စစ်ကိုင်းတိုင်းဒေသကြီး၏ မွေးမြူထုတ်လုပ်မှု အခြေအနေ
ကျေးလက်ဒေသမွေးမြူရေး တိုးတက်လာစေရန် ရေတိုစီမံချက်အနေဖြင့် ကြက်မွေးမြူရေးကို ဆောင်ရွက်ပြီး ရေရှည်စီမံကိန်း အနေဖြင့် ကျွဲ၊ နွား၊ သိုး၊ဆိတ်၊ ဝက်၊ ဘဲ မွေးမြူရေးကို အရည်အသွေးမီ တိုးမြှင့်မွေးမြူထုတ်လုပ်ရေး တွန်းအားပေး ဆောင်ရွက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုအခြေအနေမှာ နှစ်စဉ် အသားပိဿာသိန်း ၈၀ဝ ကျော်၊ ဥလုံးရေသိန်း ၅၀ဝ၀ ကျော်၊ နို့ပိဿာသိန်း ၂၅၀ဝ ခန့် ထုတ်လုပ်မှု ရှိပါသည်။ မွေးမြူကောင်ရေမှာ နွားကောင်ရေ ၂၀ သိန်းကျော်၊ ကျွဲ ကောင်ရေ ၃ ဒသမ ၆ သိန်းကျော်၊ သိုးဆိတ် ၃ ဒသမ ၃သိန်းကျော်၊ ဝက်ကောင်ရေ ကိုးသိန်းကျော်၊ ကြက်ကောင်ရေ ၁၃၄ သိန်း၊ ဘဲ ကောင်ရေ ၅ ဒသမ ၅သိန်းကျော်၊ ကြက်ဆင်ဘဲငန်း မန်ဒါလီ ၃၉၀ဝ၀ ကျော်၊ ငုံးကောင်ရေ ၁၁ ဒသမ ၄ သိန်းကျော် မွေးမြူမှုစာရင်းရှိ သည်။
နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သန်း ၁၂၁၆ ဒသမ ၁၅ ဖြင့် မြို့နယ် ၃၀ မှ ကျေးရွာ ၇၇ ရွာတွ င် မြစိမ်းရောင် (အသားကဏ္ဍ) ဆောင်ရွက်နိုင်ခဲ့သည်။ မွေးမြူသူတောင်သူ ၅၇၀၆ ဦးမှ ကျွဲ/နွား၊ ဝက်၊ သိုး/ဆိတ်၊ ကြက်/ဘဲ ၁၆၈၇၉ ကောင် မွေးမြူနိုင်ခဲ့သည်။ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွက် ကျပ်သန်း၃၀ဖြင့် ခန္တီးမြို့နယ်၊ ပေါမိုင်း အုပ်စု၊ အောင်သာယာကျေးရွာတွင် ဝက်ဖြန့်ဖြူးနိုင်ရေး စီစဉ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိမွေးမြူရေးဇုန်များ
စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသောမွေးမြူရေးဇုန်များမှာ မုံရွာ မြို့နယ် လယ်ဇင်ကျေးရွာရှိ နွားမွေးမြူရေးဇုန်တွင် နွားကောင်ရေ ၇၈၅ ကောင်၊ မရိုးတောကျေးရွာအုပ်စုရှိ ငုံးမွေးမြူရေးဇုန်တွင် ငုံးကောင်ရေ ၄၅၀ဝ၀ဝ ကောင်၊ ကန့်ဘလူမြို့နယ်ရှိ အသားစား ကြက်ဇုန်တွင် ကောင်ရေ ၁၃၀ဝ၀၊ ဥစား ကြက်ဇုန် ခုနစ်ခုရှိပြီး မုံရွာ ကျောက်စစ်ပုံရွာတွင် ကောင်ရေ ၅၇၀ဝ၀၊ ရွှေဘိုကျောက်မြောင်း တွင် ကောင်ရေ ၂၅၀ဝ၀၊ ရေဦးဇုန်တွင် ကောင်ရေ ၄၂၀ဝ၊ ခင်ဦး ဇုန်တွင် ကောင်ရေ ၇၀ဝ၀၊ ကန့်ဘလူဇီးကုန်းဇုန်တွင် ကောင်ရေ ၅၉၄၀ဝ၊ ကန့်ဘလူမြို့မဇုန်တွင် ကောင်ရေ ၉၀၇၀ဝ၊ ယင်းမာ ပင်ဇုန်တွင် ကောင်ရေ ၁၀ဝ၀ဝ မွေးမြူထားရှိသည်။ စံပြမွေးမြူရေး ဇုန်တစ်ခု၏အင်္ဂါရပ်များမှာ အစာအာဟာရပြည့်ဝသော၊ ဇီဝလုံခြုံ မှုနှင့် ကူးစက်ရောဂါထိန်းချုပ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်သော၊ မွေးမြူရေးထုတ်ကုန်များကို တစ်နေရာတည်း၌ စုပေါင်းထုတ်လုပ်နိုင် သော၊ တိရစ္ဆာန်များ သက်သောင့်သက်သာစွာ နေနိုင်စားသောက် နိုင်ရေးနှင့်အညီ အဆောက်အအုံများကို တည်ဆောက်မွေးမြူစေပြီး စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့်စနစ်များ ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်အစားအစာ
တိရစ္ဆာန်အစာအတွက် မွေးမြူရေးနည်းစနစ်အရ လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်တကျ မွေးမြူခြင်းနှင့် ပူးတွဲစနစ်တို့ရှိရာ အာဟာရညီညွတ်မျှတစေရန် လုံလောက်စွာကျွေးမွေးပေးရမည် ဖြစ်သည်။ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှုကိုလည်း ဌာနမှ စိုက်ပျိုးထားရှိမှုနှင့် ပုဂ္ဂလိကမှ စိုက်ပျိုးထားရှိမှုရှိပြီး နေပီယာ၊ မွန် ဘားဆား၊ ရူဇီ စသည့်အမျိုးအစားများကို စိုက်ပျိုးထားလေ့ရှိသည်။ နွေရာသီ ကျွဲ၊ နွား အစားအစာ ရှားပါးချိန်တွင် အာဟာရ ြွကယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန် ပိုလျှံသော စိုက်ပျိုးသီးနှံများကို လေမဲ့လေကင်းစင်သောနေရာတွင် ကစော်ပေါက်အောင် အဆောက် အအုံဖြင့် စနစ်တကျ ထိန်းသိမ်းသိုလှောင်ခြင်းဖြင့် နွားစာချဉ်ဖတ်အစားအစာပြုလုပ်ထားလေ့ရှိကြောင်း သိရသည်။ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်ခြင်းကိုဝန်ထမ်း၊ တောင်သူများ အား ဆရာဖြစ်သင်တန်းပေးပြီး လက်ဆင့်ကမ်းမျှဝေဆောင်ရွက်မှု များရှိကြောင်း သိရသည်။
တိရစ္ဆာန်အစား အစာအတွက် ပြည်တွင်းထွက်ရှိသည့်ပြောင်း၊ ပဲဖတ်၊ နှမ်းဖတ်၊ ဖွဲနုများကို ပြည်ပမှ အားဆေးများနှင့်ရောနှောကာ ကျွေးမွေးကြောင်း သိရသည်။ အဓိကကုန်ကြမ်းဖြစ်သည့် အစေ့ထုတ် ပြောင်း ဈေးနှုန်းမှာ မုံရွာမြို့တွင် ယခင်လက တစ်ပိဿာလျှင် ၁၁၀ဝ ကျပ်မှ ယခု ဖေဖော်ဝါရီ ဒုတိယပတ်တွင် ၁၂၆၇ ကျပ်သို့ မြင့်တက် ခဲ့သည်။ အစာဈေးကွက်၏ဈေးနှုန်းပြောင်းလဲမှုသည် မွေးမြူရေး လုပ်ငန်းအပေါ် သက်ရောက်သည့် အချက်တစ်ခုဖြစ်ကြောင်း တွေ့ရ ပါသည်။ တိရစ္ဆာန်အစာတောင့် ကြိတ်စက်လုပ်ငန်းများကို အားပေး မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တွေ့ရသည်။
ဈေးနှုန်းဈေးကွက်
ခြံဖမ်းဈေးနှုန်းမှာ မုံရွာမြို့တွင် တစ်ပိဿာလျှင် ကြက်သား ၆၃၀ဝ ကျပ်၊ ကြက်ဥ ၅၈၅၀ ကျပ်၊ ဝက်သား ၉၈၀ဝ ကျပ်ဖြစ်သည်။ အသားလက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကြက်သား ၁၂၀ဝ၀ ကျပ်၊ ဝက်သား ၁၆၀ဝ၀ ကျပ်၊ ဆိတ်သား ၂၆၀ဝ၀ ကျပ်ဖြစ်သည်။ ခြံနှင့်ဝန်းနှင့်စနစ်တကျ သေချာမွေးမြူပြီးမှ တင်ပို့ရောင်းချလျှင် ပြည်တွင်း လိုအပ်ချက်အတွက် အခက်အခဲ မဖြစ်တော့ဘဲ ရေရှည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံမှ ပြည်ပသို့တင်ပို့နိုင် သည့် နည်းလမ်းများကို ရယူပြီး တည်ငြိမ်သည့် စီးပွားရေးဈေးကွက် ဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးမှ ဆင့်ပွားလာသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားပြီး လုပ်ကိုင်သွား ကြရမည်ဖြစ်ကြောင်း လမ်းညွှန်ထားရှိသည်။ တိကျန်းဖွံ့ဥပဒေအရ တိရစ္ဆာန်သယ်ဆောင်ခွင့်လက်မှတ် ထုတ်ပေးခြင်း၊ မွေးမြူရေးခြံ မှတ်ပုံတင်ထုတ်ပေးခြင်း၊ မျိုးတိရစ္ဆာန် မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုး ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ အသားစစ်ဆေး ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။ ပို့ကုန်တိုးမြှင့်ရန် ပတ်ဝန်း ကျင်ကောင်းများ ရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပ စိုက်ပျိုးမွေး မြူသူများဆုံစည်းကြသည့် စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ မွေးမြူရေး၊ စိုက်ပျိုးရေးပြပွဲနှင့်စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းပြပွဲကို မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေး ကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၉ ခုနှစ် ဇွန် ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယအကြိမ်မြောက် နွားအလှနှင့် အသား တိုးနွား၊ နို့စားနွား၊ သိုး/ ဆိတ်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်မွေးမြူရေးခြံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခက်အခဲများ
တစ်ပိုင်တစ်နိုင်နှင့် အလယ်အလတ် မွေးမြူရေးလုပ်ငန်းများ သည် ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် ရေးနှင့်ဈေးကွက်ရောက်ရှိရေး ပို့ဆောင်ရန် အခက်အခဲများ ရှိကြ သည်။ ဝယ်လိုအား ကျဆင်းပါက ထုတ်သလောက် မရောင်းနိုင်သည့် အခြေအနေများ ဖြစ်ပေါ်ချိန်တွင် အရင်းအနှီး လိုအပ်ချက်များ တွေ့ ရှိရသည်။ အသား၊ နို့ စသည့်မွေးမြူရေးထုတ်ကုန်များသည် ပျက်စီး လွယ် ပုပ်သိုးလွယ်သည့်ပစ္စည်းများဖြစ်သောကြောင့် ကြာရှည် ထိန်းသိမ်းထားနိုင်သည့် အအေးခန်းစနစ်များမရှိသေးခြင်းကြောင့် ရသမျှ ဈေးဖြင့်ထုတ်ရောင်းရသည့်အခြေအနေကြုံရပါသည်။ အသားကဏ္ဍ မွေးမြူထုတ်လုပ်မှုသည် ရေထွက်ကုန် ငါး၊ ပုစွန်များကဲ့သို့ အဆင့်မြင့် ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း တွေ့ရှိရသည်။
သို့ဖြစ်၍ ရေရှည်တည်တံ့သည့် မွေးမြူရေးလုပ်ငန်းများ ဖော် ဆောင်ပေးရန် လိုအပ်ပါသည်။ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ ပါက လိုအပ်သည့် အသားအာဟာရကို ဈေးနှုန်းသက်သာစွာ သုံးစွဲ နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့် အလမ်းနှင့် ဝင်ငွေရရှိရေး ဆောင်ရွက်နိုင်ကာ လူမှုဘဝ မြင့်မားလာမည်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသားကဏ္ဍ ဖူလုံပိုလျှံမှုရှိစေရေးတို့အတွက် ဆောင်ရွက်ရာတွင် ဒေသခံ လုပ်ငန်းရှင်များနှင့် ပံ့ပိုးပေးနိုင်သူများသည် အတူပူးပေါင်းဆောင် ရွက်သွားရမည်ဖြစ်ပါသည်။
ရီလင်းထွဋ်(မုံရွာ)
