စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘို၊ ရေဦးနှင့် မုံရွာခရိုင်တို့တွင် ပေါ်ဆန်းဈေးနှုန်း အနည်း ငယ်တက်နေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ တတိယပတ် တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ခရိုင် ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး) တင်း ၁၀ဝလျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၈၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ၊ ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ၁၉၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၈၀ဝ၀ဝ များဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ် အိတ်မှာ ကျပ် ၇၀ဝ၀ဝ၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ၁၈၀ဝ၀ဝ၀၊ ငစိန် (ဆန်) ၂၄ ပြည် ပျမ်းမျှ တစ်အိတ်မှာ ၆၈၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀ဝ လျှင် ကျပ်၁၆၅၀ဝ၀ဝ၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၅၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည် တစ်အိတ်မှာကျပ် ၆၃၀ဝ၀၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၇၅၀ဝ၀ဝ၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်တစ်အိတ်မှာ ကျပ် ၈၅၀ဝ၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၈၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ ပြည်တစ်အိတ်မှာ ကျပ် ၉၀ဝ၀ဝ၊ မနော သုခ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၈၀ဝ၀ဝ၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၉၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ပြည်တစ်အိတ် မှာ ကျပ် ၈၀ဝ၀ဝ၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၆၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မေလဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၄၄၀ဝ၊ မကွေးသို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၀ဝ၀ဝ၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀ဝ၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၈၅၀ဝ၊ ကချင်သို့ အိတ်ရေ ၃၀ဝ၀၊ စုစုပေါင်းအိတ်ရေ ၁၂၆၀ဝ၀ အိတ်၊ တန် အားဖြင့် ၆၃၀ဝ စီးထွက်ခဲ့ပြီး ယခု မေလတတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၀၉၀ဝ၊ မကွေးသို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ် ရေ ၉၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀ဝ၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀ဝ၀၊ ကချင်သို့ အိတ်ရေ ၂၅၀ဝ၊ စုစုပေါင်း အိတ်ရေ ၁၁၁၀ဝ၀အိတ်၊ တန်အားဖြင့် ၅၅၅၀ စီးထွက်ခဲ့သည့် အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ်ရေ ၁၅၀ဝ၀၊ တန်အားဖြင့် ၇၅၀ လျော့နည်း စီးထွက်ခဲ့ကြောင်း သိရှိရသည်။
တင်မာဝေ (မုံရွာ)
