မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ (အခွံချွတ်)နဲ့ နှမ်းလှော်များတင်ပို့
ဧပြီ ၃၀ ရက်မှ မေ ၆ ရက်အထိရက်သတ္တတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၂၂ သန်းဖိုးရှိ နှမ်းဖြူ (အခွံချွတ်)
၁၃ တန်ခွဲနဲ့ နှမ်းလှော် ၂ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့မှုမရှိဘဲ ယခုသီတင်းပတ်မှသာ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ယခု တစ်ပတ် နှမ်းတစ်တန်ဈေးနှုန်းမှာ
၁၄၁၉၉၁၁ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်မြင့်တက်သွားတယ်လို့ သတင်း ရရှိပါတယ်။
( မြင့်မြင့်မာ)
