ရာသီပေါ် နနွင်းဖူးများ ဈေးကောင်းရ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သောနနွင်းကိုလည်း စိုက်ပျိုး ကြသည်။၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  နနွင်းစိုက်ဧက ၂၅၁၈ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း၊   ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၂၉၆ ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခင်နှစ်ထက်လျော့နည်းစိုက်ပျိုးခြင်းမှာ မိုးစပါး များ ပိုမိုစိုက်ပျိုးသောကြောင့်  လျော့နည်းရခြင်းဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရ သိရသည်။နနွင်းဈေး နှုန်းအနေဖြင့် ယခင်ဈေးနှုန်းအနေ ဖြင့် နနွင်းတက်(အဟောင်း) တစ်ပိဿာလျှင် ၄၃၀ဝ ကျပ်၊ နနွင်းခေါင်းတစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင် ၁၀ဝ၀ ကျပ်ဖြစ်ပြီး ယခုဈေးနှုန်းအနေဖြင့်   နနွင်းတက် (အဟော င်း) တစ် ပိဿာလျှင် ၃၅၀ဝကျပ် ၊ နနွင်းခေါင်း တစ်ပိဿာလျှင် ၃၀ဝ၀ ကျပ်နှင့် နနွင်းမှုန့် နို့ဆီဘူးတစ်ဘူးလျှင် ၈၀ဝ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိသည်။ယခုအချိန်တွင် နနွင်းစိုက်ခင်းများ အောင်မြင် စွာ ဖြစ် ထွန်းလျက် ရှိပြီး နနွင်းဖူးများလည်း စတင်ထွက် ရှိနေပြီဖြစ်ရာ နနွင်းအဖူး ၁၀ဝ လျှင် ၃၅၀ဝကျပ်ဈေး ရရှိပြီး အခင်းထဲအရောက် လာရောက်ချိုးယူဝယ်ယူ လျက်ရှိသည်။ လက်လီဈေးနှုန်းအနေဖြင့်   နနွင်းဖူး ငါးဖူး တစ်စီးလျှင် ၂၅၀ကျပ် ဈေးနှုန်း ဖြင့်ရောင်းချလျက် ရှိသည်။                                                  
မျိုးမင်းသန်း