ရွှေဘိုပေါ်ဆန်း စပါး၊ ဆန်ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် အောက်တိုဘာလ စတုတ္ထပတ်၌ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ် ၆၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၃၀၀၀၀ ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ စတုတ္ထပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်ရှိမှုမှာ ရန်ကုန်သို့ ၂၅၃၁၉ အိတ်၊ မန္တလေးသို့ ၅၃၄၉ အိတ်၊ နေပြည်တော်သို့ အိတ် ၅၄၀ ၊ ပဲခူးသို့ ၁၆၃၄ အိတ်၊ ပြည်သို့ အိတ် ၆၇၀ အိတ်၊ တောင်ငူသို့ ၁၅၅ အိတ်၊ ကျောက်ပန်း တောင်းသို့ ၁၃၅ အိတ်၊ မိတ္ထီလာသို့ အိတ် ၁၁၀၊ ကရင်ပြည်နယ် ဘားအံမြို့သို့ ၇၄၅ အိတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ၃၅၉၁ အိတ်၊ မြိတ်သို့ ၁၇၅ အိတ်၊ ကချင် ပြည်နယ်သို့  ၇၈၈ အိတ်၊ မွန်ပြည်နယ်သို့ ၂၀၀၅ အိတ်၊ မကွေးတိုင်းသို့ အိတ် ၄၀၀၊ စုစုပေါင်း အိတ်ရေ ၄၁၆၁၆၊ တန်အားဖြင့် ၂၀၈၁ တန် စီးထွက်ခဲ့ကြောင်း သိရသည်။


 DOCA (စစ်ကိုင်း)