ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည ျွှနဘျငအန ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့် လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။
ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၇ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၂ ဖြင့်လည်းကောင်း အသီး သီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာ သိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၇ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၉၇ ဒေါ်လာဖြင့် လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ ွှ့ငေ ျွငခန နထစသမအနမ ဗျသခငအေငသည တွင် ဖော်ပြ ချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ (၁၀ဝ %) ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များ မြင့်တက်ခဲ့ပြီး ဗီ ယက်နမ်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
ပြည်တွင်းဆန် ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၉၁၀ဝ၀ မှ ၉၇၀ဝ၀ ကြား ပေါက် ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ မှ ၁၁၅၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခင်တစ်ပတ်ထက် ကျပ် ၃၀ဝ၀ ခန့် ဈေးနှုန်း မြင့်တက်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ မှ ၆၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မ ထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ ကျပ် ၁၀ဝ၀ ခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ(ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၃၃၀၅၁ ဒသမ ၁၄၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၃ ဒသမ ၈၇၄ သန်း၊ ဆန်ကွဲ တန် ချိန် ၁၇၁၅၆၃ ဒသမ ၁၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၃၀၃ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၀၄၆၁၄ ဒသမ ၂၄၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၁၇၇ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၄၂၈၁၃၁ ဒသမ ဝ၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၄၀၂ သန်း၊ ဆန်ကွဲ တန်ချိန် ၂၆၃၇၇၄ ဒသမ ၆၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၁၁၅ သန်း၊ စုစုပေါင်း ဆန် နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၆၉၁၉၀၅ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၃၈ ဒသမ ၅၁၇ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၅၀၇၉ ဒသမ ၉၀၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၅၂၈ သန်းနှင့် ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၉၂၂၁၁ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၈၁၂ သန်း လျော့နည်းတင်ပို့ခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၅၄ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ကျပ် ၇၀၃၇၀ မှ ကျပ် ၇၂၆၄၀ ကြား ပေါက်ဈေးရှိကြောင်း သိရှိရ သည်။
မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၉၃ ကျပ်နှုန်း ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ၄၃၅၀ ကျပ်ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ် ပြည်လျှင် ၂၆၅၀ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိရ သည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန ၌ ဖော်ပြချက်အရ ယခုတစ် ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇၉ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိ ရသည်။ ၂၀၂၃ ခုနှစ် ဇူလိုင် နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန် ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/ အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
P&S
