မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံဈေးနှုန်းများ ကျဆင်း
မိတ္ထီလာဈေးကွက်အတွင်း မေလ စတုတ္ထပတ်တွင် ဆီထွက်သီးနှံဈေးနှုန်း များကျဆင်းခဲ့ပြီး ပွဲရုံများ၌ အရောင်း အဝယ်အေးလျက်ရှိကြောင်း သိရသည်။
ဈေးကွက်အတွင်း နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၁၂၅၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၂၅၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀-၁၇၀ဝ၀၊ နှမ်းဖတ်တစ်ပိဿာလျှင် ကျပ် ၅၄၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် နှမ်းဖတ်ဈေးနှုန်းမှာ တည်ငြိမ်နေပြီး နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၂၅၀ဝ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ခန့်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
ဈေးကွက်အတွင်း၌ မြေပဲဆီဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ မြေပဲ ဆီတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀-၂၀ဝ၀ဝ၊ ပဲဖတ် တစ်ပိဿာလျှင် ကျပ် ၇၉၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် ဆီဆန်တစ်ပိဿာလျှင် ကျပ် ၅၀ဝ၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ဈေးနှုန်း ကျဆင်းလာပြီး ပဲဖတ်ဈေး တည်ငြိမ်နေကြောင်း သိရသည်။
ဈေးကွက်အတွင်း၌ နေကြာစေ့ တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ရှိပြီး နေကြာဆီ တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ၀၊ နေကြာဖတ်တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့၊ နေကြာဆီ နေကြာဖတ်ဈေးနှုန်းများ တည်ငြိမ်နေကြောင်း သိရှိရသည်။
MDY (DOCA)
