ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် မေ ၁ ရက်တွင်Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၇ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၉၁ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၈ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၃ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၄၉၁ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၇ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၇ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များနှင့် ပါကစ္စတန်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ မြင့်တက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံ တို့တွင် ဆန်ဈေးနှုန်းများ တည်ငြိမ် လျက်ရှိသည်ကို သိရှိရသည်။
ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့ မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀ မှ ၈၈၀ဝ၀ ကြား ပေါက်ဈေး ရှိပြီး ယခင်တစ်ပတ်ထက် ဆန်တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ ကျော် မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀၅၀ဝ၀ ကြားရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်း တည်ငြိမ်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၃၅၀ဝ မှ ၅၅၀ဝ၀ ကြား ပေါက်ဈေးရှိ ကာ ဧည့်မထရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၅၆၅၀ဝ မှ ၅၇၅၀ဝ ကြား ပေါက်ဈေး ရှိနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန် ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ ကျော် မြင့်တက်လျက်ရှိ ကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၈ ရက် အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၄၄၈၀၆ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၃၈၇ သန်း၊ ဆန်ကွဲ တန်ချိန် ၄၄၆၂၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉၆၉ သန်း၊ စုစုပေါင်း ဆန် နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၈၉၄၂၇ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၃၅၆ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန် တန်ချိန် ၁၄၆၁၉၅ ဒသမ ၄၀ဝ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀ ဒသမ ၇၀၅ သန်း၊ ဆန်ကွဲတန်ချိန် ၈၄၀၁၀ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉၂၆ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၂၃၀၂၀၅ ဒသမ ၉၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၆၃၁ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၀၁၃၈၉ ဒသမ ၄၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၁၈ သန်း နှင့် ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၃၉၃၈၉ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅၇ သန်း လျော့နည်းတင်ပို့ခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ ၂၀၂၃ ခုနှစ် မေ ၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ် လျှင် ၄၁၇ ကျပ်နှုန်းရှိသောကြောင့် ဆန် တစ်အိတ်လျှင် ၆၄၆၃၅ ကျပ်မှ ၆၆၇၂၀ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့၌ ၂၀၂၃ ခုနှစ် မေ ၄ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် တစ်ဘတ်လျှင် ၈၄ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိ ရသည်။ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၄၂၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းဖြစ်ပေါ်ခဲ့ပြီး ဘားအံမြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ကျပ် ၂၃၀ဝ ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိ ရသည်။
Trading Economics Website တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန် ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၄ ဒသမ ၆၆ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ မေလ ပထမပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါ သည်။
