ရှမ်းမြေပဲအဝင်လှိုင်
ရှမ်းမြေပဲအဝင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးဈေးကွက်သို့ မြေပဲများ အဝင်လှိုင် လာပေမဲ့ ဈေးမာနေပါတယ်။ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ မိုင်းရှုး၊ မိုးနဲ မောက်မယ်စတဲ့ နယ်စုံမှ မြေပဲများဝင်ရောက်လျက်ရှိပါတယ်။ ယခင်တစ်ပတ် မြေပဲတစ်ပိဿာ ၁၆၅ဝ ကျပ်ရှိပြီး၊ ဒီတစ်ပတ်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးဖြင့် ဈေး အနည်းငယ် တက်လာပါတယ်။ မြေပဲအဝင်လှိုင်ပေမဲ့ ကားတင်ခဈေး အနည်းငယ်တက်လို့ ဈေးတက်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ မြေပဲဆီဈေးမှာ အသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်၊ အရောတစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ စောယုထွေး
