား¿
လွယ်လွယ်ပြောရင် တူတာပေါ့။ ဒါပေ မယ့် လက်တွေ့မှာတော့မတူ။ ကိုယ့်အကျိုး စီးပွား၊ ကိုယ့်တစ်ဦးချင်း ရည်ရွယ်ချက်နဲ့ လုပ် ငန်းရဲ့အကျိုးစီးပွား ထပ်တူမကျတတ်ရုံမက၊ တစ်ခါတစ်ရံ ဆန့်ကျင်ဘက်တွေ၊ ပဋိပက္ခတွေ ပါ ဖြစ်နေတတ်သေး။
အဲဒီအခါမှာ သတ်မှတ်ရမယ့် ပေတံတွေ၊ ရည်မှန်းချက်တွေဆိုတာကိုကိုယ်တိုင်က မရှင်း လင်းလေတော့ ဝန်ထမ်းကောင်းဆိုတာ ကိုယ့် ရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့သူ၊ ကိုယ့်လိုအင်ဆန္ဒကို ဖြည့်စွမ်းပေးတဲ့သူ ဖြစ်လာပါလေရော။
ဝန်ထမ်းကို ကြည့်ပြောရရင် သူနဲ့ဆက် နွယ်တဲ့ လုပ်ငန်းခွင်ထဲက တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေတဲ့သူဖြစ်ဖို့ လို တယ်။ ဒါထက် အရေးကြီးတာက သူဟာ ဝန် ထမ်းဆိုလေတော့ သူ့အထက်လူရဲ့ မျက်နှာ ကိုကြည့်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်း ဖို့လိုတယ်။ ပြီးတော့ လုပ်ငန်းနယ်ပယ်တစ်ခု ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုတယ်။ သူတစ်ယောက်ထဲ ကျွမ်း ကျင်နေပေမယ့် အများနဲ့ အလုပ်လုပ်ရတဲ့အခါ၊ အဆင်မပြေရင် ဘယ်လိုမှ အလုပ်လုပ်လို့မရ။ အထက်လူနဲ့ အဆင်မပြေရင် သူတို့အထက် လူတွေ၊ ကြီးကြပ်ရေးမှူးတွေ၊ မန်နေဂျာတွေက၊ ဝန်ထမ်းကောင်းလို့ သတ်မှတ်မယ်မထင်။ နီးရာဓား ကြောက်ရတယ် မဟုတ်လား။
ဒါကြောင့် အခုထိ ဝန်ထမ်းကောင်းတွေ ကို တန်ဖိုးထားကြတယ်လို့မထင်ပါ။ ဒီတော့ ဝန်ထမ်းကောင်းတွေမရ၊ ရပြန်ရင်လည်း တော် ရာ ချောင်ထိုး၊ ကိုယ်ယုံကြည်စိတ်ချတဲ့ ရွက် ကြမ်းရည်ကျိုတွေနဲ့ အလုပ်လုပ်။ ဝတ်ကျေ တန်းကျေတွေ အလုပ်လုပ်။ သာမန်အဆင့် ရလဒ်တွေ ထွက်ပေါ်၊ ဒုံရင်း ဒုံရင်းအဆင့်က မတက်နိုင်။ နောက်ကျ ကျန်နေရစ်ကုန်ကြတယ် လို့ ထင်ပါတယ်။
ဝန်ထမ်းတွေကလည်း ကောင်းချင်ယောင် ဆောင်ကြ၊ အတုအယောင်ကောင်းပြ၊ တကယ် တမ်း လေထဲမိုးထဲမှာကျတော့ တကယ်အလုပ် မဖြစ်တဲ့သူတွေကြားထဲမှာ၊ ကောင်းချင်တဲ့သူ တွေ၊ ကောင်းမယ့်သူတွေ၊ နေရာမရဖြစ်ကုန်နိုင် ပါတယ်။ ဘယ်လိုလုပ်ပြီး သူတို့ကိုဆွဲဆောင် နိုင်၊ ထိန်းသိမ်းနိုင်မလဲ။
တကယ်ပဲ ဝန်ထမ်းကောင်းတွေဆွဲဆောင် ကြ၊ ထိန်းသိမ်းကြတော့မှာလား¿
