မော်လမြိုင်ဈေးကွက်တွင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ တည်ငြိမ်နေ
မော်လမြိုင်မြို့၌ ဖေဖော်ဝါရီလ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရှိရသည်။ ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၂၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၄၈၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်(ဇန်နဝါရီလ စတုတ္ထပတ်)တွင် ကွန်ပေါင်း(မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kg ပါ တစ်အိတ် ကျပ်၁၅၈၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg ပါတစ်အိတ် ကျပ် ၁၆၂၅၀ဝ၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50kg ပါ တစ်အိတ် ကျပ် ၁၅၃၀ဝ၀၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) 50kgပါတစ်အိတ် ကျပ် ၇၂၀ဝ၀၊ ပုလဲ (အကြီး)၄၆%ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ်မှာ ကျပ် ၁၂၅၀ဝ၀၊ ပိုးသတ် ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ)100cc တစ်ပုလင်းမှာ ကျပ် ၃၁၀ဝ မာလာမြိုင်ဆိုက်ပါ၁၀%(သီးရွက်စုံ) 500cc တစ်ပုလင်း မှာ ကျပ် ၁၃၈၀ဝ ရှိခဲ့သည်။
ဖေဖော်ဝါရီလ ပထမပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) ၁၅း၁၅း၁၅ 50kgပါ တစ်အိတ်မှာ ကျပ် ၁၅၈၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kgပါ တစ်အိတ်မှာ ကျပ် ၁၆၂၅၀ဝ၊ ကွန်ပေါင်း (Thai Grow How) ၁၅း ၁၅း၁၅ 50kgပါ တစ်အိတ် ကျပ် ၁၅၀ဝ၀ဝ၊ ပုလဲ(အသေး)၄၆% မြန်မာ (MPE) 50kg ပါ တစ်အိတ် ကျပ် ၇၂၀ဝ၀၊ ပုလဲ(အကြီး)၄၆%ထိုင်း(မြင်းပျံ) 50kgပါ တစ်အိတ် ကျပ်၁၂၅၀ဝ၀ ကျပ်၊ ပိုးသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင် ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc ပါ တစ်ပုလင်း ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500cc ပါ တစ်ပုလင်း ကျပ် ၁၃၈၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ် ပုံမှန်ရှိနေသည်။ ရော်ဘာဈေးနှုန်းမှာ အဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၀၈၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၁၀ဝ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁ရက်မှ ၈ရက်ထိ ဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။
မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50 kg)ပါ တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ ၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၀ဝ၀ဝ ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့(50 kg)ပါ တစ်ထုပ်လျှင် ကျပ် ၂၅၀ဝ၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ရော်ဘာကုန်သည်များထံမှ သိရှိရသည်။
နန်းတာတာလှိုင်(မွန်)
