၂ဝ၁၁ ခုနှစ်တွင် ဆန်တန်ချိန် ကိုးသိန်းတင်သွင်းမည့် ဘင်္ဂလားဒေ့ရှ်
၂ဝ၁၁ ခုနှစ်တွင် ဆန်တန်ချိန် ကိုးသိန်းတင်သွင်းမည့် ဘင်္ဂလားဒေ့ရှ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်သိုလှောင်ထားမှုမြှင့်တင်နိုင်ဖို့အတွက် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း ဆန်တန်ချိန် ၉ဝဝဝဝဝ ကို တင်သွင်းသွားမှာဖြစ်ပြီး စားသောက်ကုန်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီး Abdur Razzaque မှဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်ပါတယ်။ လူဦးရေ ၁၅ဝ သန်းကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်တွင် ဆန်ကအဓိကစားကုန်ဖြစ်ပြီး ဝန်ကြီးဌာနက ယခင်တုန်းက ဆန်တန်ချိန် သုံးသိန်း တင်သွားဖို့ဆုံးဖြတ်ခဲ့ရာမှ ''ပြည်တွင်းဈေးကွက် တည်ငြိမ်ရေးနဲ့ စားသောက်ကုန် ဖူလုံမှုရှိရေးအတွက် ကောက်ပဲသီးနံှများကို ပိုမိုတင်သွင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း'' ဝန်ကြီးမှ ပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွက် ဂံျုတန်ချိန် ၇၅ဝဝဝဝ တင်သွင်းဖို့လျာထားခဲ့ရာမှ နောက်ထပ်တန်ချိန် ၂ဝဝဝဝဝ ကို ထပ်မံတိုးခဲျ့ တင်သွင်းသွားမှာဖြစ်ကြောင်း ဝန်ကြီးမှ ဖြည့်စွက် ပြောကြားလိုက်ပါတယ်။ ဒါ့ပြင် အခြား အဓိက စားကုန်များ ဖြစ်တဲ့ သကြားတန်ချိန် ၂ဝဝဝဝဝ ၊ ပဲပုပ်အကြမ်း တန်ချိန် ၂ဝဝဝဝဝနဲ့ ပဲရာဇာတန်ချိန် ၁ဝဝဝဝ ကိုနိုင်ငံတော်ပိုင်Trading Corporation of Bangladesh (TCB) မှ တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမှလည်း တင်သွင်းသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က အိန္ဒိယမှ ဆန်တန်ချိန် သုံးသိန်းကို ဝယ်ယူဖို့ ကမ်းလှမ်းထားပြီး အိန္ဒိယမှ သဘောမတူခဲ့ရင် ထိုင်းနဲ့ ပါကစ္စတန်တို့မှ တင်သွင်းသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source:brecorder.com
