ကန့်ဘလူတွင် ပြည်ပပို့ကုန် မတ်ပဲဈေးနှုန်း ပြန်လည်မြင့်တက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံစသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်အောက်တိုဘာလ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာမတ်ပဲတစ်တင်းလျှင် ကျပ် ၁၀၀၀၀၀၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၀၇၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်၏ ဈေးနှုန်းနှိုင်းယှဉ်ပါက အရောင်းအဝယ်လိုက်လာသော ကြောင့် မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀နှင့် မတ်ပဲ (ဂျပန်)တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်း၊ မန္တလေးပဲဈေးကွက် ၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊ အကျပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲဖြစ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။
 

ဝင်းသန်း(ကျွန်းလှ)