၀ါသီးနှံ စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

မန္တလေးတိုင်းဒေသကြီး ရမည်း သင်းခရိုင်အတွင်းဝါသီးနှံကို မိုးကြို၊ မိုးနှောင်းဝါဟူ၍  စိုက်ပျိုးကြရာ စက် တင်ဘာလတွင် မိုးကြိုဝါရာသီကုန်ပြီး မိုးဝါမှာလည်း  အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ 
မိုးကြိုဝါကို မတ်လ၊ ဧပြီလများ က စိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ သြဂုတ်လများ တွင် ကောက်သိမ်းခဲ့ကြောင်း၊ မိုးကြိုဝါ ဈေးကွက်တွင် တစ်ပိဿာ ကျပ် ၃၅၀ဝ မှ ၄၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး   ရမည်းသင်းမြို့ပေါ်တွင်  ဝါကုန်သည် ကြီးများမှ ဝါကိုကြိတ်၍ မန္တလေးမြို့ရှိ ချည်မျှင်စက်များ၊ စက်မှုဝန်ကြီးဌာန ချည်မျှင်စက်နှင့် တပ်မတော်ချည်မျှင် စက်များသို့ ပြန်လည်ပေးသွင်းရောင်းချ ကြသည်။  ယခုနှစ်  ဝါဂွမ်းဈေးအနေဖြင့် ပုဂ္ဂလိကစက်ရုံများသို့ ရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၉၅၀ဝ ဖြစ်သည်။  စက်မှုဝန်ကြီးဌာန တင်ဒါ ဈေးအနေဖြင့်တစ်ပိဿာ ကျပ် ၁၁၉၀ဝ ဖြင့်  ပေးသွင်းရကြောင်း   သိရသည်။ ရမည်းသင်းခရိုင်အတွင်း  ဝါသီးနှံကို  ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးကြိုဝါစိုက် ဧက ၃၈၉၉ ဧကမှ တစ်ဧကအထွက်နှုန်း ပိဿာ ၃၀ဝ ခန့်ထွက် ရှိကြောင်း၊ မိုးဝါ ကို သြဂုတ်လကုန်အထိ  ၁၂၇၅ ဧက စိုက်ပျိုးထားရာ အောက်တိုဘာလတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း သိရသည်။  မိုးဝါကို  ယခုနှစ်  မိုးများသည့် အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အစိုက်နည်းကာ အထွက်နှုန်းမှာလည်း ကျဆင်းနိုင်ကြောင်းနှင့်   ယခင်နှစ်က တစ်ဧကလျှင် ပိဿာ ၄၃၀ ကျော် ထွက် ရှိကြောင်း သိရသည်။ 

 

သင်းသင်းမြတ်(MDY DOCA)