ဇန်နဝါရီလတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းလေးသောင်းကျော်တင်ပို့ဆန်
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈၄၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၃၂၉၀ဝ ကျော် တင်ပို့ခဲ့သည်။
တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၈၈၇၇၀ ခန့်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ၄၄၁၅၀ ကျော်တင်ပို့သည်။ အာရှနိုင်ငံများသို့ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၄၀၇၅၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၂၀ ကျော်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တန်ချိန် ၂၀၅၀ဝ ခန့်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၅၅၀ခန့်၊ ဟောင်ကောင်သို့ ဆန် ၃၆၅ တန်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀၊ ထိုင်ဝမ်သို့ ဆန်တန်ချိန် ၂၅၀၊ သြစတြေးလျနိုင်ငံ နှင့် စင်ကာပူနိုင်ငံသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။
ထို့ပြင် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော စပိန်နိုင်ငံသို့ ဆန် တန်ချိန် ၁၂၈၇၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၉၀ ကျော်၊ ပိုလန်နိုင်ငံသို့ ဆန် ၆၃၂၅ တန်၊ တူရကီနိုင်ငံသို့ ဆန် ၃၇၅၅ တန်၊ အီတလီနိုင်ငံသို့ ဆန် ၂၅၂၅တန်၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၂၅၀ ခန့်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၁၅၂၀၊ ရိုမေနီးယား နိုင်ငံသို့ ဆန်တန်ချိန် ၉၆၀၊ ပြင်သစ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံသို့ ဆန် တန်ချိန် ၅၀ဝ စီ၊ ဂျာမနီနိုင်ငံသို့ ဆန် ၅၇၅ တန်၊ လစ်သူရေးနီးယားနိုင်ငံ သို့ ဆန်တန်ချိန် ၄၀ဝ၊ ခရိုအေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၃၀ဝ၊ ဟန်ဂေရီနိုင်ငံသို့ ဆန် ၃၂၅ တန်၊ ချက်သမ္မတနိုင်ငံသို့ ဆန် ၂၇၅ တန်နှင့် အခြားနိုင်ငံများသို့လည်း အနည်းငယ်တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ တရုတ် နိုင်ငံသို့ ဆန် ၁၃၁၁၈ တန်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဆန် တန်ချိန် ၂၅၀ဝ တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ စုစုပေါင်း ဆန်တန်ချိန် ၁၅၆၁၈ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆၅ သန်းရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှုစုစုပေါင်း တန်ချိန် ၁၄၈၅၁၀ ကျော်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၀၅ သန်း ကျော်ရရှိသည်။ ဒီဇင်ဘာလအတွင်း ဆန်တင်ပို့မှု တန်ချိန်မှာ ၁၃၉၇၅၀ ဖြစ်သဖြင့် ဇန်နဝါရီလတွင် ဆန်တန်ချိန် ၈၇၀ဝ ကျော် ပိုမိုတင်ပို့နိုင်သည်။
ဆန်ကွဲ
ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၅၁၃၀ဝ ကျော် တင်ပို့နိုင်သဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၂၄၆ သန်း ရရှိခဲ့သည်။
တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၈၄၀ ကျော်တင်ပို့ပြီး ဥရောပသမဂ္ဂအဖွဲ့နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၇၉၅၀ ခန့်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၂၀ဝခန့်၊ စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၈၀ဝခန့်၊ နယ်သာလန်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၁၀ဝ၀ခန့်၊ ပိုလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၈၀ ခန့်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၀ဝခန့်၊ ပြင်သစ်နိုင်ငံ သို့ ဆန်ကွဲတန်ချိန် ၄၅၀၊ အီတလီနိုင်ငံနှင့် ရိုမေးနီးယားနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅၀ စီတင်ပို့ပြီး အခြားနိုင်ငံများသို့လည်း တင်ပို့ ခဲ့သည်။
ဇန်နဝါရီလအတွင်း မြန်မာ-တရုတ် နှင့် မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၂၉ သန်း တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၃၁၈၀ ကျော် တင်ပို့နိုင်ခဲ့သည်။ တင်ပို့မှုအနေဖြင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၄၀၄၇၀ ကျော် နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲ ၂၇၀၇ တန် တင်ပို့ ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်း ဆန်ကွဲတင်ပို့မှု တန်ချိန် ၉၄၄၈၀ ခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇၇၅ သန်းရရှိသည်ဟု စာရင်းများမှ သိရသည်။ ဒီဇင်ဘာလ ဆန်ကွဲ တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ဆန်ကွဲတန်ချိန် ၁၈၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။
ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုစုစုပေါင်း တန်ချိန် ၂၄၂၉၉၀ ခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၅၈၀ သန်း ရရှိခဲ့သည်။
အေးအေးသန့်(DOT)
