ကန့်ဘလူမြို့နယ်အတွင်း ရောင်းချနေသော ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူခရိုင်သည်  စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သောဒေသတစ်ခုဖြစ်သည်။ ရှေးယခင်ကတည်းက သီးနှံ စိုက်ပျိုးရာတွင် သဘာဝမြေသြဇာတစ်မျိုးဖြစ်သည့်  နွားချေးကို အသုံးပြုစိုက်ပျိုး ခဲ့ကြသော်လည်း ယခုအခါတွင် အထွက်နှုန်းများ  ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကို  စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသည်။
ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ  ဝယ်ယူအသုံးပြုလျက် ရှိသော စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ၏  ဇွန်  ၁၆  ရက်မှ ၂၈ရက်အတွင်း ဖြစ်ပေါ်ခဲ့ သော ဈေးနှုန်းများမှာ ပန်းဖူးသစ် (50) Kg တစ်အိတ်လျှင် ကျပ် ၈၇၀ဝ၀၊  မျှားကမ္ဘာ(50)kg  တစ်အိတ်လျှင် ကျပ် ၇၁၀ဝ၀၊ ကွန်ပေါင်း(10:10:5)) (50)kg  တစ်အိတ်လျှင် ကျပ် ၇၁၅၀ဝ ၊ ကွန်ပေါင်း(15:15:15) (50)kgတစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ ၊ ပိုတက် (50)kg တစ်အိတ်လျှင်  ကျပ် ၁၂၀ဝ၀ဝနှင့် ရွှေတောနစ် ၅၀ဝ စီစီ တစ်ပုလင်းလျှင် ကျပ် ၁၀၅၀ဝ ၊ မိုရယ်မုန်း ၅၀ဝ စီစီ တစ်ပုလင်းလျှင် ကျပ် ၂၂၅၀ဝ ၊ AP ဇာပြာ  ၅၀ဝ စီစီ တစ်ပုလင်းလျှင် ကျပ် ၂၀၅၀ဝ၊ IZ  ၅၀ဝ စီစီ တစ်ပုလင်းလျှင် ကျပ် ၁၈၀ဝ၀  ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။    

(ဝင်းသန်း)ကျွန်းလှ