၂ဝ၁၁ ခုနှစ်တွင် ဆန်တင်ပို့မှု လျော့ကျသွားမည့် ဗီယက်နမ်

 ၂ဝ၁၁ ခုနှစ်တွင် ဆန်တင်ပို့မှု လျော့ကျသွားမည့် ဗီယက်နမ်                     ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဗီယက်နမ် ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာနက ဗီယက်နမ်စားသောက် ကုန် အသင်းဝင် (Viet Nam Food Association -VFA) မဟုတ်တဲ့ ကုမ္ပဏီများကို ဗီယက်နမ်အစိုးရနဲ့ ကုန်သွယ်ဖက် နိုင်ငံများနဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ် များအတွက် ဆန်တင်ပို့ခွင့်ကို ခွင့်ပြု သွားဖို့ဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိပါတယ်။                     ဥပဒေအသစ်အရ အစိုးရစာချုပ် များကို VFA  အသင်းဝင်များသာ တင်ပို့ခွင့် ပြုထားပါတယ်။ ဥပဒေအသစ် ကဆန်တင်ပို့သူများကို ဆန်ကိုချော မွေ့စွာ တင်ပို့နိုင်ရေးအတွက်ကို ဝန်ကြီး ဌာနမှ မျှော်လင့်လျက်ရှိပါတယ်။ ''၂ဝ၁၁ ခုနှစ်တွင် ဗီယက်နမ်က ၂ဝ၁ဝ ခုနှစ်ကထက် ဆန်တင်ပို့မှုက တန်ချိန် ၇၅ဝဝဝဝ လျော့နည်းသွား ကာ တန်ချိန် ၆ သန်းသာတင်ပို့နိုင်မှာ ဖြစ်ကြောင်း'' VFA  မှခန့်မှန်း လိုက် ပါတယ်။ အာရှနိုင်ငံများကို ပမာဏ ၆၁ ဒသမ ၂၉ ရာခိုင်နှုန်းကို တင်ပို့ဖို့ ရည်မှန်းထားပြီး ၂၉ ရာခိုင်နှုန်းကို အာဖရိက နိုင်ငံများကို တင်ပို့ဖို့ ရည်မှန်း ထားကြောင်း သတင်းရရှိပါတယ်။ ၂ဝ၁ဝ ခုနှစ်တွင် ဗီယက်နမ်ဆန် တင်ပို့မှုမှ တန်ချိန်အနေနဲ့ ၆ ဒသမ ၇၅ သန်းတင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံ စံချိန်တင်ရရှိခဲ့ ကြောင်းနဲ့ ၂ဝ၁ဝ ခုနှစ်အတွက် ဗီယက်နမ် ၅ မှတ် ဆန်ပျမ်းမျှဈေးနှုန်းမှာ ကန်ဒေါ်လာ ၅၁၁ ဖြစ်ပြီး ၂၅ မှတ်ဆန်မှာ ကန်ဒေါ်လာ ၄၉၁ ရှိကြောင်း VFA  အရသိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊  Source:blackseagrain.net.com