ပြည်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမြင့်ပြီး မတ်ပဲဈေးအနည်းငယ်ကျလာ
ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်) ပြောင်းလဲမှု ယခင်အပတ် ယခုအပတ်၁ မတ်ပဲ ၁ ပိဿာ ၁၁၅ဝ ၁၁၃၅၂ ပဲတီစိမ်း ၁ ပိဿာ ၁၄ဝဝ ၁၄၂၅၃ ကုလားပဲ ၁ ပိဿာ ၁၃၅ဝ ၁၃၇၅၄ ပဲစင်းငုံနီ(သစ်) ၁ ပိဿာ ၁၂၂၅ ၁၁၅ဝပြည်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမြင့်ပြီး မတ်ပဲဈေးအနည်းငယ်ကျလာ ပဲတီစိမ်း ကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၅ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့တယ် လို့သိရပါတယ်။ မတ်ပဲ(သစ်)တွေ ပြည်အနီးအနား ဇီးအုပ်နဲ့ နတ္တလင်း ရွာများမှ စတင်ဝင်ရောက်နေပြီး အဖွင့်ဈေးက တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်) နဲ့ရောင်းသူကုန်သည်များအရောင်း ရှိနေသလို မတ်ပဲ(ဟောင်း) ကလည်း တစ်ပိဿာ ၁၁၃၅ ကျပ်(တစ် တန်ကို ၆၉၅ဝ၆၂ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားရန်ကုန် ဝယ်လက်အဝယ်ရှိနေပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်ကျလာကြောင်း သိရပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ပုံမှန်အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့် လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်) နဲ့ နေ့စဉ် အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
